တောင်ကိုရီးယားတိုက်ခိုက်ခံရလျှင် အမေရိကန်က မြောက်ကိုရီးယားကို တိုက်ခိုက်လိမ့်မည်ဟုဆို

88

Pika (NP News) - ဇွန် ၂၂
မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နျူကလီးယားတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့မည် ဆိုပါက အမေရိကန်က မြောက်ကိုရီးယားကို နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း တောင်ကိုရီးယား၏ သူလျှိုအေဂျင်စီဒါရိုက်တာအဖြစ် လျာထားခံရသူ Lee Jong-seok က ထုတ်ပြန် ပြောကြားခဲ့ သည်။
Lee Jong-seok သည် သူလျှိုအေဂျင်စီ ဒါရိုက်တာအတွက် အမည် စာရင်းတင်သွင်းမှု ကြားနာမှုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြားနာမှုအတွင်း မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ဖြန့်ကြက်ချထားမည်ဆိုပါက အမေရိကန်ကမြောက်ကိုရီးယားကို တိုက်ခိုက်မှုများ လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်သလားဆိုသည့်မေးခွန်းများကို Lee Jong seok က တုံ့ပြန်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Lee Jong-seok က “ဟုတ်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်” ဟု ပြော ဆိုခဲ့သည်။ ထို့ပြင် တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏နျူကလီးယားတိုက်ခိုက်မှုကို ခံရနိုင်သည် ဆိုသည့် အတွေးအမြင်ယူဆချက်သည် အမေရိကန်နှင့်တောင်ကိုရီးယားကြား လုံခြုံရေးမဟာမိတ်အဖွဲ့ နှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း Lee Jong-seok က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် နျူကလီးယားအစီအစဉ်ကို နှစ်ပေါင်းများစွာကြာအောင် လိုက်စားခဲ့ပြီး နျူကလီးယားလက်နက်များ တည်ဆောက်ရန်အတွက် နျူကလီးယားလက်နက်များနှင့် သက်ဆိုင်သည့်ပစ္စည်းများ ကို သိုလှောင်ထားသည်ဟု ယုံကြည်ရသော်လည်း လက်ရှိအချိန်အထိ အဆိုပါ လက်နက်မျိုးကို စမ်းသပ်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version:
ေတာင္ကိုရီးယားတိုက္ခိုက္ခံရလွ်င္ အေမရိကန္က ေျမာက္ကိုရီးယားကို တိုက္ခိုက္လိမ့္မည္ဟုဆို
Pika (NP News) - ဇြန္ ၂၂
ေျမာက္ကိုရီးယားက ေတာင္ကိုရီးယားအေပၚ န်ဴကလီးယားတိုက္ခိုက္မႈတစ္ခု လုပ္ေဆာင္ခဲ့မည္ ဆိုပါက အေမရိကန္က ေျမာက္ကိုရီးယားကို န်ဴကလီးယားလက္နက္မ်ားျဖင့္ တိုက္ခိုက္သြားလိမ့္မည္ဟု ယုံၾကည္ေၾကာင္း ေတာင္ကိုရီးယား၏ သူလွ်ိဳေအဂ်င္စီဒါ႐ိုက္တာအျဖစ္ လ်ာထားခံရသူ Lee Jong-seok က ထုတ္ျပန္ ေျပာၾကားခဲ့ သည္။
Lee Jong-seok သည္ သူလွ်ိဳေအဂ်င္စီ ဒါ႐ိုက္တာအတြက္ အမည္ စာရင္းတင္သြင္းမႈ ၾကားနာမႈအတြင္း ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ၾကားနာမႈအတြင္း ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္မ်ားကို ျဖန႔္ၾကက္ခ်ထားမည္ဆိုပါက အေမရိကန္ကေျမာက္ကိုရီးယားကို တိုက္ခိုက္မႈမ်ား လုပ္ေဆာင္လိမ့္မည္ဟု ယုံၾကည္သလားဆိုသည့္ေမးခြန္းမ်ားကို Lee Jong seok က တုံ႔ျပန္ေျဖၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
Lee Jong-seok က “ဟုတ္ပါတယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ယုံၾကည္ခ်က္ပဲျဖစ္ပါတယ္” ဟု ေျပာ ဆိုခဲ့သည္။ ထို႔ျပင္ ေတာင္ကိုရီးယားသည္ ေျမာက္ကိုရီးယား၏န်ဴကလီးယားတိုက္ခိုက္မႈကို ခံရႏိုင္သည္ ဆိုသည့္ အေတြးအျမင္ယူဆခ်က္သည္ အေမရိကန္ႏွင့္ေတာင္ကိုရီးယားၾကား လုံၿခဳံေရးမဟာမိတ္အဖြဲ႕ ႏွင့္ တိုက္႐ိုက္ သက္ဆိုင္ေၾကာင္း Lee Jong-seok က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ေျမာက္ကိုရီးယားအစိုးရသည္ န်ဴကလီးယားအစီအစဥ္ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ လိုက္စားခဲ့ၿပီး န်ဴကလီးယားလက္နက္မ်ား တည္ေဆာက္ရန္အတြက္ န်ဴကလီးယားလက္နက္မ်ားႏွင့္ သက္ဆိုင္သည့္ပစၥည္းမ်ား ကို သိုေလွာင္ထားသည္ဟု ယုံၾကည္ရေသာ္လည္း လက္ရွိအခ်ိန္အထိ အဆိုပါ လက္နက္မ်ိဳးကို စမ္းသပ္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။