ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေမလုပ်ဆောင်ဖို့ ယူကရိန်းကို ပင်တဂွန်စစ်ဌာနချုပ် တားမြစ်ပိတ်ပင်

 312

Pika (NP News) - သြဂုတ် ၂၅
အမေရိကန်ထောက်ပံ့ပေးထားတဲ့ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ဆောင်ဖို့ ယူကရိန်းကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က တားမြစ်ပိတ်ပင်ထားတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်တွေကိုကိုးကားပြီး Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ ပြီးခဲ့တဲ့ နွေဦးနှောင်းပိုင်းတည်းက ရုရှားကိုတာဝေးပစ် ATACMS ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ဆောင်ဖို့ ယူကရိန်းကို တားမြစ်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ စာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ရုရှားရဲ့နိုင်ငံတကာအသိအမှတ်ပြုနယ်မြေမှာရှိတဲ့ပစ်မှတ်တစ်ခုကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ယူကရိန်းရဲ့တောင်းဆိုချက်ကို အမေရိကန်နိုင်ငံက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်၊ ယူကရိန်းသမ္မတဇီလန်စကီးတို့နဲ့ သီးခြားတွေ့ဆုံမှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုရေးသားဖော်ပြချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြန်ဆုံးရရှိအောင်လုပ်ဆောင်ဖို့ ရုရှားနဲ့ ယူကရိန်းတို့ကို ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပေမယ့်လည်း ရုရှားကို တိုက်ခိုက်မှုတွေမရှိဘဲ ယူကရိန်းက အနိုင်ရရှိဖို့ အခွင့်အလမ်းတွေ မရှိဘူးလို့လည်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားပိုင္နက္ေတြကို တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္မႈေတြမလုပ္ေဆာင္ဖို႔ ယူကရိန္းကို ပင္တဂြန္စစ္ဌာနခ်ဳပ္ တားျမစ္ပိတ္ပင္
Pika (NP News) - ၾသဂုတ္ ၂၅
အေမရိကန္ေထာက္ပံ့ေပးထားတဲ့ဒုံးက်ည္ေတြနဲ႔ ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္တာေတြမလုပ္ေဆာင္ဖို႔ ယူကရိန္းကို အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က တားျမစ္ပိတ္ပင္ထားတယ္လို႔ အေမရိကန္အရာရွိေတြရဲ႕ ေျပာၾကားခ်က္ေတြကိုကိုးကားၿပီး Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ဟာ ၿပီးခဲ့တဲ့ ေႏြဦးေႏွာင္းပိုင္းတည္းက ႐ုရွားကိုတာေဝးပစ္ ATACMS ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြမလုပ္ေဆာင္ဖို႔ ယူကရိန္းကို တားျမစ္ပိတ္ပင္ခဲ့တာျဖစ္တယ္လို႔ စာတမ္းမွာ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ႏိုင္ငံတကာအသိအမွတ္ျပဳနယ္ေျမမွာရွိတဲ့ပစ္မွတ္တစ္ခုကို ပစ္ခတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းရဲ႕ေတာင္းဆိုခ်က္ကို အေမရိကန္ႏိုင္ငံက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္၊ ယူကရိန္းသမၼတဇီလန္စကီးတို႔နဲ႔ သီးျခားေတြ႕ဆုံမႈေတြကို ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေရးသားေဖာ္ျပခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အျမန္ဆုံးရရွိေအာင္လုပ္ေဆာင္ဖို႔ ႐ုရွားနဲ႔ ယူကရိန္းတို႔ကို ေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့ေပမယ့္လည္း ႐ုရွားကို တိုက္ခိုက္မႈေတြမရွိဘဲ ယူကရိန္းက အႏိုင္ရရွိဖို႔ အခြင့္အလမ္းေတြ မရွိဘူးလို႔လည္း ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.