နယ်မြေအငြင်းပွားမှုတွေကို ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးဖို့ ယူကရိန်းသမ္မတ အဆင်သင့်ဖြစ်နေပြီဟုဆို

 157

Pika (NP News) - သြဂုတ် ၂၅
နယ်မြေအငြင်းပွားမှုတွေကို ဆွေးနွေးဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ရုရှားသမ္မတပူတင်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းဘက်က အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိရှေ့တန်းအခြေအနေတွေဟာ စေ့စပ်ညှိနှိုင်းမှုတွေအတွက် အစပြုတဲ့အချက်ဖြစ်သင့်တယ်လို့လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယူကရိန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergey Kislitsa က “ယူကရိန်းပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် နယ်မြေလဲလှယ်တာတွေကို လုံးဝဆန့်ကျင် ကြပါတယ်။ ပူတင်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက အဆင်သင့်ဖြစ်နေပြီဆိုတာကို ကျွန်တော်တို့ဘက်က ရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။ နယ်မြေပြဿနာတွေဟာ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး အစပြုတဲ့အချက်တစ်ခုဖြစ်သင့်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနိုင်ငံကို ပိုင်နက်ဆိုင်ရာလိုက်လျောမှုတွေမှန်သမျှကို လူသိရှင်ကြားပယ်ချခဲ့ ပေမယ့်လည်း ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိရှေ့တန်းအခြေအနေတွေကိုရပ်တန့်ဖို့ သဘောတူနိုင်တယ်လို့လည်း မီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
နယ္ေျမအျငင္းပြားမႈေတြကို ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးဖို႔ ယူကရိန္းသမၼတ အဆင္သင့္ျဖစ္ေနၿပီဟုဆို
Pika (NP News) - ၾသဂုတ္ ၂၅
နယ္ေျမအျငင္းပြားမႈေတြကို ေဆြးေႏြးဖို႔အတြက္ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းဘက္က အဆင္သင့္ျဖစ္ေနၿပီလို႔ ယူကရိန္းႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိေရွ႕တန္းအေျခအေနေတြဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြအတြက္ အစျပဳတဲ့အခ်က္ျဖစ္သင့္တယ္လို႔လည္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Sergey Kislitsa က “ယူကရိန္းျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ နယ္ေျမလဲလွယ္တာေတြကို လုံးဝဆန႔္က်င္ ၾကပါတယ္။ ပူတင္နဲ႔တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ကြၽန္ေတာ္တို႔ဘက္က ရွင္းရွင္းလင္းလင္းေျပာၾကားထားပါတယ္။ နယ္ေျမျပႆနာေတြဟာ တိုက္႐ိုက္ေတြ႕ဆုံ ေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး အစျပဳတဲ့အခ်က္တစ္ခုျဖစ္သင့္ပါတယ္” လို႔ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွားႏိုင္ငံကို ပိုင္နက္ဆိုင္ရာလိုက္ေလ်ာမႈေတြမွန္သမွ်ကို လူသိရွင္ၾကားပယ္ခ်ခဲ့ ေပမယ့္လည္း ျဖစ္ႏိုင္ေျခရွိတဲ့ေျဖရွင္းမႈတစ္စိတ္တစ္ပိုင္းအျဖစ္ လက္ရွိေရွ႕တန္းအေျခအေနေတြကိုရပ္တန႔္ဖို႔ သေဘာတူႏိုင္တယ္လို႔လည္း မီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.