ပြည်ထောင်စုအဆင့် NGO နှင့် INGO ပေါင်း ၁၅၀ဝ ကျော်ထဲမှ ထက်ဝက်ကျော်ထက်မနည်း မှတ်ပုံတင် ပြန်မတင်ဘဲ ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေ

6015

Iris (NP News) - မတ် ၃၁
မြန်မာနိုင်ငံတွင်း၌ လာရောက်လုပ်ကိုင်နေသော ပြည်ထောင်စုအဆင့် INGO အဖွဲ့(၂၀ဝ)နီးပါး နှင့် NGO အဖွဲ့ (၁၄၀ဝ) နီးပါးထဲမှ ထက်ဝက်မျှမကသော အဖွဲ့အစည်းများက ပြန်လည်မှတ်ပုံတင်ခြင်းမရှိဘဲ တရားမဝင်အဖွဲ့ အစည်းဆန်ဆန် ရပ်တည်လှုပ်ရှား နေကြကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာမပေါ်ပေါက်ခင်အထိ ပြည်တွင်းအခြေစိုက် NGO နှင့် INGO ပေါင်း ၁၅၀ဝ ကျော်ရှိ ထားသည့်အထဲမှ အများစုက လက်ရှိအစိုးရ၏ သတ်မှတ်ချက်စံနှုန်းများကို လိုက်နာလိုခြင်းမရှိသောကြောင့် ဟုဆို ကာ ပြန်လည်မှတ်ပုံတင်ခြင်းမပြုဘဲ ဝေ့လည်ကြောင်ပတ် လုပ်ဆောင်နေကြခြင်းမျိုးဖြစ်ကြောင်း ကြားသိရသည်။
‘အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့ INGO တွေပေါ့။ တချို့က သက်တမ်းကျန်နေသေးတယ်။ သက်တမ်း ကျန်နေသူတွေက ငြိမ်နေတယ်။ အဓိကကတော့ သပိတ်မှောက်(ဘွိုင့်ကော့) တာပေါ့။ တစ်သင်း နှစ်သင်းလောက် ကတော့ ဖျက်သိမ်းခွင့်တွေတင်ကြတယ်။ တချို့တွေကတော့ ဘာလှုပ်ရှားမှုမှမရှိတော့ဘူး’ဟု လုပ်ငန်းဆက်စပ်သူ သတင်းရင်းမြစ်က NPNews ကို ပြောသည်။
ယခင်က ပြည်ထောင်စုအဆင့် NGO ပေါင်း ၁၃၈၅ သင်းထက်မနည်းရှိခဲ့ပြီး INGO မှာလည်း ၁၉၄ သင်း ထက်မနည်းရှိခဲ့ကြောင်း၊ ယင်းအထဲမှ နစက၏ အသင်းအဖွဲ့ဥပဒေ ၂၀၂၂ ထွက်ရှိပြီး ချိန်နောက်ပိုင်းတွင် ပြန်လည် မှတ်ပုံတင်ခဲ့သည့်အရေအတွက် နည်းပါးသွားခဲ့ခြင်းမျိုးဖြစ်သည်။ ဥပဒေသစ်ထွက်ရှိပြီးသည့်နောက်တွင် INGO အဖွဲ့ပေါင်း (၈၃၀)ကျော်က သက်တမ်းကုန်နေ သည့်အတွက် ပြန်လည်မှတ်ပုံတင်ရန်လိုအပ်နေခဲ့ပြီး INGO များထဲတွင် အဖွဲ့ပေါင်း (၁၂၀)ကျော် သက်တမ်းကုန် နေခဲ့ကြပြီဖြစ်ကြောင်းသိရသည်။
အခြားသော NGO အဖွဲ့ပေါင်း(၅၄၀)ကျော်က ယခင်ဥပဒေ ဟောင်းအောက်တွင် သက်တမ်းမကုန်သေးဘဲ ကျန်ရှိနေခဲ့ပြီး INGO ပေါင်း (၆၀)ကျော်ကလည်း သက်တမ်း ကျန်နေသေးသည်ဟု သိရသည်။ ‘ဥပဒေထွက်ပြီး တစ်နှစ်ကျော်အတွင်းမှာ ပြန်လည်လျှောက်ထားတဲ့ အသင်းအဖွဲ့က NGO ဆိုရင် ခန့်မှန်းခြေ (၈၀)လောက်ရှိမယ်။ INGO တွေကတော့ ခန့်မှန်းခြေ (၃၀)လောက်က ပြန်လည် လျှောက်ထား မှတ်ပုံတင်ကြတယ်’ဟု သတင်းရင်းမြစ်ကအတည်ပြုသည်။ မှတ်ပုံပြန်မတင်ဘဲ အချိန်ဆွဲနေကြသော NGO နှင့် INGO အသင်းအဖွဲ့များမှာ ၂၀၂၂ ခုနှစ် အောက်တို ဘာလကထုတ်ပြန်ခဲ့သော နစက၏ အသင်းအဖွဲ့အစည်းမျဉ်းများကို လက်မခံနိုင်သော ကြောင့်ဖြစ်နိုင်ကြောင်း၊ အဓိက လက်မခံနိုင်သောအချက်များမှာ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များအစရှိသည့် ဥပဒေပုဒ်မခေါင်းစဉ်များကို လက်မခံ နိုင်ကြခြင်းမျိုးဖြစ်နိုင်ကြောင်း ဆိုသည်။
‘ NGO ၊ INGO တွေက စာချုပ်သက်တမ်းတွေနဲ့ လုပ်ရတာတွေရှိတယ်။ စည်းကမ်းသတ်မှတ်ချက်တွေက တင်းကျပ် လွန်းတယ်လို့ ခံစားရတယ်။ အချက်အလက်တွေ အကုန်ပေးဖို့ကျတော့ ခက်ခဲတာတွေရှိတယ်’ ဟု ကုလသမဂ္ဂ လက်အောက်ရှိ NGO တစ်ခုတွင် အလုပ်လုပ်နေသူ ဆရာဝန်တစ်ဦးကပြောသည်။ တခြားတစ်ဖက်မှ ကြည့်ပါက ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွင် အသင်းအဖွဲ့များကို ထိန်းကျောင်းသည့်အချက်များ ထည့်သွင်းခဲ့ခြင်းမရှိဘဲ ထင်တိုင်းကျဲလုပ် ပိုင်ခွင့်ပေးခဲ့သည့်သဘောမျိုးဖြစ်ခဲ့ ကြောင်း သိရသည်။
အသင်းအဖွဲ့များအနေဖြင့် အခွင့်အရေးရယူလိုမှုကိုသာ ဦးစားပေးခဲ့ပြီး တာဝန်ယူမှုတာဝန်ခံမှုအပိုင်းကို မည်သူမှ လက်ခံလိုခြင်းမရှိခဲ့ကြကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ၂၀ဝ၈ ဖွဲ့စည်းပုံအတွင်း၌လည်း လွတ်လပ်စွာထူထောင်ခွင့်ပြုထားသည့်တိုင် မှတ်ပုံတင်ရမည်ဆိုသောအချက်ကို ထည့်သွင်းသတ်မှတ်ခံရခြင်းမရှိ ကြောင်း၊ ၂၀၁၇-၁၈ မှစ၍ နိုင်ငံတကာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်မှုအဖွဲ့ FATA ၏ အကြံပြုချက်အရ ငွေကြေးခဝါချမှုနှင့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို တားဆီးကာကွယ်ရန် အသင်းအဖွဲ့ဥပေဒအသစ်လို အပ်လာခြင်းမျိုးဖြစ်ကြောင်းသိရသည်။
ယင်းအတွက်ကြောင့် မြန်မာနိုင်ငံတွင်း၌ NGO နှင့် INGO များထံမှတစ်ဆင့် တရားမဝင်ငွေကြေးစီးဆင်းမှုများ မြင့်တက်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို အခြေခံကာ လက်ရှိအစိုးရက အသင်းအဖွဲ့ဥပဒေအသစ်ကို ၂၀၂၂ ခုနှစ် တွင် ထပ်ဆင့်ပြဋ္ဌာန်းခဲ့ရခြင်းမျိုးဖြစ် သည်ဟု သတင်းရင်းမြစ်တို့ကဆိုသည်။ ‘INGO တွေဆိုရင် မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတဲ့ အချက်မျိုးတွေက ထပ်ဖြည့်တာမျိုးတွေဖြစ်လာတယ်’ ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိအချိန်အထိ ပြန်လည်မှတ်ပုံတင်ခြင်းမရှိကြသော နိုင်ငံတကာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအနေဖြင့် တာဝန်ခံမှုအပိုင်းတွင် မည်သူမှ တာဝန်ခံလိုခြင်းမရှိကြကြောင်း၊ စည်းကမ်းသတ်မှတ်ချက်ပါ အချက်အလက်အချို့ ကို ၎င်းတို့က လိုက်ပါလုပ်ဆောင်လိုခြင်းမရှိကြကြောင်း ကြားသိရသည်။
အထူးသဖြင့် NGO သို့မဟုတ် INGO တစ်ခု မှတ်ပုံတင်မည်ဆိုပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝပ တ်ဝန်းကျင် အစရှိသော ခေါင်းစဉ်တစ်ခုခုကို ရွေးချယ်ရမည်ဖြစ်သကဲ့သို့ ၎င်းနှင့်သက်ဆိုင်သောဝန်ကြီးဌာနက ထောက်ခံချက် ပေးမှသာလျှင် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်ဆိုသော သတ်မှတ်ချက်မျိုး လည်း ပါဝင်နေသည်။ ယင်းအတွက်ကြောင့်လည်း အချို့သော အသင်းအဖွဲ့များမှာ မှတ်ပုံပြန်လည်တင်ခြင်းမရှိ သေးဘဲ ခိုးကြောင်ခိုး ဝှက်သဘောမျိုးဆန်ဆန် လှုပ်ရှားနေမှုများရှိနေကြောင်း ကြားသိရသည်။
‘ဝန်ကြီးဌာနတွေကျတော့ အရင်တုန်းကဆိုရင် အသင်းတစ်ခုခုကို ထောက်ခံပါသည်လို့ ရေးပေးစရာမလိုဘူး။ ကန့်ကွက်ရန်မရှိပါလို့ ရေးရင် အသင်းအဖွဲ့စည်းမျဉ်းအရ ခွင့်ပြုပေးလို့ရသွားပါပြီ။ အခုကျတော့ ကန့်ကွက်ရန်မရှိပါ နဲ့မရတော့ဘူး။ ထောက်ခံပါသည်လို့ ရေးမှရမယ်။ ဒီတော့ဝန်ကြီးဌာနတွေက တော်ရုံတန်ရုံနဲ့ မထောက်ခံရဲတော့ ဘူး။ ထောက်ခံရင် ပြဿနာတက်တာနဲ့ ထောက်ခံသူတွေပါ ပါသွားပြီလေ။ ဒါကို ကြောက်ကြတော့ အသင်း အဖွဲ့အသစ်တွေ ထပ်လျှောက်လာရင်တောင် အခက်အခဲတွေ တွေ့ကုန်တာပေါ့’ဟု သတင်းရင်းမြစ်က ပြောကြား သည်။
မြန်မာနိုင်ငံတွင်း၌ ၂၀၂၁ မတိုင်မီအထိ လာရောက်အလုပ်လုပ်ကိုင်နေသော ပြည်ထောင်စုအဆင့် NGO ၊ INGO များကို ငွေကြေးရှုထောင့် တစ်ခုတည်းမှ လေ့လာကြည့်မည်ဆိုလျှင်ပင် အသင်းအဖွဲ့တစ်ခု၏ အနည်းဆုံး ကိုင်တွယ် သုံးစွဲငွေ ဒေါ်လာ တစ်သန်းထက်မနည်း ရှိနေမည်ဖြစ်သည့်အတွက် အဖွဲ့ပေါင်း ၁၅၀ဝ ကျော်က သုံးစွဲကြမည့်ငွေမှာ အနည်းဆုံး ဒေါ်လာ တစ်ဘီလျံ ကျော်ရှိနေမည်ဖြစ်သည်။ အမှန်တကယ်အားဖြင့် အဖွဲ့ပေါင်း ၁၅၀ဝ ကျော်က မည်သို့မည်ပုံ သုံးစွဲနေသည်မသိသော နိုင်ငံခြားငွေမှာ တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာတစ်ဘီလျံခွဲမှ ၅ ဘီလျံ ထက်မနည်းရှိခဲ့ လိမ့်မည်ဟု မှန်းဆစရာရှိနေပြီး ယင်းငွေကြေးများက မြန်မာနိုင်ငံ၏ နိုင်ငံရေးထဲတွင် မည်သည့် ပမာဏအထိ ပါဝင်ပတ်သက်သွားခဲ့သည်ဆိုသောအချက်မှာ စိတ်ဝင်စားဖွယ်ရာနှင့် စောင့်ကြည့်ချင်စရာလည်း ဖြစ်နေသည်။

Zawgyi Version;
ျပည္ေထာင္စုအဆင့္ NGO ႏွင့္ INGO ေပါင္း ၁၅၀ဝ ေက်ာ္ထဲမွ ထက္ဝက္ေက်ာ္ထက္မနည္း မွတ္ပုံတင္ ျပန္မတင္ဘဲ ခိုးေၾကာင္ခိုးဝွက္ လႈပ္ရွားေန
Iris (NP News) - မတ္ ၃၁
ျမန္မာႏိုင္ငံတြင္း၌ လာေရာက္လုပ္ကိုင္ေနေသာ ျပည္ေထာင္စုအဆင့္ INGO အဖြဲ႕(၂၀ဝ)နီးပါး ႏွင့္ NGO အဖြဲ႕ (၁၄၀ဝ) နီးပါးထဲမွ ထက္ဝက္မွ်မကေသာ အဖြဲ႕အစည္းမ်ားက ျပန္လည္မွတ္ပုံတင္ျခင္းမရွိဘဲ တရားမဝင္အဖြဲ႕ အစည္းဆန္ဆန္ ရပ္တည္လႈပ္ရွား ေနၾကေၾကာင္း စုံစမ္းသိရွိရသည္။
၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျပႆနာမေပၚေပါက္ခင္အထိ ျပည္တြင္းအေျခစိုက္ NGO ႏွင့္ INGO ေပါင္း ၁၅၀ဝ ေက်ာ္ရွိ ထားသည့္အထဲမွ အမ်ားစုက လက္ရွိအစိုးရ၏ သတ္မွတ္ခ်က္စံႏႈန္းမ်ားကို လိုက္နာလိုျခင္းမရွိေသာေၾကာင့္ ဟုဆို ကာ ျပန္လည္မွတ္ပုံတင္ျခင္းမျပဳဘဲ ေဝ့လည္ေၾကာင္ပတ္ လုပ္ေဆာင္ေနၾကျခင္းမ်ိဳးျဖစ္ေၾကာင္း ၾကားသိရသည္။
‘အစိုးရမဟုတ္တဲ့ ႏိုင္ငံတကာအသင္းအဖြဲ႕ INGO ေတြေပါ့။ တခ်ိဳ႕က သက္တမ္းက်န္ေနေသးတယ္။ သက္တမ္း က်န္ေနသူေတြက ၿငိမ္ေနတယ္။ အဓိကကေတာ့ သပိတ္ေမွာက္(ဘြိဳင့္ေကာ့) တာေပါ့။ တစ္သင္း ႏွစ္သင္းေလာက္ ကေတာ့ ဖ်က္သိမ္းခြင့္ေတြတင္ၾကတယ္။ တခ်ိဳ႕ေတြကေတာ့ ဘာလႈပ္ရွားမႈမွမရွိေတာ့ဘူး’ဟု လုပ္ငန္းဆက္စပ္သူ သတင္းရင္းျမစ္က NPNews ကို ေျပာသည္။
ယခင္က ျပည္ေထာင္စုအဆင့္ NGO ေပါင္း ၁၃၈၅ သင္းထက္မနည္းရွိခဲ့ၿပီး INGO မွာလည္း ၁၉၄ သင္း ထက္မနည္းရွိခဲ့ေၾကာင္း၊ ယင္းအထဲမွ နစက၏ အသင္းအဖြဲ႕ဥပေဒ ၂၀၂၂ ထြက္ရွိၿပီး ခ်ိန္ေနာက္ပိုင္းတြင္ ျပန္လည္ မွတ္ပုံတင္ခဲ့သည့္အေရအတြက္ နည္းပါးသြားခဲ့ျခင္းမ်ိဳးျဖစ္သည္။ ဥပေဒသစ္ထြက္ရွိၿပီးသည့္ေနာက္တြင္ INGO အဖြဲ႕ေပါင္း (၈၃၀)ေက်ာ္က သက္တမ္းကုန္ေန သည့္အတြက္ ျပန္လည္မွတ္ပုံတင္ရန္လိုအပ္ေနခဲ့ၿပီး INGO မ်ားထဲတြင္ အဖြဲ႕ေပါင္း (၁၂၀)ေက်ာ္ သက္တမ္းကုန္ ေနခဲ့ၾကၿပီျဖစ္ေၾကာင္းသိရသည္။
အျခားေသာ NGO အဖြဲ႕ေပါင္း(၅၄၀)ေက်ာ္က ယခင္ဥပေဒ ေဟာင္းေအာက္တြင္ သက္တမ္းမကုန္ေသးဘဲ က်န္ရွိေနခဲ့ၿပီး INGO ေပါင္း (၆၀)ေက်ာ္ကလည္း သက္တမ္း က်န္ေနေသးသည္ဟု သိရသည္။ ‘ဥပေဒထြက္ၿပီး တစ္ႏွစ္ေက်ာ္အတြင္းမွာ ျပန္လည္ေလွ်ာက္ထားတဲ့ အသင္းအဖြဲ႕က NGO ဆိုရင္ ခန႔္မွန္းေျခ (၈၀)ေလာက္ရွိမယ္။ INGO ေတြကေတာ့ ခန႔္မွန္းေျခ (၃၀)ေလာက္က ျပန္လည္ ေလွ်ာက္ထား မွတ္ပုံတင္ၾကတယ္’ဟု သတင္းရင္းျမစ္ကအတည္ျပဳသည္။ မွတ္ပုံျပန္မတင္ဘဲ အခ်ိန္ဆြဲေနၾကေသာ NGO ႏွင့္ INGO အသင္းအဖြဲ႕မ်ားမွာ ၂၀၂၂ ခုႏွစ္ ေအာက္တို ဘာလကထုတ္ျပန္ခဲ့ေသာ နစက၏ အသင္းအဖြဲ႕အစည္းမ်ဥ္းမ်ားကို လက္မခံႏိုင္ေသာ ေၾကာင့္ျဖစ္ႏိုင္ေၾကာင္း၊ အဓိက လက္မခံႏိုင္ေသာအခ်က္မ်ားမွာ စီမံခန႔္ခြဲေရး နည္းလမ္းအရအေရးယူျခင္း၊ တားျမစ္ခ်က္မ်ား၊ ျပစ္ဒဏ္မ်ားအစရွိသည့္ ဥပေဒပုဒ္မေခါင္းစဥ္မ်ားကို လက္မခံ ႏိုင္ၾကျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း ဆိုသည္။
‘ NGO ၊ INGO ေတြက စာခ်ဳပ္သက္တမ္းေတြနဲ႔ လုပ္ရတာေတြရွိတယ္။ စည္းကမ္းသတ္မွတ္ခ်က္ေတြက တင္းက်ပ္ လြန္းတယ္လို႔ ခံစားရတယ္။ အခ်က္အလက္ေတြ အကုန္ေပးဖို႔က်ေတာ့ ခက္ခဲတာေတြရွိတယ္’ ဟု ကုလသမဂၢ လက္ေအာက္ရွိ NGO တစ္ခုတြင္ အလုပ္လုပ္ေနသူ ဆရာဝန္တစ္ဦးကေျပာသည္။ တျခားတစ္ဖက္မွ ၾကည့္ပါက ၂၀၁၄ ခုႏွစ္က ထုတ္ျပန္ခဲ့ေသာ အသင္းအဖြဲ႕မ်ားမွတ္ပုံတင္ျခင္းဆိုင္ရာဥပေဒတြင္ အသင္းအဖြဲ႕မ်ားကို ထိန္းေက်ာင္းသည့္အခ်က္မ်ား ထည့္သြင္းခဲ့ျခင္းမရွိဘဲ ထင္တိုင္းက်ဲလုပ္ ပိုင္ခြင့္ေပးခဲ့သည့္သေဘာမ်ိဳးျဖစ္ခဲ့ ေၾကာင္း သိရသည္။
အသင္းအဖြဲ႕မ်ားအေနျဖင့္ အခြင့္အေရးရယူလိုမႈကိုသာ ဦးစားေပးခဲ့ၿပီး တာဝန္ယူမႈတာဝန္ခံမႈအပိုင္းကို မည္သူမွ လက္ခံလိုျခင္းမရွိခဲ့ၾကေၾကာင္း၊ အသင္းအဖြဲ႕မ်ား မွတ္ပုံတင္ျခင္းႏွင့္ပတ္သက္၍ ၂၀ဝ၈ ဖြဲ႕စည္းပုံအတြင္း၌လည္း လြတ္လပ္စြာထူေထာင္ခြင့္ျပဳထားသည့္တိုင္ မွတ္ပုံတင္ရမည္ဆိုေသာအခ်က္ကို ထည့္သြင္းသတ္မွတ္ခံရျခင္းမရွိ ေၾကာင္း၊ ၂၀၁၇-၁၈ မွစ၍ ႏိုင္ငံတကာေငြေၾကးဆိုင္ရာအေရးယူေဆာင္႐ြက္မႈအဖြဲ႕ FATA ၏ အႀကံျပဳခ်က္အရ ေငြေၾကးခဝါခ်မႈႏွင့္ တရားမဝင္ေငြေၾကးစီးဆင္းမႈမ်ားကို တားဆီးကာကြယ္ရန္ အသင္းအဖြဲ႕ဥေပဒအသစ္လို အပ္လာျခင္းမ်ိဳးျဖစ္ေၾကာင္းသိရသည္။
ယင္းအတြက္ေၾကာင့္ ျမန္မာႏိုင္ငံတြင္း၌ NGO ႏွင့္ INGO မ်ားထံမွတစ္ဆင့္ တရားမဝင္ေငြေၾကးစီးဆင္းမႈမ်ား ျမင့္တက္ခဲ့ေသာ ၂၀၂၀ ေ႐ြးေကာက္ပြဲကို အေျခခံကာ လက္ရွိအစိုးရက အသင္းအဖြဲ႕ဥပေဒအသစ္ကို ၂၀၂၂ ခုႏွစ္ တြင္ ထပ္ဆင့္ျပ႒ာန္းခဲ့ရျခင္းမ်ိဳးျဖစ္ သည္ဟု သတင္းရင္းျမစ္တို႔ကဆိုသည္။ ‘INGO ေတြဆိုရင္ ျမန္မာႏိုင္ငံသား ၄၀ ရာခိုင္ႏႈန္းပါဝင္ရမယ္ဆိုတဲ့ အခ်က္မ်ိဳးေတြက ထပ္ျဖည့္တာမ်ိဳးေတြျဖစ္လာတယ္’ ဟု သတင္းရင္းျမစ္က ေျပာသည္။
လက္ရွိအခ်ိန္အထိ ျပန္လည္မွတ္ပုံတင္ျခင္းမရွိၾကေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အသင္းအဖြဲ႕မ်ားအေနျဖင့္ တာဝန္ခံမႈအပိုင္းတြင္ မည္သူမွ တာဝန္ခံလိုျခင္းမရွိၾကေၾကာင္း၊ စည္းကမ္းသတ္မွတ္ခ်က္ပါ အခ်က္အလက္အခ်ိဳ႕ ကို ၎တို႔က လိုက္ပါလုပ္ေဆာင္လိုျခင္းမရွိၾကေၾကာင္း ၾကားသိရသည္။
အထူးသျဖင့္ NGO သို႔မဟုတ္ INGO တစ္ခု မွတ္ပုံတင္မည္ဆိုပါက က်န္းမာေရး၊ ပညာေရး၊ လူမႈေရး၊ သဘာဝပ တ္ဝန္းက်င္ အစရွိေသာ ေခါင္းစဥ္တစ္ခုခုကို ေ႐ြးခ်ယ္ရမည္ျဖစ္သကဲ့သို႔ ၎ႏွင့္သက္ဆိုင္ေသာဝန္ႀကီးဌာနက ေထာက္ခံခ်က္ ေပးမွသာလွ်င္ အသင္းအဖြဲ႕အျဖစ္ မွတ္ပုံတင္လက္မွတ္ထုတ္ေပးရမည္ဆိုေသာ သတ္မွတ္ခ်က္မ်ိဳး လည္း ပါဝင္ေနသည္။ ယင္းအတြက္ေၾကာင့္လည္း အခ်ိဳ႕ေသာ အသင္းအဖြဲ႕မ်ားမွာ မွတ္ပုံျပန္လည္တင္ျခင္းမရွိ ေသးဘဲ ခိုးေၾကာင္ခိုး ဝွက္သေဘာမ်ိဳးဆန္ဆန္ လႈပ္ရွားေနမႈမ်ားရွိေနေၾကာင္း ၾကားသိရသည္။
‘ဝန္ႀကီးဌာနေတြက်ေတာ့ အရင္တုန္းကဆိုရင္ အသင္းတစ္ခုခုကို ေထာက္ခံပါသည္လို႔ ေရးေပးစရာမလိုဘူး။ ကန႔္ကြက္ရန္မရွိပါလို႔ ေရးရင္ အသင္းအဖြဲ႕စည္းမ်ဥ္းအရ ခြင့္ျပဳေပးလို႔ရသြားပါၿပီ။ အခုက်ေတာ့ ကန႔္ကြက္ရန္မရွိပါ နဲ႔မရေတာ့ဘူး။ ေထာက္ခံပါသည္လို႔ ေရးမွရမယ္။ ဒီေတာ့ဝန္ႀကီးဌာနေတြက ေတာ္႐ုံတန္႐ုံနဲ႔ မေထာက္ခံရဲေတာ့ ဘူး။ ေထာက္ခံရင္ ျပႆနာတက္တာနဲ႔ ေထာက္ခံသူေတြပါ ပါသြားၿပီေလ။ ဒါကို ေၾကာက္ၾကေတာ့ အသင္း အဖြဲ႕အသစ္ေတြ ထပ္ေလွ်ာက္လာရင္ေတာင္ အခက္အခဲေတြ ေတြ႕ကုန္တာေပါ့’ဟု သတင္းရင္းျမစ္က ေျပာၾကား သည္။
ျမန္မာႏိုင္ငံတြင္း၌ ၂၀၂၁ မတိုင္မီအထိ လာေရာက္အလုပ္လုပ္ကိုင္ေနေသာ ျပည္ေထာင္စုအဆင့္ NGO ၊ INGO မ်ားကို ေငြေၾကးရႈေထာင့္ တစ္ခုတည္းမွ ေလ့လာၾကည့္မည္ဆိုလွ်င္ပင္ အသင္းအဖြဲ႕တစ္ခု၏ အနည္းဆုံး ကိုင္တြယ္ သုံးစြဲေငြ ေဒၚလာ တစ္သန္းထက္မနည္း ရွိေနမည္ျဖစ္သည့္အတြက္ အဖြဲ႕ေပါင္း ၁၅၀ဝ ေက်ာ္က သုံးစြဲၾကမည့္ေငြမွာ အနည္းဆုံး ေဒၚလာ တစ္ဘီလ်ံ ေက်ာ္ရွိေနမည္ျဖစ္သည္။ အမွန္တကယ္အားျဖင့္ အဖြဲ႕ေပါင္း ၁၅၀ဝ ေက်ာ္က မည္သို႔မည္ပုံ သုံးစြဲေနသည္မသိေသာ ႏိုင္ငံျခားေငြမွာ တစ္ႏွစ္လွ်င္ အနည္းဆုံး ေဒၚလာတစ္ဘီလ်ံခြဲမွ ၅ ဘီလ်ံ ထက္မနည္းရွိခဲ့ လိမ့္မည္ဟု မွန္းဆစရာရွိေနၿပီး ယင္းေငြေၾကးမ်ားက ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးထဲတြင္ မည္သည့္ ပမာဏအထိ ပါဝင္ပတ္သက္သြားခဲ့သည္ဆိုေသာအခ်က္မွာ စိတ္ဝင္စားဖြယ္ရာႏွင့္ ေစာင့္ၾကည့္ခ်င္စရာလည္း ျဖစ္ေနသည္။