ကမ္ဘာကျော် ဘီလျံနာ ဂျော့ဆိုးရော့ (ဘာသာပြန် အထုပ္ပတ္တိ ဆောင်းပါး)

503

ဂျန်ဇက်( NP News)
ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေနောက်ကွယ်မှာ ကမ္ဘာကျော်ဘီလျံနာ သူဌေးကြီး ဂျော့စ်ဆိုးရော့ ပါဝင်ဆက်နွှယ်နေတယ်လို့ စွပ်စွဲမှုတွေလည်းရှိနေခဲ့ပါတယ်။ အထူးသဖြင့် အစ္စရေးဆန့်ကျင့်တဲ့ ပါလက် စတိုင်းဆန္ဒပြပွဲတွေ၊ အမေရိ ကန်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ရွှေ့ပြောင်းသွားလာသူ တွေရဲ့ဆန္ဒပြပွဲတွေမှာ ဂျော့ဆိုးရော့နဲ့ ၎င်းရဲ့ Open Society Foundations တို့က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။ အသက် (၉၅)နှစ်အရွယ်ရှိ ဆိုးရော့ဟာ အမေရိကန်-ဟန်ဂေရီဖွား ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သလို ဂျူးသွေးပါသူတစ်ဦး လည်းဖြစ်ပါတယ်။ ပရဟိတသမားအဖြစ် လူသိများတဲ့ ဂျော့စ်ဆိုးရော့ဟာ (၂၀၂၅)ခုနှစ် မေလအထိ အမေရိကန်ဒေါ်လာ (၇ ဒသမ ၂)ဘီလျံ ကြွယ်ဝမ်ချမ်းသာသူဖြစ်ပြီး ၎င်းပိုင် ဆိုင်မှုများထဲမှ အမေရိကန်ဒေါ်လာ (၃၂) ဘီလျံကျော်ကို Open Society Foundations ကိုလှူဒါန်း ထားတယ်လို့သိရပါတယ်။
ဂျော့ဆိုးရော့ကို (၁၉၃၀)ပြည့်နှစ်က ဟန်ဂေရီနိုင်ငံ ဘူဒါဘတ်မြို့မှာ ချမ်းသာတဲ့ ဂျူးလူမျိုး မိသားစုက မွေးဖွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရှိ ပွင့်လင်း လူအဖွဲ့အစည်းကိုလည်း ငွေကြေး ကူညီထောက်ပံ့ ပေးခဲ့ဖူးသူအဖြစ် သတင်း တွေလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ၎င်းဟာ (၁၉၉၂) ခုနှစ်အတွင်း Black Wednesday UK နိုင်ငံခြားငွေဂယက်မှာ ဒေါ်လာသန်းတစ်ထောင်ကိုတင်ပြပြီးနောက် အင်္ဂလန်ဘဏ်ကို ပြိုလဲအောင်လုပ်ဆောင်ခဲ့သူအဖြစ် လူသိ များခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းဟာ (၁၉၈၄)ခုနှစ် မှ(၈၉)ခုနှစ်အတွင်း ဟန်ဂေရီနိုင်ငံမှာ ကွန်မြူနစ်စနစ်ကနေ အရင်းရှင်စနစ်ကို ပြောင်းလဲရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဘူဒါပတ်စ်ရှိ Central European တက္ကသိုလ် ကို အဆင့်မြင့်ပညာရေးအတွက် ဥရောပမှာ အကြီးကျယ်ဆုံးဖြစ်အောင် လှူဒါန်းခဲ့ပြီးနောက်ပိုင်းတွင် နှင်းဆီတော်လှန်ရေးရဲ့ အောင်မြင်မှုမှာ ကူညီပံ့ပိုးမှုတွေလုပ်ဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။ ဂျော့ဆိုးရောစ့်ရဲ့ဖခင်ဖြစ်သူဟာ လူသိများတဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ တိဗာဒါဆိုးရော့ဖြစ်ပြီး ၎င်းဟာ ပထမကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးနောက် အကျဉ်းသားတစ်ဦးဖြစ်ခဲ့ကာ နောက်ဆုံးမှာ ရုရှားလက် ကနေလွတ်မြောက်ခဲ့ပြီး ဘူဒါပတ်စ်ရှိ မိသားစုကို ပြန်လည်ဆက်သွယ်နိုင်ခဲ့တဲ့ ဟန်ဂေရီ-ဂျူးလူမျိုးတစ်ဦး ဖြစ်ပါတယ်။ (၁၉၃၆)ခုနှစ်မှာ အစွန်းရောက် အမျိုးသားရေးဝါဒ မြင့်တက်လာမှုနဲ့အတူ ဂျူးလူမျိုးတွေအပေါ် အာဃာတကြီးမားလာမှု ကိုတုံ့ပြန်နိုင် အောင် ၎င်းတို့မိသားစုအမည်ကို Schwartz ကနေ Soros ကိုပြောင်းလဲခဲ့ရပါတယ်။ နာဇီဂျာမနီတပ်ဖွဲ့တွေက ဟန်ဂေရီ နိုင်ငံကို ဝင်ရောက်သိမ်းပိုက်တဲ့ (၁၉၄၄)ခုနှစ် မတ်လမှာ ဂျော့ဆိုးရော့ဟာ အသက် (၁၃)နှစ်အရွယ်သာရှိသေးပြီး ၎င်းဟာ ဟန်ဂေရီကို နာဇီတို့ သိမ်းပိုက်ထားချိန်မှာ တည်ထောင်ခဲ့တဲ့ ဂျူးကောင်စီအတွက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်မှာ အသက်(၁၄)နှစ်ရှိပြီဖြစ်တဲ့ ဆိုးရော့ဟာ ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီးရေးဌာနရှိ အလုပ်သမားရဲ့မွေးစား သားအဖြစ်ဟန်ဆောင်ကာ အတူနေထိုင်ခဲ့ရပြီး ၎င်းဟာ ဆိုဗီယက်နဲ့ဂျာမန်တို့ပါဝင်တဲ့ ဘူဒါပတ်စ်တိုက် ပွဲတွေကြားမှာ ရှင်သန်နေထိုင်ခဲ့ရပါတယ်။ (၁၉၄၇) ခုနှစ်မှာ ဆိုးရော့စ်ဟာ အင်္ဂလန်နိုင်ငံမှာ အခြေချနေ ထိုင်အောင် ကျောင်းသား တစ်ယောက်အဖြစ်လာ ရောက်ခဲ့ပြီး ဂျူးရိုးရာယဉ်ကျေးမှုတွေကို ယုံကြည်သူဦးလေးနဲ့အတူနေထိုင်ခဲ့ပြီး (၁၉၅၂) ခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ကိုရရှိခဲ့ပါတယ်။ ဂျော့ဆိုးရော့ဟာ (၁၉၅၆)ခုနှစ်မှာ အမေရိကန်နယူးယော့ခ်မြို့ကို ပြောင်းရွှေ့ လာခဲ့ကာ အက်ဖ်အမ်မေရာနဲ့အတူတွဲပြီး (၁၉၅၆)ခုနှစ်ကနေ (၁၉၅၉)ခုနှစ်အထိ ငွေကြေး ရောင်းဝယ်တဲ့ကုန်သည် အဖြစ်လုပ်ကိုင်ခဲ့ပြီး Wertheim & Co ကုမ္ပဏီမှာလည်း စိစစ်လေ့လာသူအဖြစ် (၁၉၅၉)ခုနှစ်ကနေ (၁၉၆၃)ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကာလအတွင်း ဆိုးရော့ဟာ ဒဿနိက ပညာရှင်တစ်ဦးဖြစ်တဲ့ ကားလ်ပေါ်ပါရဲ့အမြင်တွေအ ပေါ်အခြေခံပြီး လိုက်လျောညီထွေတုံ့ပြန်ခြင်း ဒဿန သဘောကို ဖော်ထုတ်ခဲ့ပါတယ်။ ၎င်းဟာ (၁၉၆၃)ခုနှစ်ကနေ (၁၉၇၃)ခုနှစ်အထိ Arnhold နဲ့ S.Bleichroder အဖွဲ့အစည်းမှာအလုပ်လုပ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌနေရာကိုရရှိခဲ့ကာ နောက်ဆုံးမှာ ၎င်းဟာ ဒဿနိကပညာရှင်အဖြစ်၊ အမှုဆောင်တစ်ဦးအဖြစ်ထက် ရင်းနှီးမြှုပ်နှံသူအဖြစ်က ပိုကောင်း ကြောင်း အဆုံးသတ်ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ (၁၉၆၇)ခုနှစ်မှာ ကမ်းလွန်ရန်ပုံငွေရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ First Eagle ကိုတည်ထောင်နိုင်အောင် ဆော်ဩခဲ့ပြီး အဲဒီကုမ္ပဏီကိုကြီးကြပ်ခဲ့ကာ (၁၉၆၉) ခုနှစ်မှာ ကုမ္ပဏီက အရန်ရန်ပုံငွေဖြစ်တဲ့ Double Eagle ကိုတည်ထောင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းတွေက ရန်ပုံငွေအဖွဲ့ကို စိတ် ကြိုက်အုပ်ချုပ် ခွင့်ရမယ့် သူ့အရည်အချင်းတွေကို ကန့်သတ်လိုက်တဲ့အတွက် ဂျော့စ်ဆိုးရော့ဟာ (၁၉၇၃)ခုနှစ်မှာ အဆိုပါ ကုမ္ပဏီကိုကြီးကြပ်သူရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဂျော့ဆိုးရော့ရဲ့မိသားစုလုပ်ငန်းတွေကို လေ့လာကြည့်မယ်ဆိုရင် (၁၉၇၀)မှာ ဆိုးရော့ဟာ ဂျင်မ်ရော်ဂျာနဲ့အတူ ဆိုးရော့ ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့ အစည်းကိုတည်ထောင်ခဲ့ပြီး (၁၉၇၃)ခုနှစ်မှာ ၎င်းဟာ ရင်းနှီးမြှုပ်နှံသူတွေထံကနေ အမေရိကန် ဒေါ်လာ(၁၂)သန်းနဲ့ သူရဲ့ကိုယ်ပိုင် ငွေကြေးအဖွဲ့အ စည်းကို တည်ထောင်ခဲ့ပါတယ်။
ဆိုးရော့ဟာ အဆိုပါရာထူးကနုတ်ထွက်ခဲ့ ပြီးနောက် ပုဂ္ဂလိကကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်လိုက်ပါ တယ်။ ဂျော့ဆိုးရော့ဟာ စီးပွားရေး လုပ်ငန်းတွေကို တစ်ခုပြီးတစ်ခုလုပ်ကိုင်ခဲ့ပြီး ပိုမိုချမ်း သာလာသူဖြစ်လာခဲ့ပါတယ်။ အစပိုင်းက သူနဲ့ မိတ်ဆွေတွေပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းကို ဆိုးရော့အဖွဲ့အစည်းလို့ခေါ်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ Quantum အဖွဲ့အစည်းလို့ ပြန်လည်အမည်ပေးခဲ့တယ်။ (၂၀ဝဝ)ပြည့်နှစ်က Quantum ငွေကြေးအဖွဲ့ အစည်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး Quantum အဖွဲ့အစည်းရဲ့အရည်အသွေးမြင့်ထုတ်ကုန် အဖွဲ့ကိုလည်းတည်ထောင်ခဲ့ပါ တယ်။ ဆိုးရော့ငွေ ကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်း LLC ကို Quantum ငွေကြေးအဖွဲ့အစည်းရဲ့ အဓိကကျတဲ့အကြံတွေပေး တဲ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။
ဂျော့စ်ဆိုးရော့ဟာ ဆိုးရော့ငွေကြေးစီမံခန့် ခွဲမှုအဖွဲ့ရဲ့ သဘာပတိဖြစ်လာခဲ့ပြီး လုပ်ငန်းရဲ့ နေ့စဉ် လုပ်ဆောင် ချက်တွေကို ဆိုးရော့ရဲ့သားကြီးနှစ်ယောက်နဲ့ လုပ်ငန်းရဲ့ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် Keith Anderson တို့က စီမံကြီး ကြပ်ခဲ့ပါတယ်။ ဂျော့ဆိုးရော့ဟာ ငွေကြေးကစားတာတွေလည်းလုပ် ဆောင်ခဲ့ဖူးပြီး (၁၉၉၂)ခုနှစ်မှာ Black Wesnesday သတင်းစာက Soros ရန်ပုံငွေတွေဟာ အမေရိကန်ဒေါ်လာ (၁၀)ဘီလျံတန်ဖိုးရှိပြီး အင်္ဂလန်ဘဏ်ရဲ့ ငြိုငြင်မှုကိုခံရကာ ငွေကြေးစနစ်လဲလှယ်ရန်သော် လည်းကောင်း ဥရောပငွေကြေးလဲလှယ်မှုယန္တရားကို ထိခိုက်စေခဲ့ တယ်လို့ဆိုပါတယ်။
အင်္ဂလန်ဘဏ်ရဲ့ ဥရောပငွေကြေးလဲလှယ် ပေးတဲ့အခနှုန်းတွေအတွက် တိုင်းပြည်ရဲ့ငွေကြေး တွေကိုထုတ်ယူခဲ့ ကာ ပေါင်စတာလင်တန်ဖိုးလည်း ကျဆင်းပြီး ဆိုးရော့က ခန့်မှန်းခြေအားဖြင့် အမေရိ ကန်ဒေါ်လာ (၁.၁)သန်း အကျိုးအမြတ်ရရှိလိုက် တယ်လို့ဆိုပါတယ်။ ဂျော့ဆိုးရော့ဟာ အင်္ဂလန်ဘဏ်တွေကို ငွေကြေးကမောက်က မဖြစ်အောင် လုပ်နိုင်သူ အဖြစ် ချီးကျူးခံခဲ့ရပါတယ်။
ဂျော့ဆိုးရော့ဟာ အဲဒီနောက်ပိုင်းတည်းက စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုအောင်မြင်ကြွယ်ဝချမ်း သာလာခဲ့ပြီး ဘီလျံချီချမ်းသာလာခဲ့တယ်လို့ဆိုကြပါတယ်။ ဂျော့ဆိုးရော့ဟာ(၁၉၉၀)ပြည့်နှစ်ကနေ (၂၀ဝဝ) ပြည့်နှစ်အတွင်း စီးပွားရေးပြဿနာတွေမှာ ပါဝင်ပတ်သက်ခဲ့သူအဖြစ်လည်း ဝေဖန်ခံနေရသူဖြစ် ပါတယ်။ ဂျော့ဆိုးရော့ရဲ့ အဓိကငွေ ကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ stock၊ bond၊ commodities တွေဆိုတာထက် currency market ဖြစ်ပြီး နိုင်ငံ တကာရဲ့ macro စီးပွားရေးတွေ၊ currency market တွေကို လိုက်လေ့လာပြီး အခွင့်ကောင်း (market opportunity) တွေ့တာနဲ့ ငွေပုံအောပြီး ငွေကြေးအကျိုးမြတ်များစွာရအောင် ငွေကြေးကစားတာ၊ ငွေကြေးလောင်းတာတွေကို လုပ်ကိုင်တယ်လို့လည်းဆို ကြပါတယ်။ ဂျော့ဆိုးရော့ အမြတ်ကြီးမားစွာရရှိတဲ့ အဖြစ်အပျက်တွေအနက် (၁၉၉၂)ခုနှစ်မှာ အင်္ဂလန် ငွေကြေးဈေးကွက်ပျက်ပြီး အင်္ဂလန်ရဲ့ ဗဟိုဘဏ် Bank of England (BoE) အရှုံးပေါ်ခဲ့ရတဲ့ ဖြစ်ရပ် အပြင် (၁၉၉၇)ခုနှစ်မှာ မလေးရှားနဲ့ထိုင်းရဲ့ ငွေကြေးဈေးကွက်တွေပျက်ပြီး စီးပွားရေးတွေ ကမောက်ကမ ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်တွေ ဟာ လူသိများထင်ရှားပြီး မလေးရှားနဲ့ထိုင်းဈေးကွက်နှစ်ခုပေါင်းကနေ ဂျော့ဆိုးရော့ဟာ ဒေါ်လာ(၁)ဘီလျံ အမြတ် ထွက်ခဲ့သလို တခြားနိုင်ငံတွေကနေ ငွေကစားရာကနေအကျိုး အမြတ်များစွာရတဲ့အဖြစ်အပျက် အများကြီးရှိတယ် လို့သိရပါတယ်။ ၎င်းဟာ အသက်(၅၀)လောက်က စတင်ပြီး လူမှုရေးအလုပ်တွေလုပ်ခဲ့ကာ Open Society Foundations (OSF) ကို တည်ထောင်ခဲ့ပြီး ၎င်းရဲ့လူမှုရေးအလုပ်တွေကို တချို့က အကျိုးပြုတယ်လို့ယူဆကြပေမယ့် တချို့ကတော့ နိုင်ငံတွေကို မတည်ငြိမ်အောင်လုပ်နေကာ ကမ္ဘာကြီးကို ခြယ်လှယ်ဖို့ကြိုးစားနေတဲ့ နောက်ကွယ်က လက်မည်း ကြီးလို့ယူဆကြတယ်။ လေ့လာသူတစ်ဦးကတော့ ‘တကယ်လည်း သူ့လူမှုရေးအလုပ်ဆိုတာတွေက နိုင်ငံ ရေးထဲဝင်ပါတဲ့ကိစ္စတွေ ခပ်များများ။ အမေရိ ကားမှာတောင် ဂျော့ဆိုးရော့အပေါ် အမြင်တွေ မတူကြဘူး’လို့ဆိုပါတယ်။
ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန် မတ်စ်က ဂျော့ဆိုးရော့ကို “Soros hates humanity”ဆိုတာမျိုး ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။ ဂျော့ဆိုးရော့ဟာ (၁၉၇၀)ပြည့်နှစ်နောက်ပိုင်းကတည်းက ဆန္ဒပြပွဲတွေနောက်ကွယ်မှာပါ ဝင်ခဲ့သူအဖြစ် စွပ်စွဲခံရပြီး ငွေကြေးတွေကူညီထောက်ပံ့ပေးခဲ့တယ် လို့ဆိုကြပါတယ်။ (၁၉၇၀) ကတည်းက ဆိုးရော့ဟာ လူမျိုးခွဲခြားရေးစနစ်ကြီးမားတဲ့ တောင်အာဖရိကရှိ CapeTown တက္ကသိုလ်ကို တက်ရောက်ခွင့်ရဖို့ တရားမဝင် ကျောင်းသားတွေကို ငွေကြေးထောက်ပံ့ကူ ညီသူအဖြစ် တက်ကြွစွာပါဝင်ခဲ့ပြီး ဆန့်ကျင်သူတွေရဲ့ လှုပ်ရှားမှုတွေကို နောက်ကွယ်မှနေပြီး ငွေကြေးလှူ ဒါန်းခဲ့ပါတယ်။ ဆိုးရော့ဟာ ကမ္ဘာတစ်ဝန်းရှိ ဆန္ဒပြပွဲတွေမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ငွေကြေးပါဝင်ကူညီပေးခဲ့ဖူးသလို လူမူရေးလုပ်ငန်းတွေမှာလည်း ကူညီပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။ ဂျော့ဆိုး ရော့ဟာ အမေရိကန်ဖွံ့ဖြိုးရေးဗဟိုဌာနကို ဒေါ်လာ(၃)သန်း၊ Move On.org သို့ ဒေါ်လာ (၂.၅)သန်းနဲ့ America Coming Together ကို ဒေါ်လာသန်း (၂၀) ကူညီပေးခဲ့ဖူးသလို လက်ရှိအချိန်မှာ ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့ ယူနွတ်ရဲ့ ငွေကြေးလုပ် ငန်းတွေမှာလည်း ငွေကြေးကူညီပေးခဲ့ဖူးသူဖြစ်ပါတယ်။ ဂျော့ဆိုးရော့ဟာ ပရဟိတလုပ်ငန်းတွေ၊ ဖောင်ဒေးရှင်းတွေတည်ထောင်ကာ ကူညီပေးနေပေမယ့် တခြားတစ်ဖက်မှာတော့ နိုင်ငံရေးအရ ပါဝင် ဆက်နွှယ်နေ တယ်လို့ဆိုကြပါတယ်။ ဆိုးရော့ရဲ့ နိုင်ငံ ရေး၊ စီးပွားရေး၊ ဈေးကွက်နဲ့သက်ဆိုင်တဲ့ အတွေးအ ခေါ်အယူအဆတွေဟာ ခန့်မှန်းရခက်ပြီး နားလည်ဖို့ ခက်ခဲတယ်လို့လည်းဆိုကြပါတယ်။ သူဟာ အာဖရိကတိုက်မှာလည်း ပရိဟိတဖောင်ဒေး ရှင်းတွေ တည်ထောင်ထားသလို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတချို့ မှာလည်း သူရဲ့အထောက်ပံ့ရယူထားတဲ့ အဖွဲ့အစည်း တွေရှိနေပါတယ်။ ဂျော့ဆိုးရော့ဟာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ လူသိများထင်ရှားလာချိန်မှာလည်း လုပ်ကြံ ဖို့ကြိုးပမ်းခံရ တာတွေရှိခဲ့ပြီး (၂၀၁၈)ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ လုပ်ကြံခံရပေမယ့် အသက်ရှင် လွတ်မြောက်ခဲ့ တယ်လို့သိရပါ တယ်။
ဂျော့ဆိုးရေံာရဲ့ Open Society Foundations ဟာ ကမ္ဘာတစ်ဝန်းမှာ လူမူကူညီရေးလုပ် ငန်းတွေကူညီပေးခဲ့ဖူး သလို နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ဆက်နွှယ်နေတယ်လို့ စွပ်စွဲမှုတွေလည်း လက်ရှိအချိန်အထိ သတင်းတွေထွက် ပေါ်နေပါတယ်။ ဂျော့ဆိုးရော့ဟာ Open Society Foundations မှာ အရင်တုန်းက ဦးဆောင်လုပ်ကိုင် ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သားဖြစ်သူနဲ့လွှဲ ထားပါတယ်။ ဂျော့ဆိုးရော့ဟာ ဂျူးသွေးပါသူတစ်ဦး ဖြစ်ပေမယ့် ဂျူးဆန့်ကျင်ရေးအယူဆရှိသူတစ်ဦးဖြစ် တယ်လို့လည်း ဝေဖန်တာမျိုးတွေရှိနေပါတယ်။ သူကိုယ်တိုင်ကလည်း ‘‘ကျွန်တော့်အနေနဲ့ ဂျူးတွေ နိုင်ငံတစ်နိုင်ငံတည်ရှိရမယ့်အခွင့်အရေးကို ငြင်းပယ် တာမျိုးမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီ ဂျူးနိုင်ငံထဲမှာ အစိတ်အပိုင်းအဖြစ် မပါဝင်လိုဘူး” လို့ပြောဆိုခဲ့ဖူးပါတယ်။ ဂျော့ဆိုးရော့ရဲ့ နိုင်ငံတွေ အပေါ်ထားတဲ့ အမြင်သဘောထားတွေဟာ တစ်သ မတ်တည်းရှိနေမနေဘဲ အမေရိကန်၊ တရုတ်၊ ယူက ရိန်း၊ ရုရှားနဲ့ ဥရောပတိုက်ရှိ နိုင်ငံတွေအပေါ်ထားတဲ့ ဂျော့ဆိုးရော့ရဲ့သဘောထားတွေ ကွဲလွဲတယ်လို့ သိရပါတယ်။ ဂျော့ဆိုးရော့ဟာ အိမ်ထောင်သုံးကြိမ်ကျခဲ့ ဖူးပြီး နှစ်ကြိမ်ကွာရှင်းခဲ့ကာ သားသမီးသုံးဦးရှိနေပါ တယ်။ ဂျော့ဆိုးရော့ဟာ အမေရိကန်နိုင်ငံရှိ တက္က သိုလ်တွေအပါအဝင် နိုင်ငံတကာကချီးမြှင့်တဲ့ ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့တွေလည်းရရှိခဲ့ပြီး စာအုပ် စာပေပေါင်းအနည်းဆုံး (၁၄)ခုရေးသားခဲ့ဖူးပါတယ်။ ဂျော့ဆိုးရော့ဟာ လစ်ဘရယ်အယူဆအားသန်သူ တစ်ဦးဖြစ်ပြီး ကမ္ဘာကြီးမှာ ပွင့်လင်းလွတ်မြောက်ဖို့ ကြိုးပမ်းနေသူတစ်ဦးဖြစ်တယ်လို့ လစ်ဘရယ်သမား တွေကတော့ ချီးကျူးနေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် ဒီမိုကရက်တစ် ပါတီကို ဂျော့ဆိုးရော့က ကူညီထောက်ပံ့ပေးဖူးပြီး ရီပတ်ဘလီ ကန်ဆန့်ကျင့်ရေးလုပ်ငန်းတွေကို အားပေးသူလည်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုနေစေကာမူဂျော့ဆိုးရော့ရဲ့ အတွေးခေါ် အယူဆတွေဟာ ကမ္ဘာကြီးအတွက် လူသားတွေအပေါ် အကျိုးပြုတာတွေရှိ နေသလို အဆိုးဖြစ်စေတာတွေလည်းရှိနေ တယ်လို့ ဆိုနိုင်ပါတယ်။

Zawgyi Version:
ကမာၻေက်ာ္ ဘီလ်ံနာ ေဂ်ာ့ဆိုးေရာ့
(ဘာသာျပန္ အထုပၸတၱိ ေဆာင္းပါး)
ဂ်န္ဇက္( NP News)
ကမာၻတစ္ဝန္း လက္ရွိျဖစ္ပြားလ်က္ရွိေနတဲ့ ဆႏၵျပပြဲေတြေနာက္ကြယ္မွာ ကမာၻေက်ာ္ဘီလ်ံနာ သူေဌးႀကီး ေဂ်ာ့စ္ဆိုးေရာ့ ပါဝင္ဆက္ႏႊယ္ေနတယ္လို႔ စြပ္စြဲမႈေတြလည္းရွိေနခဲ့ပါတယ္။ အထူးသျဖင့္ အစၥေရးဆန႔္က်င့္တဲ့ ပါလက္ စတိုင္းဆႏၵျပပြဲေတြ၊ အေမရိ ကန္ႏိုင္ငံအတြင္းျဖစ္ပြားခဲ့တဲ့ ေ႐ႊ႕ေျပာင္းသြားလာသူ ေတြရဲ႕ဆႏၵျပပြဲေတြမွာ ေဂ်ာ့ဆိုးေရာ့နဲ႔ ၎ရဲ႕ Open Society Foundations တို႔က တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ၿပီး ပါဝင္ပတ္သက္ေနတယ္လို႔ သိရပါတယ္။ အသက္ (၉၅)ႏွစ္အ႐ြယ္ရွိ ဆိုးေရာ့ဟာ အေမရိကန္-ဟန္ေဂရီဖြား ရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးျဖစ္သလို ဂ်ဴးေသြးပါသူတစ္ဦး လည္းျဖစ္ပါတယ္။ ပရဟိတသမားအျဖစ္ လူသိမ်ားတဲ့ ေဂ်ာ့စ္ဆိုးေရာ့ဟာ (၂၀၂၅)ခုႏွစ္ ေမလအထိ အေမရိကန္ေဒၚလာ (၇ ဒသမ ၂)ဘီလ်ံ ႂကြယ္ဝမ္ခ်မ္းသာသူျဖစ္ၿပီး ၎ပိုင္ ဆိုင္မႈမ်ားထဲမွ အေမရိကန္ေဒၚလာ (၃၂) ဘီလ်ံေက်ာ္ကို Open Society Foundations ကိုလႉဒါန္း ထားတယ္လို႔သိရပါတယ္။
ေဂ်ာ့ဆိုးေရာ့ကို (၁၉၃၀)ျပည့္ႏွစ္က ဟန္ေဂရီႏိုင္ငံ ဘူဒါဘတ္ၿမိဳ႕မွာ ခ်မ္းသာတဲ့ ဂ်ဴးလူမ်ိဳး မိသားစုက ေမြးဖြားခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ ပြင့္လင္း လူအဖြဲ႕အစည္းကိုလည္း ေငြေၾကး ကူညီေထာက္ပံ့ ေပးခဲ့ဖူးသူအျဖစ္ သတင္း ေတြလည္းထြက္ေပၚခဲ့ဖူးပါတယ္။ ၎ဟာ (၁၉၉၂) ခုႏွစ္အတြင္း Black Wednesday UK ႏိုင္ငံျခားေငြဂယက္မွာ ေဒၚလာသန္းတစ္ေထာင္ကိုတင္ျပၿပီးေနာက္ အဂၤလန္ဘဏ္ကို ၿပိဳလဲေအာင္လုပ္ေဆာင္ခဲ့သူအျဖစ္ လူသိ မ်ားခဲ့သူလည္း ျဖစ္ပါတယ္။ ၎ဟာ (၁၉၈၄)ခုႏွစ္ မွ(၈၉)ခုႏွစ္အတြင္း ဟန္ေဂရီႏိုင္ငံမွာ ကြန္ျမဴနစ္စနစ္ကေန အရင္းရွင္စနစ္ကို ေျပာင္းလဲရာမွာ အဓိကအခန္းက႑က ပါဝင္ခဲ့သူျဖစ္ပါတယ္။ ဘူဒါပတ္စ္ရွိ Central European တကၠသိုလ္ ကို အဆင့္ျမင့္ပညာေရးအတြက္ ဥေရာပမွာ အႀကီးက်ယ္ဆုံးျဖစ္ေအာင္ လႉဒါန္းခဲ့ၿပီးေနာက္ပိုင္းတြင္ ႏွင္းဆီေတာ္လွန္ေရးရဲ႕ ေအာင္ျမင္မႈမွာ ကူညီပံ့ပိုးမႈေတြလုပ္ေဆာင္ခဲ့သူ လည္းျဖစ္ပါတယ္။ ေဂ်ာ့ဆိုးေရာစ့္ရဲ႕ဖခင္ျဖစ္သူဟာ လူသိမ်ားတဲ့ စာေရးဆရာတစ္ဦးျဖစ္တဲ့ တိဗာဒါဆိုးေရာ့ျဖစ္ၿပီး ၎ဟာ ပထမကမာၻစစ္အတြင္းနဲ႔ စစ္ၿပီးေနာက္ အက်ဥ္းသားတစ္ဦးျဖစ္ခဲ့ကာ ေနာက္ဆုံးမွာ ႐ုရွားလက္ ကေနလြတ္ေျမာက္ခဲ့ၿပီး ဘူဒါပတ္စ္ရွိ မိသားစုကို ျပန္လည္ဆက္သြယ္ႏိုင္ခဲ့တဲ့ ဟန္ေဂရီ-ဂ်ဴးလူမ်ိဳးတစ္ဦး ျဖစ္ပါတယ္။ (၁၉၃၆)ခုႏွစ္မွာ အစြန္းေရာက္ အမ်ိဳးသားေရးဝါဒ ျမင့္တက္လာမႈနဲ႔အတူ ဂ်ဴးလူမ်ိဳးေတြအေပၚ အာဃာတႀကီးမားလာမႈ ကိုတုံ႔ျပန္ႏိုင္ ေအာင္ ၎တို႔မိသားစုအမည္ကို Schwartz ကေန Soros ကိုေျပာင္းလဲခဲ့ရပါတယ္။ နာဇီဂ်ာမနီတပ္ဖြဲ႕ေတြက ဟန္ေဂရီ ႏိုင္ငံကို ဝင္ေရာက္သိမ္းပိုက္တဲ့ (၁၉၄၄)ခုႏွစ္ မတ္လမွာ ေဂ်ာ့ဆိုးေရာ့ဟာ အသက္ (၁၃)ႏွစ္အ႐ြယ္သာရွိေသးၿပီး ၎ဟာ ဟန္ေဂရီကို နာဇီတို႔ သိမ္းပိုက္ထားခ်ိန္မွာ တည္ေထာင္ခဲ့တဲ့ ဂ်ဴးေကာင္စီအတြက္ အလုပ္လုပ္ကိုင္ခဲ့ပါတယ္။ (၁၉၄၄) ခုႏွစ္မွာ အသက္(၁၄)ႏွစ္ရွိၿပီျဖစ္တဲ့ ဆိုးေရာ့ဟာ ဟန္ေဂရီ စိုက္ပ်ိဳးေရးဝန္ႀကီးေရးဌာနရွိ အလုပ္သမားရဲ႕ေမြးစား သားအျဖစ္ဟန္ေဆာင္ကာ အတူေနထိုင္ခဲ့ရၿပီး ၎ဟာ ဆိုဗီယက္နဲ႔ဂ်ာမန္တို႔ပါဝင္တဲ့ ဘူဒါပတ္စ္တိုက္ ပြဲေတြၾကားမွာ ရွင္သန္ေနထိုင္ခဲ့ရပါတယ္။ (၁၉၄၇) ခုႏွစ္မွာ ဆိုးေရာ့စ္ဟာ အဂၤလန္ႏိုင္ငံမွာ အေျခခ်ေန ထိုင္ေအာင္ ေက်ာင္းသား တစ္ေယာက္အျဖစ္လာ ေရာက္ခဲ့ၿပီး ဂ်ဴး႐ိုးရာယဥ္ေက်းမႈေတြကို ယုံၾကည္သူဦးေလးနဲ႔အတူေနထိုင္ခဲ့ၿပီး (၁၉၅၂) ခုႏွစ္မွာ ဒႆနိကေဗဒဘြဲ႕ကိုရရွိခဲ့ပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ (၁၉၅၆)ခုႏွစ္မွာ အေမရိကန္နယူးေယာ့ခ္ၿမိဳ႕ကို ေျပာင္းေ႐ႊ႕ လာခဲ့ကာ အက္ဖ္အမ္ေမရာနဲ႔အတူတြဲၿပီး (၁၉၅၆)ခုႏွစ္ကေန (၁၉၅၉)ခုႏွစ္အထိ ေငြေၾကး ေရာင္းဝယ္တဲ့ကုန္သည္ အျဖစ္လုပ္ကိုင္ခဲ့ၿပီး Wertheim & Co ကုမၸဏီမွာလည္း စိစစ္ေလ့လာသူအျဖစ္ (၁၉၅၉)ခုႏွစ္ကေန (၁၉၆၃)ခုႏွစ္အထိ လုပ္ကိုင္ခဲ့ပါတယ္။ အဲဒီကာလအတြင္း ဆိုးေရာ့ဟာ ဒႆနိက ပညာရွင္တစ္ဦးျဖစ္တဲ့ ကားလ္ေပၚပါရဲ႕အျမင္ေတြအ ေပၚအေျခခံၿပီး လိုက္ေလ်ာညီေထြတုံ႔ျပန္ျခင္း ဒႆန သေဘာကို ေဖာ္ထုတ္ခဲ့ပါတယ္။ ၎ဟာ (၁၉၆၃)ခုႏွစ္ကေန (၁၉၇၃)ခုႏွစ္အထိ Arnhold နဲ႔ S.Bleichroder အဖြဲ႕အစည္းမွာအလုပ္လုပ္ခဲ့ၿပီး ဒုတိယဥကၠ႒ေနရာကိုရရွိခဲ့ကာ ေနာက္ဆုံးမွာ ၎ဟာ ဒႆနိကပညာရွင္အျဖစ္၊ အမႈေဆာင္တစ္ဦးအျဖစ္ထက္ ရင္းႏွီးျမႇဳပ္ႏွံသူအျဖစ္က ပိုေကာင္း ေၾကာင္း အဆုံးသတ္ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ (၁၉၆၇)ခုႏွစ္မွာ ကမ္းလြန္ရန္ပုံေငြရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္တဲ့ First Eagle ကိုတည္ေထာင္ႏိုင္ေအာင္ ေဆာ္ဩခဲ့ၿပီး အဲဒီကုမၸဏီကိုႀကီးၾကပ္ခဲ့ကာ (၁၉၆၉) ခုႏွစ္မွာ ကုမၸဏီက အရန္ရန္ပုံေငြျဖစ္တဲ့ Double Eagle ကိုတည္ေထာင္ခဲ့ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈ စည္းမ်ဥ္းေတြက ရန္ပုံေငြအဖြဲ႕ကို စိတ္ ႀကိဳက္အုပ္ခ်ဳပ္ ခြင့္ရမယ့္ သူ႔အရည္အခ်င္းေတြကို ကန႔္သတ္လိုက္တဲ့အတြက္ ေဂ်ာ့စ္ဆိုးေရာ့ဟာ (၁၉၇၃)ခုႏွစ္မွာ အဆိုပါ ကုမၸဏီကိုႀကီးၾကပ္သူရာထူးကေန ႏုတ္ထြက္ခဲ့ပါတယ္။
ေဂ်ာ့ဆိုးေရာ့ရဲ႕မိသားစုလုပ္ငန္းေတြကို ေလ့လာၾကည့္မယ္ဆိုရင္ (၁၉၇၀)မွာ ဆိုးေရာ့ဟာ ဂ်င္မ္ေရာ္ဂ်ာနဲ႔အတူ ဆိုးေရာ့ ေငြေၾကးစီမံခန႔္ခြဲမႈအဖြဲ႕ အစည္းကိုတည္ေထာင္ခဲ့ၿပီး (၁၉၇၃)ခုႏွစ္မွာ ၎ဟာ ရင္းႏွီးျမႇဳပ္ႏွံသူေတြထံကေန အေမရိကန္ ေဒၚလာ(၁၂)သန္းနဲ႔ သူရဲ႕ကိုယ္ပိုင္ ေငြေၾကးအဖြဲ႕အ စည္းကို တည္ေထာင္ခဲ့ပါတယ္။
ဆိုးေရာ့ဟာ အဆိုပါရာထူးကႏုတ္ထြက္ခဲ့ ၿပီးေနာက္ ပုဂၢလိကကရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီကို တည္ေထာင္လိုက္ပါ တယ္။ ေဂ်ာ့ဆိုးေရာ့ဟာ စီးပြားေရး လုပ္ငန္းေတြကို တစ္ခုၿပီးတစ္ခုလုပ္ကိုင္ခဲ့ၿပီး ပိုမိုခ်မ္း သာလာသူျဖစ္လာခဲ့ပါတယ္။ အစပိုင္းက သူနဲ႔ မိတ္ေဆြေတြပူးေပါင္းတည္ေထာင္ထားတဲ့ အဖြဲ႕အစည္းကို ဆိုးေရာ့အဖြဲ႕အစည္းလို႔ေခၚဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာ Quantum အဖြဲ႕အစည္းလို႔ ျပန္လည္အမည္ေပးခဲ့တယ္။ (၂၀ဝဝ)ျပည့္ႏွစ္က Quantum ေငြေၾကးအဖြဲ႕ အစည္းကို ျပန္လည္ဖြဲ႕စည္းခဲ့ၿပီး Quantum အဖြဲ႕အစည္းရဲ႕အရည္အေသြးျမင့္ထုတ္ကုန္ အဖြဲ႕ကိုလည္းတည္ေထာင္ခဲ့ပါ တယ္။ ဆိုးေရာ့ေငြ ေၾကးစီမံခန႔္ခြဲမႈအဖြဲ႕အစည္း LLC ကို Quantum ေငြေၾကးအဖြဲ႕အစည္းရဲ႕ အဓိကက်တဲ့အႀကံေတြေပး တဲ့အဖြဲ႕ျဖစ္လာခဲ့ပါတယ္။
ေဂ်ာ့စ္ဆိုးေရာ့ဟာ ဆိုးေရာ့ေငြေၾကးစီမံခန႔္ ခြဲမႈအဖြဲ႕ရဲ႕ သဘာပတိျဖစ္လာခဲ့ၿပီး လုပ္ငန္းရဲ႕ ေန႔စဥ္ လုပ္ေဆာင္ ခ်က္ေတြကို ဆိုးေရာ့ရဲ႕သားႀကီးႏွစ္ေယာက္နဲ႔ လုပ္ငန္းရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈအရာရွိခ်ဳပ္ Keith Anderson တို႔က စီမံႀကီး ၾကပ္ခဲ့ပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ ေငြေၾကးကစားတာေတြလည္းလုပ္ ေဆာင္ခဲ့ဖူးၿပီး (၁၉၉၂)ခုႏွစ္မွာ Black Wesnesday သတင္းစာက Soros ရန္ပုံေငြေတြဟာ အေမရိကန္ေဒၚလာ (၁၀)ဘီလ်ံတန္ဖိုးရွိၿပီး အဂၤလန္ဘဏ္ရဲ႕ ၿငိဳျငင္မႈကိုခံရကာ ေငြေၾကးစနစ္လဲလွယ္ရန္ေသာ္ လည္းေကာင္း ဥေရာပေငြေၾကးလဲလွယ္မႈယႏၲရားကို ထိခိုက္ေစခဲ့ တယ္လို႔ဆိုပါတယ္။
အဂၤလန္ဘဏ္ရဲ႕ ဥေရာပေငြေၾကးလဲလွယ္ ေပးတဲ့အခႏႈန္းေတြအတြက္ တိုင္းျပည္ရဲ႕ေငြေၾကး ေတြကိုထုတ္ယူခဲ့ ကာ ေပါင္စတာလင္တန္ဖိုးလည္း က်ဆင္းၿပီး ဆိုးေရာ့က ခန႔္မွန္းေျခအားျဖင့္ အေမရိ ကန္ေဒၚလာ (၁.၁)သန္း အက်ိဳးအျမတ္ရရွိလိုက္ တယ္လို႔ဆိုပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ အဂၤလန္ဘဏ္ေတြကို ေငြေၾကးကေမာက္က မျဖစ္ေအာင္ လုပ္ႏိုင္သူ အျဖစ္ ခ်ီးက်ဴးခံခဲ့ရပါတယ္။
ေဂ်ာ့ဆိုးေရာ့ဟာ အဲဒီေနာက္ပိုင္းတည္းက စီးပြားေရးလုပ္ငန္းေတြမွာ ပိုမိုေအာင္ျမင္ႂကြယ္ဝခ်မ္း သာလာခဲ့ၿပီး ဘီလ်ံခ်ီခ်မ္းသာလာခဲ့တယ္လို႔ဆိုၾကပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ(၁၉၉၀)ျပည့္ႏွစ္ကေန (၂၀ဝဝ) ျပည့္ႏွစ္အတြင္း စီးပြားေရးျပႆနာေတြမွာ ပါဝင္ပတ္သက္ခဲ့သူအျဖစ္လည္း ေဝဖန္ခံေနရသူျဖစ္ ပါတယ္။ ေဂ်ာ့ဆိုးေရာ့ရဲ႕ အဓိကေငြ ေၾကးနဲ႔ စီးပြားေရးလုပ္ငန္းေတြဟာ stock၊ bond၊ commodities ေတြဆိုတာထက္ currency market ျဖစ္ၿပီး ႏိုင္ငံ တကာရဲ႕ macro စီးပြားေရးေတြ၊ currency market ေတြကို လိုက္ေလ့လာၿပီး အခြင့္ေကာင္း (market opportunity) ေတြ႕တာနဲ႔ ေငြပုံေအာၿပီး ေငြေၾကးအက်ိဳးျမတ္မ်ားစြာရေအာင္ ေငြေၾကးကစားတာ၊ ေငြေၾကးေလာင္းတာေတြကို လုပ္ကိုင္တယ္လို႔လည္းဆို ၾကပါတယ္။ ေဂ်ာ့ဆိုးေရာ့ အျမတ္ႀကီးမားစြာရရွိတဲ့ အျဖစ္အပ်က္ေတြအနက္ (၁၉၉၂)ခုႏွစ္မွာ အဂၤလန္ ေငြေၾကးေဈးကြက္ပ်က္ၿပီး အဂၤလန္ရဲ႕ ဗဟိုဘဏ္ Bank of England (BoE) အရႈံးေပၚခဲ့ရတဲ့ ျဖစ္ရပ္ အျပင္ (၁၉၉၇)ခုႏွစ္မွာ မေလးရွားနဲ႔ထိုင္းရဲ႕ ေငြေၾကးေဈးကြက္ေတြပ်က္ၿပီး စီးပြားေရးေတြ ကေမာက္ကမ ျဖစ္ခဲ့ရတဲ့ျဖစ္ရပ္ေတြ ဟာ လူသိမ်ားထင္ရွားၿပီး မေလးရွားနဲ႔ထိုင္းေဈးကြက္ႏွစ္ခုေပါင္းကေန ေဂ်ာ့ဆိုးေရာ့ဟာ ေဒၚလာ(၁)ဘီလ်ံ အျမတ္ ထြက္ခဲ့သလို တျခားႏိုင္ငံေတြကေန ေငြကစားရာကေနအက်ိဳး အျမတ္မ်ားစြာရတဲ့အျဖစ္အပ်က္ အမ်ားႀကီးရွိတယ္ လို႔သိရပါတယ္။ ၎ဟာ အသက္(၅၀)ေလာက္က စတင္ၿပီး လူမႈေရးအလုပ္ေတြလုပ္ခဲ့ကာ Open Society Foundations (OSF) ကို တည္ေထာင္ခဲ့ၿပီး ၎ရဲ႕လူမႈေရးအလုပ္ေတြကို တခ်ိဳ႕က အက်ိဳးျပဳတယ္လို႔ယူဆၾကေပမယ့္ တခ်ိဳ႕ကေတာ့ ႏိုင္ငံေတြကို မတည္ၿငိမ္ေအာင္လုပ္ေနကာ ကမာၻႀကီးကို ျခယ္လွယ္ဖို႔ႀကိဳးစားေနတဲ့ ေနာက္ကြယ္က လက္မည္း ႀကီးလို႔ယူဆၾကတယ္။ ေလ့လာသူတစ္ဦးကေတာ့ ‘တကယ္လည္း သူ႔လူမႈေရးအလုပ္ဆိုတာေတြက ႏိုင္ငံ ေရးထဲဝင္ပါတဲ့ကိစၥေတြ ခပ္မ်ားမ်ား။ အေမရိ ကားမွာေတာင္ ေဂ်ာ့ဆိုးေရာ့အေပၚ အျမင္ေတြ မတူၾကဘူး’လို႔ဆိုပါတယ္။
ကမာၻေက်ာ္ဘီလ်ံနာတစ္ဦးျဖစ္တဲ့ အီလြန္ မတ္စ္က ေဂ်ာ့ဆိုးေရာ့ကို “Soros hates humanity”ဆိုတာမ်ိဳး ေဝဖန္ေျပာဆိုခဲ့ဖူးပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ (၁၉၇၀)ျပည့္ႏွစ္ေနာက္ပိုင္းကတည္းက ဆႏၵျပပြဲေတြေနာက္ကြယ္မွာပါ ဝင္ခဲ့သူအျဖစ္ စြပ္စြဲခံရၿပီး ေငြေၾကးေတြကူညီေထာက္ပံ့ေပးခဲ့တယ္ လို႔ဆိုၾကပါတယ္။ (၁၉၇၀) ကတည္းက ဆိုးေရာ့ဟာ လူမ်ိဳးခြဲျခားေရးစနစ္ႀကီးမားတဲ့ ေတာင္အာဖရိကရွိ CapeTown တကၠသိုလ္ကို တက္ေရာက္ခြင့္ရဖို႔ တရားမဝင္ ေက်ာင္းသားေတြကို ေငြေၾကးေထာက္ပံ့ကူ ညီသူအျဖစ္ တက္ႂကြစြာပါဝင္ခဲ့ၿပီး ဆန႔္က်င္သူေတြရဲ႕ လႈပ္ရွားမႈေတြကို ေနာက္ကြယ္မွေနၿပီး ေငြေၾကးလႉ ဒါန္းခဲ့ပါတယ္။ ဆိုးေရာ့ဟာ ကမာၻတစ္ဝန္းရွိ ဆႏၵျပပြဲေတြမွာ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ၿပီး ေငြေၾကးပါဝင္ကူညီေပးခဲ့ဖူးသလို လူမူေရးလုပ္ငန္းေတြမွာလည္း ကူညီပံ့ပိုးေပးခဲ့သူျဖစ္ပါတယ္။ ေဂ်ာ့ဆိုး ေရာ့ဟာ အေမရိကန္ဖြံ႕ၿဖိဳးေရးဗဟိုဌာနကို ေဒၚလာ(၃)သန္း၊ Move On.org သို႔ ေဒၚလာ (၂.၅)သန္းနဲ႔ America Coming Together ကို ေဒၚလာသန္း (၂၀) ကူညီေပးခဲ့ဖူးသလို လက္ရွိအခ်ိန္မွာ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕ ယူႏြတ္ရဲ႕ ေငြေၾကးလုပ္ ငန္းေတြမွာလည္း ေငြေၾကးကူညီေပးခဲ့ဖူးသူျဖစ္ပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ ပရဟိတလုပ္ငန္းေတြ၊ ေဖာင္ေဒးရွင္းေတြတည္ေထာင္ကာ ကူညီေပးေနေပမယ့္ တျခားတစ္ဖက္မွာေတာ့ ႏိုင္ငံေရးအရ ပါဝင္ ဆက္ႏႊယ္ေန တယ္လို႔ဆိုၾကပါတယ္။ ဆိုးေရာ့ရဲ႕ ႏိုင္ငံ ေရး၊ စီးပြားေရး၊ ေဈးကြက္နဲ႔သက္ဆိုင္တဲ့ အေတြးအ ေခၚအယူအဆေတြဟာ ခန႔္မွန္းရခက္ၿပီး နားလည္ဖို႔ ခက္ခဲတယ္လို႔လည္းဆိုၾကပါတယ္။ သူဟာ အာဖရိကတိုက္မွာလည္း ပရိဟိတေဖာင္ေဒး ရွင္းေတြ တည္ေထာင္ထားသလို ကမာၻတစ္ဝန္းရွိ ႏိုင္ငံတခ်ိဳ႕ မွာလည္း သူရဲ႕အေထာက္ပံ့ရယူထားတဲ့ အဖြဲ႕အစည္း ေတြရွိေနပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ ႏိုင္ငံေရးနဲ႔ စီးပြားေရးမွာ လူသိမ်ားထင္ရွားလာခ်ိန္မွာလည္း လုပ္ႀကံ ဖို႔ႀကိဳးပမ္းခံရ တာေတြရွိခဲ့ၿပီး (၂၀၁၈)ခုႏွစ္တုန္းက အေမရိကန္ႏိုင္ငံမွာ လုပ္ႀကံခံရေပမယ့္ အသက္ရွင္ လြတ္ေျမာက္ခဲ့ တယ္လို႔သိရပါ တယ္။
ေဂ်ာ့ဆိုးေရံာရဲ႕ Open Society Foundations ဟာ ကမာၻတစ္ဝန္းမွာ လူမူကူညီေရးလုပ္ ငန္းေတြကူညီေပးခဲ့ဖူး သလို ႏိုင္ငံေရးနဲ႔ဆက္ႏႊယ္တဲ့ ဆႏၵျပပြဲေတြမွာလည္း ဆက္ႏႊယ္ေနတယ္လို႔ စြပ္စြဲမႈေတြလည္း လက္ရွိအခ်ိန္အထိ သတင္းေတြထြက္ ေပၚေနပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ Open Society Foundations မွာ အရင္တုန္းက ဦးေဆာင္လုပ္ကိုင္ ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သားျဖစ္သူနဲ႔လႊဲ ထားပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ ဂ်ဴးေသြးပါသူတစ္ဦး ျဖစ္ေပမယ့္ ဂ်ဴးဆန႔္က်င္ေရးအယူဆရွိသူတစ္ဦးျဖစ္ တယ္လို႔လည္း ေဝဖန္တာမ်ိဳးေတြရွိေနပါတယ္။ သူကိုယ္တိုင္ကလည္း ‘‘ကြၽန္ေတာ့္အေနနဲ႔ ဂ်ဴးေတြ ႏိုင္ငံတစ္ႏိုင္ငံတည္ရွိရမယ့္အခြင့္အေရးကို ျငင္းပယ္ တာမ်ိဳးမရွိပါဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ အဲဒီ ဂ်ဴးႏိုင္ငံထဲမွာ အစိတ္အပိုင္းအျဖစ္ မပါဝင္လိုဘူး” လို႔ေျပာဆိုခဲ့ဖူးပါတယ္။ ေဂ်ာ့ဆိုးေရာ့ရဲ႕ ႏိုင္ငံေတြ အေပၚထားတဲ့ အျမင္သေဘာထားေတြဟာ တစ္သ မတ္တည္းရွိေနမေနဘဲ အေမရိကန္၊ တ႐ုတ္၊ ယူက ရိန္း၊ ႐ုရွားနဲ႔ ဥေရာပတိုက္ရွိ ႏိုင္ငံေတြအေပၚထားတဲ့ ေဂ်ာ့ဆိုးေရာ့ရဲ႕သေဘာထားေတြ ကြဲလြဲတယ္လို႔ သိရပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ အိမ္ေထာင္သုံးႀကိမ္က်ခဲ့ ဖူးၿပီး ႏွစ္ႀကိမ္ကြာရွင္းခဲ့ကာ သားသမီးသုံးဦးရွိေနပါ တယ္။ ေဂ်ာ့ဆိုးေရာ့ဟာ အေမရိကန္ႏိုင္ငံရွိ တကၠ သိုလ္ေတြအပါအဝင္ ႏိုင္ငံတကာကခ်ီးျမႇင့္တဲ့ ဂုဏ္ ထူးေဆာင္ေဒါက္တာဘြဲ႕ေတြလည္းရရွိခဲ့ၿပီး စာအုပ္ စာေပေပါင္းအနည္းဆုံး (၁၄)ခုေရးသားခဲ့ဖူးပါတယ္။ ေဂ်ာ့ဆိုးေရာ့ဟာ လစ္ဘရယ္အယူဆအားသန္သူ တစ္ဦးျဖစ္ၿပီး ကမာၻႀကီးမွာ ပြင့္လင္းလြတ္ေျမာက္ဖို႔ ႀကိဳးပမ္းေနသူတစ္ဦးျဖစ္တယ္လို႔ လစ္ဘရယ္သမား ေတြကေတာ့ ခ်ီးက်ဴးေနဆဲျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံမွာဆိုရင္ ဒီမိုကရက္တစ္ ပါတီကို ေဂ်ာ့ဆိုးေရာ့က ကူညီေထာက္ပံ့ေပးဖူးၿပီး ရီပတ္ဘလီ ကန္ဆန႔္က်င့္ေရးလုပ္ငန္းေတြကို အားေပးသူလည္းျဖစ္ပါတယ္။ မည္သို႔ပင္ဆိုေနေစကာမူေဂ်ာ့ဆိုးေရာ့ရဲ႕ အေတြးေခၚ အယူဆေတြဟာ ကမာၻႀကီးအတြက္ လူသားေတြအေပၚ အက်ိဳးျပဳတာေတြရွိ ေနသလို အဆိုးျဖစ္ေစတာေတြလည္းရွိေန တယ္လို႔ ဆိုႏိုင္ပါတယ္။