အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ဧဝရတ်တောင်ခြေစခန်းထိ ပထမဆုံးရောက်ရှိခဲ့တဲ့ အသက်အငယ်ဆုံး စင်ကာပူနိုင်ငံသားအဖြစ် စံချိန်တင်

 2472

ရောင်နီ(NP News) - မေ ၃

အနုတ် ၁၄ ဒီဂရီစင်တီဂရိတ်ထိရှိတဲ့ အပူချိန်ကို ကျော်ဖြတ်ပြီး အက်ရန်အင်တိဇ်အိုင်ရာကစ်ဇ်ဆိုတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ဟာ ဧဝရတ်တောင်ခြေရင်းစခန်းကို အောင်အောင်မြင်မြင်ရောက်ရှိခဲ့တဲ့ အသက်အငယ်ဆုံး စင်ကာပူနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။

ငါးနှစ်နဲ့ ငါးလအရွယ်သာရှိသေးတဲ့ အက်ရန်ဟာ ၎င်းရဲ့ဖခင် မစ္စတာဇီကရီအာလီ(၄၁ နှစ်)နဲ့အတူ အေဝရက်တောင်ခြေစခန်းကို လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့မှာတော့ သားအဖနှစ်ဦးဟာ အမြင့်ပေ ၅၃၆၄ မီတာရှိ ဧဝရတ်တောင်ခြေစခန်းကို ရောက်ရှိခဲ့ပါတယ်။ အသက် ၅ နှစ်သာရှိသေးတဲ့ အက်ရန်ဟာလည်း ဧဝရတ်တောင်ခြေရင်းစခန်းကို ပထမဆုံး ရောက်ရှိတဲ့ အသက်အငယ်ဆုံး စင်ကာပူနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။

"abyan.irkiz” အမည်နဲ့ Instagram အကောင့်မှာ သားအဖနှစ်ဦးရဲ့ ရမ်ဇာန်လ ထဲမှာတောင် တောင်တက်အတွက် လေ့ကျင့်မှု မပျက်ကွက်ပဲ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ "ရမ်ဇာန်လအတွင်း လေ့ကျင့်မှုအပါအဝင် ပြီးခဲ့တဲ့ ခြောက်လအတွင်း ချွေး၊ မျက်ရည် လေ့ကျင့်မှု အားလုံးဟာ မယုံကြည်နိုင်လောက်စရာ အောင်မြင်မှုကို ဖြစ်ပေါ်စေတယ်လို့ ၎င်းက Instagram မှာ ရေးသားခဲ့ပါတယ်။

တနင်္လာနေ့(ဧပြီလ ၃၀ ရက်) က Singapore Book of Records page မှ တင်ခဲ့တဲ့ Facebook ပို့စ်တစ်ခုမှာ အက်ရန်းကို ဧဝရတ်တောင်ခြေစခန်းထိ ရောက်ရှိခဲ့တဲ့ အသက်အငယ်ဆုံး စင်ကာပူနိုင်ငံသားအဖြစ် အတည်ပြုခဲ့ပါတယ်။ ဒီစံချိန်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ် အွမ်မာဒန်ဂါ့က အရင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အခု အက်ရန်က စံချိန်ချိုးနိုင်ခဲ့ပါတယ်။

zawgyi version
အသက္ ၅ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ဧဝရတ္ေတာင္ေျခစခန္းထိ ပထမဆုံးေရာက္ရွိခဲ့တဲ့ အသက္အငယ္ဆုံး စင္ကာပူႏိုင္ငံသားအျဖစ္ စံခ်ိန္တင္
ေရာင္နီ(NP News) - ေမ ၃

အႏုတ္ ၁၄ ဒီဂရီစင္တီဂရိတ္ထိရွိတဲ့ အပူခ်ိန္ကို ေက်ာ္ျဖတ္ၿပီး အက္ရန္အင္တိဇ္အိုင္ရာကစ္ဇ္ဆိုတဲ့ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ဟာ ဧဝရတ္ေတာင္ေျခရင္းစခန္းကို ေအာင္ေအာင္ျမင္ျမင္ေရာက္ရွိခဲ့တဲ့ အသက္အငယ္ဆုံး စင္ကာပူႏိုင္ငံသား ျဖစ္လာခဲ့ပါတယ္။

ငါးႏွစ္နဲ႔ ငါးလအ႐ြယ္သာရွိေသးတဲ့ အက္ရန္ဟာ ၎ရဲ႕ဖခင္ မစၥတာဇီကရီအာလီ(၄၁ ႏွစ္)နဲ႔အတူ ေအဝရက္ေတာင္ေျခစခန္းကို လိုက္ပါလာခဲ့တာျဖစ္ပါတယ္။ ဧၿပီလ ၂၉ ရက္ေန႔မွာေတာ့ သားအဖႏွစ္ဦးဟာ အျမင့္ေပ ၅၃၆၄ မီတာရွိ ဧဝရတ္ေတာင္ေျခစခန္းကို ေရာက္ရွိခဲ့ပါတယ္။ အသက္ ၅ ႏွစ္သာရွိေသးတဲ့ အက္ရန္ဟာလည္း ဧဝရတ္ေတာင္ေျခရင္းစခန္းကို ပထမဆုံး ေရာက္ရွိတဲ့ အသက္အငယ္ဆုံး စင္ကာပူႏိုင္ငံသား ျဖစ္လာခဲ့ပါတယ္။

"abyan.irkiz” အမည္နဲ႔ Instagram အေကာင့္မွာ သားအဖႏွစ္ဦးရဲ႕ ရမ္ဇာန္လ ထဲမွာေတာင္ ေတာင္တက္အတြက္ ေလ့က်င့္မႈ မပ်က္ကြက္ပဲ လုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။ "ရမ္ဇာန္လအတြင္း ေလ့က်င့္မႈအပါအဝင္ ၿပီးခဲ့တဲ့ ေျခာက္လအတြင္း ေခြၽး၊ မ်က္ရည္ ေလ့က်င့္မႈ အားလုံးဟာ မယုံၾကည္ႏိုင္ေလာက္စရာ ေအာင္ျမင္မႈကို ျဖစ္ေပၚေစတယ္လို႔ ၎က Instagram မွာ ေရးသားခဲ့ပါတယ္။

တနလၤာေန႔(ဧၿပီလ ၃၀ ရက္) က Singapore Book of Records page မွ တင္ခဲ့တဲ့ Facebook ပို႔စ္တစ္ခုမွာ အက္ရန္းကို ဧဝရတ္ေတာင္ေျခစခန္းထိ ေရာက္ရွိခဲ့တဲ့ အသက္အငယ္ဆုံး စင္ကာပူႏိုင္ငံသားအျဖစ္ အတည္ျပဳခဲ့ပါတယ္။ ဒီစံခ်ိန္ကို ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္ေန႔က ေျခာက္ႏွစ္အ႐ြယ္ကေလးငယ္ အြမ္မာဒန္ဂါ့က အရင္ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ အခု အက္ရန္က စံခ်ိန္ခ်ိဳးႏိုင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.