အမေရိကန်လွှတ်တော်အမတ်များက လေကြောင်းလိုင်းပြန်အမ်းငွေများ တောင်းခံနိုင်မည့် ဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်

 558

ALynn (NP News) - မေ ၈

အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်သည် လေကြောင်းခရီးသည်များအား ပြန်အမ်းငွေပေးအပ်နိုင်မည့် လေကြောင်းဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကြမ်းကို အင်္ဂါနေ့ (မေလ ၇ ရက်) က သဘောတူခဲ့ကြသည်။

ဧပြီလ ၂၄ ရက်ကတည်းက အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ယခုနှစ်နှောင်းပိုင်းတွင် လေကြောင်းခရီးစဉ်ဖျက်သိမ်းပြီး အခြားလေကြောင်းလိုင်း ပြောင်းလဲမစီးမည့်ခရီးသည်များအား ပြန်အမ်းငွေပေးအပ်ရန်အတွက် စည်းမျဉ်းအသစ်များကို အပြီးသတ်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကွန်ဂရက်စ်တွင် ပါတီနှစ်ရပ်လုံးက ထောက်ခံသည့်အဆိုတွင် “ခရီးသည်များသည် ပြန်အမ်းငွေများကို တောင်းခံရမည်”ဟူ၍ပါရှိနေသည်။ ထို့ကြောင့် ပြန်အမ်းရန်မလိုသော လေယာဉ်လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ခရီးစဉ်ဖျက်သိမ်းသည့်အခါတွင် ပြန်အမ်းငွေမရရှိမည်ကို စိုးရိမ်ကြသည်။ သို့သော် ဥပဒေကြမ်းကို ပြန်လည်စမ်းစစ်ပြီးနောက် အခြေအနေအများစုတွင် အလိုအလျောက်ပြန်အမ်းငွေကို ရယူနိုင်ကြောင်း သိရှိရသည်။ သို့သော် ခရီးသည်အနေဖြင့် အခြားလေကြောင်းလိုင်းကို ကြိုတင်စာရင်းသွင်းလျှင်ဖြစ်စေ၊ အခြားလေကြောင်းခရီးစဉ်သစ်သို့ ပြောင်းလဲစီးနင်းလျှင်ဖြစ်စေ အလိုအလျောက်ပြန်အမ်းငွေကို လျှောက်ထားခွင့်မရှိပါ။

ပြန်လည်ပြင်ဆင်ထားသော ဥပဒေကြမ်းအား သောကြာနေ့နောက်ဆုံးထား၍ အတည်ပြုချက် ရရှိနိုင်မည်ဟု အထက်လွှတ်တော်အမတ်များက မျှော်လင့်နေကြသည်။ သို့ဆိုလျှင် ၎င်းဥပဒေကြမ်းအရ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးကို ငါးနှစ်ကြာ ပြန်လည်စီမံခွင့်ရှိလာမည်ဖြစ်သည်။ ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် Ed Markey က အဆိုပါ ငွေပြန်အမ်းငွေဥပဒေကြမ်းသည် နေရာတိုင်းရှိလေကြောင်းလိုင်း သုံးစွဲသူများအတွက် အောင်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

သမ္မတ Joe Biden သည် ပြီးခဲ့သည့်နှစ်၊ မေလက သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ပျံသန်းမှုနောက်ကျခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများအတွက် ခရီးသည်များအား လျော် ကြေးငွေပေးရန် စည်းမျဉ်းအသစ်များချမှတ်ရန် အဆိုပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စာမျက်နှာ ၁,၁၀၀ နီးပါးရှိသော အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံရှိသည့် ဥပဒေကြမ်းတွင် ခရီးစဉ်အနီးကပ်မတော်တဆဖြစ်ရပ်များကို ရှောင်ရှားရန်အတွက် လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းများနှင့် လေကြောင်းလိုင်းများအတွက် ရန်ပုံငွေမြှင့်တင်ပေးခြင်းတို့ ပါဝင်သွားမည်ဖြစ်သည်။ သို့သော် အောက်လွှတ်တော်က အတည်ပြုသည့် ပြဋ္ဌာန်းချက်ဖြစ်သော လေယာဉ်မှူးများ လေကြောင်းလိုင်းမှ အငြိမ်းစားယူရမည့် အသက်ကို ၆၅ နှစ်မှ ၆၇ နှစ်သို့ တိုးမြှင့်ခြင်းအချက် မပါဝင်ပါ။

ဥပဒေကြမ်းအရ အတူထိုင်သည့်မိသားစုများထံမှ အခကြေးငွေထပ်မံကောက်ခြင်းကို တားမြစ်ထားပြီး လေကြောင်းလိုင်းများအနေဖြင့် ပြေစာများ၊ စာရင်းသွင်းလက်မှတ်အထောက်အထားများကို အနည်းဆုံး ၅ နှစ်အထိ လက်ခံပေးသွားရမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် လေယာဉ်မှူး အခန်းတွင် ၂၅ နာရီကြာ မှတ်တမ်းတင်နိုင်သည့် ကိရိယာများကို တပ်ဆင်ထားရန်နှင့် လေယာဉ်များ အချင်းချင်းတိုက်မိခြင်းမှ ကာကွယ်ရန် အဆင့်မြင့်လေဆိပ်မျက်နှာပြင်နည်းပညာကို အသုံးပြုရန် FAA အား ညွှန်ကြားထားသည်။

zawgyi version
အေမရိကန္လႊတ္ေတာ္အမတ္မ်ားက ေလေၾကာင္းလိုင္းျပန္အမ္းေငြမ်ား ေတာင္းခံႏိုင္မည့္ ဥပေဒၾကမ္းကို ျပန္လည္ျပင္ဆင္
ALynn (NP News) - ေမ ၈

အေမရိကန္ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္သည္ ေလေၾကာင္းခရီးသည္မ်ားအား ျပန္အမ္းေငြေပးအပ္ႏိုင္မည့္ ေလေၾကာင္းဆိုင္ရာ ျပင္ဆင္သည့္ ဥပေဒၾကမ္းကို အဂၤါေန႔ (ေမလ ၇ ရက္) က သေဘာတူခဲ့ၾကသည္။

ဧၿပီလ ၂၄ ရက္ကတည္းက အေမရိကန္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက ယခုႏွစ္ေႏွာင္းပိုင္းတြင္ ေလေၾကာင္းခရီးစဥ္ဖ်က္သိမ္းၿပီး အျခားေလေၾကာင္းလိုင္း ေျပာင္းလဲမစီးမည့္ခရီးသည္မ်ားအား ျပန္အမ္းေငြေပးအပ္ရန္အတြက္ စည္းမ်ဥ္းအသစ္မ်ားကို အၿပီးသတ္ခ်မွတ္ခဲ့သည္။

ၿပီးခဲ့သည့္အပတ္က ကြန္ဂရက္စ္တြင္ ပါတီႏွစ္ရပ္လုံးက ေထာက္ခံသည့္အဆိုတြင္ “ခရီးသည္မ်ားသည္ ျပန္အမ္းေငြမ်ားကို ေတာင္းခံရမည္”ဟူ၍ပါရွိေနသည္။ ထို႔ေၾကာင့္ ျပန္အမ္းရန္မလိုေသာ ေလယာဥ္လက္မွတ္ဝယ္ယူထားသည့္ ခရီးသည္မ်ားအေနျဖင့္ ခရီးစဥ္ဖ်က္သိမ္းသည့္အခါတြင္ ျပန္အမ္းေငြမရရွိမည္ကို စိုးရိမ္ၾကသည္။ သို႔ေသာ္ ဥပေဒၾကမ္းကို ျပန္လည္စမ္းစစ္ၿပီးေနာက္ အေျခအေနအမ်ားစုတြင္ အလိုအေလ်ာက္ျပန္အမ္းေငြကို ရယူႏိုင္ေၾကာင္း သိရွိရသည္။ သို႔ေသာ္ ခရီးသည္အေနျဖင့္ အျခားေလေၾကာင္းလိုင္းကို ႀကိဳတင္စာရင္းသြင္းလွ်င္ျဖစ္ေစ၊ အျခားေလေၾကာင္းခရီးစဥ္သစ္သို႔ ေျပာင္းလဲစီးနင္းလွ်င္ျဖစ္ေစ အလိုအေလ်ာက္ျပန္အမ္းေငြကို ေလွ်ာက္ထားခြင့္မရွိပါ။

ျပန္လည္ျပင္ဆင္ထားေသာ ဥပေဒၾကမ္းအား ေသာၾကာေန႔ေနာက္ဆုံးထား၍ အတည္ျပဳခ်က္ ရရွိႏိုင္မည္ဟု အထက္လႊတ္ေတာ္အမတ္မ်ားက ေမွ်ာ္လင့္ေနၾကသည္။ သို႔ဆိုလွ်င္ ၎ဥပေဒၾကမ္းအရ ဖက္ဒရယ္ေလေၾကာင္းအုပ္ခ်ဳပ္ေရးကို ငါးႏွစ္ၾကာ ျပန္လည္စီမံခြင့္ရွိလာမည္ျဖစ္သည္။ ဒီမိုကရက္တစ္အထက္လႊတ္ေတာ္အမတ္ Ed Markey က အဆိုပါ ေငြျပန္အမ္းေငြဥပေဒၾကမ္းသည္ ေနရာတိုင္းရွိေလေၾကာင္းလိုင္း သုံးစြဲသူမ်ားအတြက္ ေအာင္ပြဲျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

သမၼတ Joe Biden သည္ ၿပီးခဲ့သည့္ႏွစ္၊ ေမလက သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနသည္ ပ်ံသန္းမႈေနာက္က်ျခင္း သို႔မဟုတ္ ဖ်က္သိမ္းျခင္းမ်ားအတြက္ ခရီးသည္မ်ားအား ေလ်ာ္ ေၾကးေငြေပးရန္ စည္းမ်ဥ္းအသစ္မ်ားခ်မွတ္ရန္ အဆိုျပဳသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ စာမ်က္ႏွာ ၁,၁၀၀ နီးပါးရွိေသာ အေမရိကန္ေဒၚလာ ၁၀၅ ဘီလီယံရွိသည့္ ဥပေဒၾကမ္းတြင္ ခရီးစဥ္အနီးကပ္မေတာ္တဆျဖစ္ရပ္မ်ားကို ေရွာင္ရွားရန္အတြက္ ေလေၾကာင္းထိန္းခ်ဳပ္ေရး ဝန္ထမ္းမ်ားႏွင့္ ေလေၾကာင္းလိုင္းမ်ားအတြက္ ရန္ပုံေငြျမႇင့္တင္ေပးျခင္းတို႔ ပါဝင္သြားမည္ျဖစ္သည္။ သို႔ေသာ္ ေအာက္လႊတ္ေတာ္က အတည္ျပဳသည့္ ျပ႒ာန္းခ်က္ျဖစ္ေသာ ေလယာဥ္မႉးမ်ား ေလေၾကာင္းလိုင္းမွ အၿငိမ္းစားယူရမည့္ အသက္ကို ၆၅ ႏွစ္မွ ၆၇ ႏွစ္သို႔ တိုးျမႇင့္ျခင္းအခ်က္ မပါဝင္ပါ။

ဥပေဒၾကမ္းအရ အတူထိုင္သည့္မိသားစုမ်ားထံမွ အခေၾကးေငြထပ္မံေကာက္ျခင္းကို တားျမစ္ထားၿပီး ေလေၾကာင္းလိုင္းမ်ားအေနျဖင့္ ေျပစာမ်ား၊ စာရင္းသြင္းလက္မွတ္အေထာက္အထားမ်ားကို အနည္းဆုံး ၅ ႏွစ္အထိ လက္ခံေပးသြားရမည္ျဖစ္ေၾကာင္း ပါရွိသည္။ ထို႔ျပင္ ေလယာဥ္မႉး အခန္းတြင္ ၂၅ နာရီၾကာ မွတ္တမ္းတင္ႏိုင္သည့္ ကိရိယာမ်ားကို တပ္ဆင္ထားရန္ႏွင့္ ေလယာဥ္မ်ား အခ်င္းခ်င္းတိုက္မိျခင္းမွ ကာကြယ္ရန္ အဆင့္ျမင့္ေလဆိပ္မ်က္ႏွာျပင္နည္းပညာကို အသုံးျပဳရန္ FAA အား ၫႊန္ၾကားထားသည္။

Related news

© 2021. All rights reserved.