လေယာဉ်ပျက်ကျမှုဖြစ်ခဲ့ပြီးနောက် ပြည်ပလေကြောင်းလိုင်း အများစုကို Air India ဖျက်သိမ်း

 288

ရောင်နီ (NP News) - ဇွန် ၂၃

အိန္ဒိယရဲ့အထင်ကရ လေကြောင်းလိုင်းဖြစ်တဲ့ Air India ဟာ ပြီးခဲ့တဲ့သီတင်းပတ်က လူအသေအပျောက် များခဲ့တဲ့လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် သူ့ရဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် အရေအတွက်ကို ယာယီလျှော့ချမယ်လို့ ဆိုပါတယ်။
လူပေါင်း ၂၇၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဇွန်လ ၁၂ ရက်က လေယာဉ်ပျက်ကျမှုနောက်ပိုင်း လေကြောင်း လိုင်းက နိုင်ငံတကာ ဝန်ဆောင်မှု ၁၅ ရာခိုင်နှုန်းထိကို ဇူလိုင်လလယ်အထိ ဖြတ်တောက်လျှော့ချထားတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ဇွန် ၁၈ ရက်နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။ Air India ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယ အာဏာပိုင်တွေက လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်စေဖို့ ညွှန်ကြားပြီးနောက် တစ်ရက်အကြာမှာ ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။ ပျက်ကျမှုဖြစ်ခဲ့တဲ့ လေယာဉ်မော်ဒယ်လ် ဘိုးရင်း 787 Dreamliner လေယာဉ် ၃၃ စင်းကိုလည်း နည်းပညာပိုင်းဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယရဲ့ အဓိက အရပ်ဘက်လေကြောင်း ထိန်းညှိရေးမှူးချုပ်၊ အိန္ဒိယနိုင်ငံ မြို့ပြလေကြောင်း ညွှန်ကြားမှုဦးစီးဌာနကဘေးကင်းရေး စိုးရိမ်စရာမရှိလို့ ဆိုပါတယ်။ ဒါပေမယ့် စည်းကမ်းထိန်းသိမ်းရေးကတော့ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာပြဿနာတွေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
Air India ဟာ India Express အပါအဝင် နိုင်ငံရပ်ခြား ဒါဇင်နဲ့ချီတဲ့ နေရာတွေကို နေ့စဉ် လေကြောင်းခရီးစဉ် ၁,၀၀၀ ခန့် လည်ပတ်နေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး လေယာဉ်ပျက်ကျပြီးကတည်းက ခရီးစဉ် ၈၀ ကျော်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေလယာဥ္ပ်က္က်မႈျဖစ္ခဲ့ၿပီးေနာက္ ျပည္ပေလေၾကာင္းလိုင္း အမ်ားစုကို Air India ဖ်က္သိမ္း
ေရာင္နီ (NP News) - ဇြန္ ၂၃
အိႏၵိယရဲ႕အထင္ကရ ေလေၾကာင္းလိုင္းျဖစ္တဲ့ Air India ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က လူအေသအေပ်ာက္ မ်ားခဲ့တဲ့ေလယာဥ္ပ်က္က်မႈနဲ႔ပတ္သက္ၿပီး နည္းပညာပိုင္းဆိုင္ရာ စစ္ေဆးမႈေတြျပဳလုပ္ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္ အေရအတြက္ကို ယာယီေလွ်ာ့ခ်မယ္လို႔ ဆိုပါတယ္။
လူေပါင္း ၂၇၀ ထက္မနည္း ေသဆုံးခဲ့ရတဲ့ ဇြန္လ ၁၂ ရက္က ေလယာဥ္ပ်က္က်မႈေနာက္ပိုင္း ေလေၾကာင္း လိုင္းက ႏိုင္ငံတကာ ဝန္ေဆာင္မႈ ၁၅ ရာခိုင္ႏႈန္းထိကို ဇူလိုင္လလယ္အထိ ျဖတ္ေတာက္ေလွ်ာ့ခ်ထားတယ္လို႔ ဆိုရွယ္မီဒီယာ X မွာ ဇြန္ ၁၈ ရက္ေႏွာင္းပိုင္းက ေျပာၾကားခဲ့ပါတယ္။ Air India ရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ အိႏၵိယ အာဏာပိုင္ေတြက လုပ္ငန္းလည္ပတ္မႈ ပိုမိုေကာင္းမြန္ေစဖို႔ ၫႊန္ၾကားၿပီးေနာက္ တစ္ရက္အၾကာမွာ ထြက္ေပၚလာ ျခင္းျဖစ္ပါတယ္။ ပ်က္က်မႈျဖစ္ခဲ့တဲ့ ေလယာဥ္ေမာ္ဒယ္လ္ ဘိုးရင္း 787 Dreamliner ေလယာဥ္ ၃၃ စင္းကိုလည္း နည္းပညာပိုင္းဆိုင္ရာစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး အိႏၵိယရဲ႕ အဓိက အရပ္ဘက္ေလေၾကာင္း ထိန္းညႇိေရးမႉးခ်ဳပ္၊ အိႏၵိယႏိုင္ငံ ၿမိဳ႕ျပေလေၾကာင္း ၫႊန္ၾကားမႈဦးစီးဌာနကေဘးကင္းေရး စိုးရိမ္စရာမရွိလို႔ ဆိုပါတယ္။ ဒါေပမယ့္ စည္းကမ္းထိန္းသိမ္းေရးကေတာ့ ျပဳျပင္ထိန္းသိမ္းေရးဆိုင္ရာျပႆနာေတြ ေတြ႕ရွိခဲ့တယ္လို႔ဆိုပါတယ္။
Air India ဟာ India Express အပါအဝင္ ႏိုင္ငံရပ္ျခား ဒါဇင္နဲ႔ခ်ီတဲ့ ေနရာေတြကို ေန႔စဥ္ ေလေၾကာင္းခရီးစဥ္ ၁,၀၀၀ ခန႔္ လည္ပတ္ေနတဲ့ ေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီး ေလယာဥ္ပ်က္က်ၿပီးကတည္းက ခရီးစဥ္ ၈၀ ေက်ာ္ကို ဖ်က္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.