လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အသစ်နှစ်စင်းကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

 372

Pika (NP News) - သြဂုတ် ၂၅
လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အသစ်နှစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ(KCNA) က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်အသစ်နှစ်စင်းဟာ သာလွန်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိတယ်ဆို တာကို အဲဒီစမ်းသပ်ပစ်လွှတ်မှုက ပြသခဲ့တယ်လို့ (KCNA) က ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်တို့ကြား တွေ့ဆုံမှု မလုပ်ဆောင်ခင် တစ်ရက်အလိုမှာ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့ပြင် စမ်းသပ်ပစ်လွှတ်မှုအတွင်း ဒုံးကျည်အသစ်တွေဟာ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည် တွေလိုမျိုး လေကြောင်းပစ်မှတ်တွေကို အမြန်ဆုံးတုံ့ပြန်နိုင်တာကို ပြသခဲ့တယ်လို့လည်း KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒုံးကျည်အသစ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို KCNAက ရေးသားဖော်ပြခဲ့တာ မျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ပြီးတော့ စမ်းသပ်ပစ်လွှတ်မှုကို ဘယ်နေရာမှာ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကို လည်း KCNA က ရေးသားဖော်ပြခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ နှစ်နိုင်ငံကြားနယ်စပ်အနီးမှာရှိတဲ့ မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Zawgyi Version:
ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္အသစ္ႏွစ္စင္းကို ေျမာက္ကိုရီးယား စမ္းသပ္ပစ္လႊတ္
Pika (NP News) - ၾသဂုတ္ ၂၅
ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္အသစ္ႏွစ္စင္း စမ္းသပ္ပစ္လႊတ္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ႀကီးၾကပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာ(KCNA) က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္အသစ္ႏွစ္စင္းဟာ သာလြန္တဲ့တိုက္ခိုက္ေရးစြမ္းရည္ေတြ ရွိတယ္ဆို တာကို အဲဒီစမ္းသပ္ပစ္လႊတ္မႈက ျပသခဲ့တယ္လို႔ (KCNA) က ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္တို႔ၾကား ေတြ႕ဆုံမႈ မလုပ္ေဆာင္ခင္ တစ္ရက္အလိုမွာ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါ့ျပင္ စမ္းသပ္ပစ္လႊတ္မႈအတြင္း ဒုံးက်ည္အသစ္ေတြဟာ တိုက္ခိုက္ေရးဒ႐ုန္းေတြနဲ႔ ခ႐ုဇ္ဒုံးက်ည္ ေတြလိုမ်ိဳး ေလေၾကာင္းပစ္မွတ္ေတြကို အျမန္ဆုံးတုံ႔ျပန္ႏိုင္တာကို ျပသခဲ့တယ္လို႔လည္း KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း ဒုံးက်ည္အသစ္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို KCNAက ေရးသားေဖာ္ျပခဲ့တာ မ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ၿပီးေတာ့ စမ္းသပ္ပစ္လႊတ္မႈကို ဘယ္ေနရာမွာ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့အခ်က္ကို လည္း KCNA က ေရးသားေဖာ္ျပခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ႏွစ္ႏိုင္ငံၾကားနယ္စပ္အနီးမွာရွိတဲ့ ေျမာက္ကိုရီးယားစစ္သားေတြကို ေတာင္ကိုရီးယားဘက္က သတိေပးပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ အစီရင္ခံစာတြ ထြက္ေပၚလာၿပီးေနာက္ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.