လစ်ဗျားနိုင်ငံရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခုလား

 616

ALynn (NP News) - မတ် ၁၇

နှစ်အတန်ကြာ တိုက်ပွဲများ နှင့် စစ်ပွဲများ အပြီးတွင် လစ်ဗျားသည် နိုင်ငံရေးအရ တိုးတက်မှုများကို ရှာဖွေလိုပုံရ သည်။ ပြည်တွင်းသတင်းစာ Libya Observer ၏ အဆိုအရ လစ်ဗျား အဆင့်မြင့်နိုင်ငံရေးသမားများသည် ညီညွတ်သောအစိုးရနှင့် ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲအတွက် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကိုင်ရိုတွင် တွေ့ဆုံ ခဲ့ကြသည်။

အာရပ်အဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ လစ်ဗျားသမ္မတ Mohamed Yunus al-Menfi လည်း တက်ရောက်ခဲ့သည်။ အခြားပါဝင်သူများမှာ အစိုးရအတိုက်အခံအဖြစ် သတ်မှတ်ခံထားရသော သြဇာကြီး သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ Aguila Saleh နှင့် ဗဟိုကောင်စီဥက္ကဋ္ဌ Mohammed Takala တို့ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းနှင့် လစ်ဗျားရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင်အား ပံ့ပိုးကူညီရန် ၎င်းညှိနှိုင်းရေးအဖွဲ့မှ တောင်းဆိုခဲ့သည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက လစ်ဗျား၏ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက် ပွဲများ ကျင်းပရန် ရည်ရွယ်ချက်အား ထောက်ခံအားပေးခဲ့သည်။

သို့သော်လည်း လေ့လာသူများက ယခုအချိန်အထိ ဤအဆင့်များသည် ကြေညာချက်များသာဖြစ်ကြောင်း ထောက်ပြကြသည်။ အိမ်နီးချင်း တူနီးရှားရှိ ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်း၏ လစ်ဗျားရုံးအကြီးအကဲ Salam Said က "စစ်မှန်သော အောင်မြင်မှုများ အပေါ် သံသယဝင်မိပါကြောင်း၊ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့သည် ညီညွတ်သည့်အစိုးရတောင်မှ စီစဉ်ထားပြီးသား ရွေးကောက်ပွဲများကို ကျင်းပဖို့ အောင်မြင်မှုမရခဲ့ကြောင်း” ပြောသည်။

၎င်း၏ အမြင်အရ ပြည်နယ်နှင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားပြုသူများသည် သီအိုရီအရ ညီညွတ်သော အစိုးရ တစ်ရပ်ပေါ်ပေါက်ဖို့ မျှော်မှန်းကြသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် မူလရရှိပြီးသား ၎င်းတို့၏ ရာထူး များကို ထိခိုက်စေနိုင်သောကြောင့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲတွေကို လေးနက်စွာ စိတ်ဝင်စားမှုမရှိကြောင်း သုံးသပ်ကြသည်။

လစ်ဗျားပြည်သူများသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ ရွေးကောက်ပွဲများအပေါ် စိတ်ပျက် အားလျော့နေကြ ပြီဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်များသည်လည်း ပြည်သူ့အကျိုးထက် အာဏာရ ရေးကိုသာ အားထုတ်နေကြသည်။ စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဆူဒန်တွင် ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်း ဆိုက်ရောက်ခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ဝ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့တွင် အာဏာသိမ်းမှုများကြောင့် ဆူဒန်အကျပ်အတည်းသည် ပိုမိုဆိုးရွား လာခဲ့သည်။ လစ်ဗျားတွင် နိုင်ငံရေးအပြောင်းအလဲများကို ဆောင်ရွက်လိုသော်လည်း ယနေ့အထိ ရွေးကောက်ပွဲ ဥပဒေနှင့်ပတ်သက်၍ သဘောတူညီမှုမရကြသေးပေ။

Zawgyi Version;
လစ္ဗ်ားႏိုင္ငံေရးအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သစ္တစ္ခုလား
ALynn (NP News) - မတ္ ၁၇

ႏွစ္အတန္ၾကာ တိုက္ပြဲမ်ား ႏွင့္ စစ္ပြဲမ်ား အၿပီးတြင္ လစ္ဗ်ားသည္ ႏိုင္ငံေရးအရ တိုးတက္မႈမ်ားကို ရွာေဖြလိုပုံရ သည္။ ျပည္တြင္းသတင္းစာ Libya Observer ၏ အဆိုအရ လစ္ဗ်ား အဆင့္ျမင့္ႏိုင္ငံေရးသမားမ်ားသည္ ညီၫြတ္ေသာအစိုးရႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာေဆြးေႏြးပြဲအတြက္ ၿပီးခဲ့သည့္သီတင္းပတ္ကုန္က ကိုင္႐ိုတြင္ ေတြ႕ဆုံ ခဲ့ၾကသည္။

အာရပ္အဖြဲ႕ခ်ဳပ္က စီစဥ္ က်င္းပသည့္ အဆိုပါအစည္းအေဝးသို႔ လစ္ဗ်ားသမၼတ Mohamed Yunus al-Menfi လည္း တက္ေရာက္ခဲ့သည္။ အျခားပါဝင္သူမ်ားမွာ အစိုးရအတိုက္အခံအျဖစ္ သတ္မွတ္ခံထားရေသာ ၾသဇာႀကီး သည့္ ေအာက္လႊတ္ေတာ္ဥကၠ႒ Aguila Saleh ႏွင့္ ဗဟိုေကာင္စီဥကၠ႒ Mohammed Takala တို႔ျဖစ္သည္။ ႏိုင္ငံတကာအသိုက္အဝန္းႏွင့္ လစ္ဗ်ားရွိ ကုလသမဂၢ ေထာက္ပံ့ေရးမစ္ရွင္အား ပံ့ပိုးကူညီရန္ ၎ညႇိႏႈိင္းေရးအဖြဲ႕မွ ေတာင္းဆိုခဲ့သည္။ အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လစ္ဗ်ား၏ သမၼတေ႐ြးေကာက္ပြဲႏွင့္ ပါလီမန္ ေ႐ြးေကာက္ ပြဲမ်ား က်င္းပရန္ ရည္႐ြယ္ခ်က္အား ေထာက္ခံအားေပးခဲ့သည္။

သို႔ေသာ္လည္း ေလ့လာသူမ်ားက ယခုအခ်ိန္အထိ ဤအဆင့္မ်ားသည္ ေၾကညာခ်က္မ်ားသာျဖစ္ေၾကာင္း ေထာက္ျပၾကသည္။ အိမ္နီးခ်င္း တူနီးရွားရွိ ဂ်ာမန္ Friedrich Ebert ေဖာင္ေဒးရွင္း၏ လစ္ဗ်ား႐ုံးအႀကီးအကဲ Salam Said က "စစ္မွန္ေသာ ေအာင္ျမင္မႈမ်ား အေပၚ သံသယဝင္မိပါေၾကာင္း၊ ၂၀၂၁ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့သည္ ညီၫြတ္သည့္အစိုးရေတာင္မွ စီစဥ္ထားၿပီးသား ေ႐ြးေကာက္ပြဲမ်ားကို က်င္းပဖို႔ ေအာင္ျမင္မႈမရခဲ့ေၾကာင္း” ေျပာသည္။

၎၏ အျမင္အရ ျပည္နယ္ႏွင့္ လႊတ္ေတာ္ႏွစ္ရပ္မွ ကိုယ္စားျပဳသူမ်ားသည္ သီအိုရီအရ ညီၫြတ္ေသာ အစိုးရ တစ္ရပ္ေပၚေပါက္ဖို႔ ေမွ်ာ္မွန္းၾကသည္။ သို႔ေသာ္ လက္ေတြ႕တြင္ ၎တို႔သည္ မူလရရွိၿပီးသား ၎တို႔၏ ရာထူး မ်ားကို ထိခိုက္ေစႏိုင္ေသာေၾကာင့္ သမၼတေ႐ြးေကာက္ပြဲႏွင့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြကို ေလးနက္စြာ စိတ္ဝင္စားမႈမရွိေၾကာင္း သုံးသပ္ၾကသည္။

လစ္ဗ်ားျပည္သူမ်ားသည္ ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းမွစ၍ ေ႐ြးေကာက္ပြဲမ်ားအေပၚ စိတ္ပ်က္ အားေလ်ာ့ေနၾက ၿပီျဖစ္ၿပီး ႏိုင္ငံေရးေခါင္းေဆာင္မ်ားသည္လည္း ျပည္သူ႔အက်ိဳးထက္ အာဏာရ ေရးကိုသာ အားထုတ္ေနၾကသည္။ စစ္ပြဲ၏ ေနာက္ဆက္တြဲ အက်ိဳးဆက္အေနျဖင့္ ဆူဒန္တြင္ ကမာၻ႔အႀကီးဆုံး အိုးမဲ့အိမ္မဲ့ အက်ပ္အတည္း ဆိုက္ေရာက္ခဲ့ရၿပီး ျပည္တြင္းေနရပ္စြန႔္ခြာသူ ၁ဝ သန္းအထိ ရွိလာခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ဂ်ာ၊ မာလီႏွင့္ ဘာကီနာဖာဆိုတို႔တြင္ အာဏာသိမ္းမႈမ်ားေၾကာင့္ ဆူဒန္အက်ပ္အတည္းသည္ ပိုမိုဆိုး႐ြား လာခဲ့သည္။ လစ္ဗ်ားတြင္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားကို ေဆာင္႐ြက္လိုေသာ္လည္း ယေန႔အထိ ေ႐ြးေကာက္ပြဲ ဥပေဒႏွင့္ပတ္သက္၍ သေဘာတူညီမႈမရၾကေသးေပ။

Related news

© 2021. All rights reserved.