ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမည်ဆိုလျှင် လက်နက်ချပြီး အဖွဲ့ကိုဖျက်သိမ်းမည်ဟု ဟားမတ်စ်အဖွဲ့ကြေညာ

 4729

ဂျန်ဇက် (NP New) - မေ ၁

၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အစ္စရေးနိုင်ငံက သိမ်းပိုက်ခဲ့သော ပါလက်စတိုင်းနယ်မြေများကို စုစည်းပြီး ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမည်ဆိုလျှင် ဟားမတ်စ်အဖွဲ့ကို ဖျက်သိမ်းကာ လက်နက်ချသွားမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဟားမတ်စ်အဖွဲ့သည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ စစ်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ ဟားမတ်စ်နှင့် အစ္စရေးနိုင်ငံကြား (၇)လနီးပါးကြာဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရန်အတွက် အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးနေကြောင်း သိရ သည်။

တူရကီနိုင်ငံအခြေစိုက် ဟားမတ်စ်နိုင်ငံ ရေးဗျူရိုအဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဘာဆန်နိုင်း က “ဂျေရုဆလင်ကို မြို့တော်အဖြစ် ခွင့်ပြုပေးမှုနဲ့အတူ ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ထောင်ခွင့်ပေးမယ်ဆိုရင် လက်နက်ချသွားမယ်။ ဟားမတ်စ်အဖွဲ့ကို ဖျက်သိမ်းပြီး နိုင်ငံရေးပါတီအဖြစ် ထူထောင်သွားမယ်။ ဒါ့အပြင် ဟားမတ်စ်အဖွဲ့ရဲ့စစ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အယ်ကွာဆန်အဖွဲ့ကိုလည်း ပါလက်စတိုင်းနိုင်ငံရဲ့စစ်တပ်အဖြစ် တည်ထောင်သွားမယ်” ဟု ပြောသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အရှေ့ဂျေရုဆလင်မြို့၊ အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုဆလင်မြို့များကို သိမ်းပိုက်ခဲ့ဖူးကြောင်း သိရသည်။ အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား သီးခြားနှစ်နိုင်ငံတည်ထောင်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အတွင်း အဆိုပြုကမ်းလှမ်းမှုများရှိခဲ့ကြောင်း သိရသည်။

ဟားမတ်စ်နိုင်ငံရေးဗျူရိုအဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဘာဆန်နိုင်းက ‘နယ်မြေတွေကျူးကျော်သိမ်းပိုက်ခံထားရတဲ့အတွက် ကျွန်တော်တို့ဟာ ကျူးကျော်သူတွေကို ခုခံစစ်လုပ်ဆောင်နေတာပါ၊ ကျွန်တော်တို့ရဲ့ပိုင်နက် နယ်မြေတွေမှာ ကျူးကျော်သူတွေမရှိတော့ဘူးဆိုရင်ကျွန်တော်တို့လည်း ခုခံစရာ မလိုတော့ဘူး’ ဟု ပြောသည်။

အစ္စရေးအစိုးရသည် အစ္စရေးနှင့် ပါလက်စတိုင်း သီးခြားနှစ်နိုင်ငံ တည်ထောင်မည်ဆိုသော ကမ်းလှမ်းချက်များကို ငြင်းဆန်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၏ တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူ (၃၀ဝဝဝ) ကျော် သေဆုံးထားပြီး ဂါဇာဒေသတွင် နေထိုင်နေသည့် လူအားလုံးအနက်မှ (၈၀) ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာနေထိုင်နေရကြောင်း သိရသည်။

Zawgyi Version;
ပါလက္စတိုင္းႏိုင္ငံ တည္ေထာင္ခြင့္ေပးမည္ဆိုလွ်င္ လက္နက္ခ်ၿပီး အဖြဲ႕ကိုဖ်က္သိမ္းမည္ဟု ဟားမတ္စ္အဖြဲ႕ေၾကညာ
ဂ်န္ဇက္ (NP New) - ေမ ၁

၁၉၆၇ ခုႏွစ္ကျဖစ္ပြားခဲ့ေသာ စစ္ပြဲအတြင္း အစၥေရးႏိုင္ငံက သိမ္းပိုက္ခဲ့ေသာ ပါလက္စတိုင္းနယ္ေျမမ်ားကို စုစည္းၿပီး ပါလက္စတိုင္းႏိုင္ငံ တည္ေထာင္ခြင့္ေပးမည္ဆိုလွ်င္ ဟားမတ္စ္အဖြဲ႕ကို ဖ်က္သိမ္းကာ လက္နက္ခ်သြားမည္ျဖစ္ေၾကာင္း ဟားမတ္စ္အဖြဲ႕ေခါင္းေဆာင္မ်ားက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ဟားမတ္စ္အဖြဲ႕သည္ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္တြင္ အစၥေရးႏိုင္ငံကို စတင္ တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ စစ္ပြဲျဖစ္ပြားေနဆဲျဖစ္သည္။ ဟားမတ္စ္ႏွင့္ အစၥေရးႏိုင္ငံၾကား (၇)လနီးပါးၾကာျဖစ္ပြားေနသည့္စစ္ပြဲကို အဆုံးသတ္ႏိုင္ရန္အတြက္ အေမရိကန္၊ အီဂ်စ္၊ ကာတာႏိုင္ငံတို႔က ၾကားဝင္ေစ့စပ္ေပးေနေၾကာင္း သိရ သည္။

တူရကီႏိုင္ငံအေျခစိုက္ ဟားမတ္စ္ႏိုင္ငံ ေရးဗ်ဴ႐ိုအဖြဲ႕မွတာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဘာဆန္ႏိုင္း က “ေဂ်႐ုဆလင္ကို ၿမိဳ႕ေတာ္အျဖစ္ ခြင့္ျပဳေပးမႈနဲ႔အတူ ပါလက္စတိုင္းကို လြတ္လပ္တဲ့ႏိုင္ငံအျဖစ္ တည္ေထာင္ခြင့္ေပးမယ္ဆိုရင္ လက္နက္ခ်သြားမယ္။ ဟားမတ္စ္အဖြဲ႕ကို ဖ်က္သိမ္းၿပီး ႏိုင္ငံေရးပါတီအျဖစ္ ထူေထာင္သြားမယ္။ ဒါ့အျပင္ ဟားမတ္စ္အဖြဲ႕ရဲ႕စစ္ေရးအဖြဲ႕အစည္းျဖစ္တဲ့ အယ္ကြာဆန္အဖြဲ႕ကိုလည္း ပါလက္စတိုင္းႏိုင္ငံရဲ႕စစ္တပ္အျဖစ္ တည္ေထာင္သြားမယ္” ဟု ေျပာသည္။

အစၥေရးသည္ ၁၉၆၇ ခုႏွစ္က ျဖစ္ပြားခဲ့ေသာ စစ္ပြဲအတြင္း အေရွ႕ေဂ်႐ုဆလင္ၿမိဳ႕၊ အေနာက္ဘက္ကမ္းေျခႏွင့္ အေရွ႕ေဂ်႐ုဆလင္ၿမိဳ႕မ်ားကို သိမ္းပိုက္ခဲ့ဖူးေၾကာင္း သိရသည္။ အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးႏွင့္ပါလက္စတိုင္းတို႔ၾကား သီးျခားႏွစ္ႏိုင္ငံတည္ေထာင္ႏိုင္ရန္ ကုလသမဂၢအဖြဲ႕အတြင္း အဆိုျပဳကမ္းလွမ္းမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

ဟားမတ္စ္ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕မွတာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဘာဆန္ႏိုင္းက ‘နယ္ေျမေတြက်ဴးေက်ာ္သိမ္းပိုက္ခံထားရတဲ့အတြက္ ကြၽန္ေတာ္တို႔ဟာ က်ဴးေက်ာ္သူေတြကို ခုခံစစ္လုပ္ေဆာင္ေနတာပါ၊ ကြၽန္ေတာ္တို႔ရဲ႕ပိုင္နက္ နယ္ေျမေတြမွာ က်ဴးေက်ာ္သူေတြမရွိေတာ့ဘူးဆိုရင္ကြၽန္ေတာ္တို႔လည္း ခုခံစရာ မလိုေတာ့ဘူး’ ဟု ေျပာသည္။

အစၥေရးအစိုးရသည္ အစၥေရးႏွင့္ ပါလက္စတိုင္း သီးျခားႏွစ္ႏိုင္ငံ တည္ေထာင္မည္ဆိုေသာ ကမ္းလွမ္းခ်က္မ်ားကို ျငင္းဆန္ခဲ့ဖူးၿပီး လက္ရွိအခ်ိန္တြင္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕၏ ေတာင္းဆိုခ်က္မ်ားကို တုံ႔ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲေၾကာင့္ ပါလက္စတိုင္းျပည္သူ (၃၀ဝဝဝ) ေက်ာ္ ေသဆုံးထားၿပီး ဂါဇာေဒသတြင္ ေနထိုင္ေနသည့္ လူအားလုံးအနက္မွ (၈၀) ရာခိုင္ႏႈန္းခန႔္ ေနရပ္စြန႔္ခြာေနထိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.