ဘာဂရမ်လေတပ်စခန်းကို “ထရမ့်” ဘာကြောင့် ပြန်ယူဖို့ကြိုးစားနေတာလဲ

572

သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၁၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အာဖဂန်နစ္စတန်ရှိ ဘာဂရမ်လေတပ်စခန်း (Bagram Airfield) ကို အမေရိကန်ထိန်းချုပ်မှုအောက် ပြန် လည်ရောက်ရှိရန်အတွက် တာလီဘန်များနှင့်ဆွေးနွေး နေသည်ဟုပြောကြားခဲ့ပြီး အဆိုပါစခန်းကို စွန့် လွှတ်ခဲ့သည့်ဆုံးဖြတ်ချက်သည် မှားယွင်းမှုတစ်ခုဖြစ် ကြောင်း ပြောဆိုခဲ့သည်။ ထရမ့်က အိမ်ဖြူတော်သတင်းထောက်တွေကို “ကျွန်တော်တို့ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့သင့်ဘူး”ဟုပြောဆိုခဲ့သည်။ ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့၏ (၂၀၂၁) ခုနှစ် အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာမှုကိုဝေဖန်ခဲ့ပြီး အဆိုပါဆုတ်ခွာမှုကို “လုံးဝ ကပ်ဘေးကြီး” အဖြစ်ရည်ညွှန်းပြောဆိုခဲ့သည်။
အရေးပါသော ခံတပ်ကာဘူးလ်မြို့မြောက်ဘက် တစ်နာရီခန့်အကွာတွင်တည်ရှိသည့် အဆိုပါ လေတပ်စခန်းကို အမေရိကန်တို့ စွန့်ခွာသွားပြီးနောက် တာလီဘန်တို့ကသိမ်းယူခဲ့ခြင်းဖြစ်သည်။ ဘာ ဂရမ် လေတပ်စခန်းသည် နှစ်ပေါင်းများစွာကြာအောင် အာဖဂန်နစ္စတန်တွင်ရှိသည့် အမေရိကန် စစ်ဆင် မှုများ၏ဗဟိုချက်မဖြစ်ခဲ့သည်။ (၂၀၁၂)ခုနှစ်တွင် အဆိုပါစခန်းသည် အမေရိကန်တပ်ဖွဲ့ဝင် တစ်သိန်း ကျော်ကို လက်ခံထားရှိခဲ့ကြောင်း NBC News သတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။ ကျယ်ပြန့်သည့် လေယာဉ်ပြေးလမ်းများနှင့် ခိုင်ခံ့သည့်အခြေခံ အဆောက်အအုံများကြောင့် တာလီဘန်၊ အယ်လ် ကိုင်ဒါ တို့နှင့် တိုက်ခိုက်ရာတွင် တိုက်ခိုက်ရေးမစ်ရှင်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်လှမ်းရေး အချက် အလက် စုဆောင်းမှုများအတွက် အဓိကဗဟိုချက်ဖြစ်လာခဲ့သည်။
“တစ်နာရီ”ဟူသောပြောဆိုချက်မှာ အလင်္ကာမြောက်သောစကားလုံးဖြစ်သော်လည်း ရည်ရွယ် ချက်မှာရှင်းသည်။ တရုတ်နိုင်ငံသည် ၎င်း၏ နျူကလီးယားလက်နက်တိုက်နှင့် ကွပ်ကဲရေးကွန်ရက် များ ကို လျင်မြန်စွာ ခေတ်မီအောင်လုပ်ဆောင်နေချိန်တွင် ဘာဂရမ်ကို တရုတ်၏စစ်ရေးအခြေခံအဆောက် အအုံများကိုစောင့်ကြည့်နိုင်သည့် အလားအလာရှိ သောနေရာတစ်နေရာအဖြစ် အသုံးချရန်ရည်ရွယ် ထားပုံရသည်။ ထိုစခန်းမှနေ၍ အမေရိကန်၏ လေကြောင်းထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်း ထောက်ရေး (ISR) စနစ်များသည် တရုတ်နိုင်ငံကို တုံ့ပြန်ချိန်လျှော့ချနိုင်သည်။ အဆိုပါအချက်သည် တရုတ်နိုင်ငံကို စိန်ခေါ်မှုနှစ်ခုဖြစ်စေနိုင်သည်။ ပစိဖိတ်ရှိ ပင်လယ်ပြင်ဆိုင်ရာ အဓိကစိန်ခေါ်မှုနှင့် ၎င်း ၏အနောက်ဘက်ခြမ်းရှိ တိုက်ကြီးအခြေပြု ခြိမ်းခြောက်မှုအသစ်တို့ပင်ဖြစ်သည်။
မူလလေတပ်စခန်းကို (၁၉၅၀) ပြည့်လွန် နှစ်များအစောပိုင်းတွင် ထိုအချိန်က ဆိုဗီယက်ယူနီ ယံ၏အကူအညီဖြင့်တည်ဆောက်ခဲ့ပြီး စစ်အေးခေတ် တွင် အမေရိကန်၏အကူအညီဖြင့်ချဲ့ထွင်ခဲ့ကာ ဆယ် စုနှစ်တစ်ခုကြာ ဆိုဗီယက်တို့ အာဖဂန်နစ္စတန်ကိုသိမ်း ပိုက်စဉ်ကာလတွင် ရုရှားတို့က ထပ်မံချဲ့ ထွင်ခဲ့သည်။ (၂၀၁၀)ပြည့်နှစ်ဝန်းကျင် အမေရိကန်ထိန်းချုပ်မှု အမြင့်ဆုံးကာလတွင် ၎င်းသည် မြို့ငယ် လေးတစ်မြို့ အရွယ်အထိကြီးထွားလာခဲ့ပြီး စူပါမားကက်များနှင့် Dairy Queen နှင့် Burger King ကဲ့သို့ သော ဆိုင်ခန်းများရှိသည်အထိစည်ကားလာခဲ့သည်။ အမေရိကန်သမ္မတများသည် အဆိုပါစခန်းသို့ လာ ရောက် လည်ပတ်ခဲ့ကြပြီး (၂၀၁၂)ခုနှစ်တွင် ဘားရက်အိုဘား မားနှင့် (၂၀၁၉)ခုနှစ်တွင် ဒေါ်နယ် ထရမ့် တို့ပါဝင်သည်။
ဘာအတွက် လိုချင်တာလဲ
ထရမ့်သည် လေတပ်စခန်း၏ မဟာဗျူဟာ မြောက်တန်ဖိုးကို မီးမောင်းထိုးပြခဲ့သည်။ စစ်ရေး အရ လက်လှမ်းမီမှုအတွက်သာမက အမေရိကန်၏ ပြိုင်ဘက် မဟာအင်အားကြီးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံကိုစောင့်ကြည့်ရန်အတွက် ဖြစ်သည်ဟုဆိုသည်။ အဆိုပါလေတပ်စခန်းသည် နျူကလီး ယားလက်နက်များထုတ်လုပ်သည့်နေရာနှင့် တစ်နာရီအကွာတွင်ရှိသည်ဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုထားသည်။ ဘာဂရမ်၏ ထူးခြားသည့် လေယာဉ်ပြေး လမ်းစွမ်းဆောင်ရည်နှင့်ခိုင်ခံ့မှုကို မီးမောင်းထိုးပြခဲ့ပြီး အကြီးဆုံးလေယာဉ်များကိုပါ လက်ခံနိုင်စွမ်းရှိကြောင်းမှတ်ချက်ပြုခဲ့သည်။ ဒေါ်နယ် ထရမ့်၏ခြိမ်း ခြောက်မှုသည် တရုတ်နိုင်ငံကို တိုက်ရိုက်ရည်ရွယ် ထားခြင်းမှာသေချာသည်။ ရှင်းကျန်း အနီးတွင် အမေရိကန်၏ ISR ခြေကုပ်စခန်းတစ်ခုရှိလာနိုင်ခြင်းသည် တရုတ်နိုင်ငံရေးမူဝါဒ ရေးဆွဲသူ များကို ရှုပ်ထွေး မှုများဖြစ်စေနိုင်သည်ဟု သုံးသပ်နေကြသည်။
CNN သတင်းဌာန၏ဖော်ပြချက်အရ ဘာဂရမ်ကို အမေရိကန်ထိန်းချုပ်မှုအောက်ပြန်ယူရန် ဆွေးနွေးမှုများသည် (၂၀၂၅)ခုနှစ် မတ်လကတည်းက စတင်ခဲ့သည်ဟုဆိုသည်။ ဒေါ်နယ်ထရမ့်နှင့် ၎င်း ၏ အမျိုးသားလုံခြုံရေးအကြံပေးအကြီးအကဲများသည် အဆိုပါစခန်းကို အကြောင်းရင်းများစွာအတွက် မရှိမဖြစ်လိုအပ်သည်ဟု ရှုမြင်ကြောင်း သတင်းအရင်း အမြစ်များကပြောကြားခဲ့သည်။ အဆိုပါ အ ကြောင်း ရင်းများထဲမှတစ်ခုမှာ မိုင်(၅၀ဝ)အောက်သာဝေး သည့်တရုတ်နိုင်ငံကို စောင့်ကြည့်ရန်လည်း ပါဝင်သည် ဟုဆိုသည်။ အခြားအကြောင်းရင်းများမှာ အာဖဂန် နစ္စတန်၏ မြေရှားသတ္တုသိုက်များကို ဝင်ရောက်ခွင့်လုံ ခြုံအောင်လုပ်ခြင်း၊ အိုင်အက်စ်တို့ကိုပစ်မှတ်ထား သည့် အကြမ်းဖက် မှုတန်ပြန်ရေး ဗဟိုချက်ကို ပြန် လည်တည်ထောင်ခြင်းနှင့် သံတမန်ရေးမစ်ရှင် ပြန် လည်ဖွင့်လှစ်ရန် ဖြစ်နိုင်ခြေတို့ လည်းပါဝင်နိုင်သည်။
ဒေသဆိုင်ရာ ခြိမ်းခြောက်မှုများကို တန်ပြန်ခြင်း
တရုတ်နိုင်ငံတွင် နျူကလီးယားထိပ်ဖူး (၆၀ဝ)ခန့်ရှိနေပြီဖြစ်ကြောင်း ချီကာဂိုအခြေစိုက် Bulletin of the Atomic Scientists အဖွဲ့က ခန့်မှန်းထားသည်။ အမေရိကန်အတွက် ဘာဂရမ်ကို ပြန် လည်ရရှိခြင်းသည် တရုတ်၏စစ်ရေးလှုပ်ရှားမှုများ ကို စောင့်ကြည့်ထောက်လှမ်းနိုင်ရုံသာမက တောင် အာရှနှင့် အလယ်အာရှတစ်လျှောက်လုံးတွင် အကြမ်း ဖက်မှုတန်ပြန်ရေးစစ်ဆင်မှုအတွက် အရေးပါ သည့် စတင်ရာနေရာလည်း ဖြစ်နိုင်သည်ဟုသုံးသပ်ကြသည်။
CNN ၏ဖော်ပြချက်အရ အမေရိကန်တပ် ဖွဲ့ဝင်များသည် (၂၀၂၁)ခုနှစ် ဇူလိုင်လတွင် ဘာဂရမ် လေတပ်စခန်းမှ နောက်ဆုံးထွက်ခွာခဲ့ကြသည်။ အဆိုပါစခန်းသည် ဆယ်စုနှစ်နှစ်ခုနီးပါး အာဖဂန် နစ္စတန်ရှိ အမေရိကန်စစ်အင်အား၏ ဗဟိုချက်ဖြစ်ခဲ့သည်။ နှစ်မိုင်ရှည်သော လေယာဉ်ပြေးလမ်းသည် နိုင်ငံတစ်ဝန်း စစ်ရေးစစ်ဆင်မှုများအတွက် စတင်ရာ နေရာဖြစ်ပြီး ကုန်တင်လေယာဉ်များ၊ တိုက် လေ ယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များအတွက် သင့် လျော်သည့်နေရာအကျယ်အဝန်းရှိသည်။ သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်၊ ဘားရက်အိုဘားမားနှင့် ဒေါ်နယ် ထရမ့်တို့သည် ၎င်းတို့၏ ရာထူး သက်တမ်း အတွင်း အာဖဂန်နစ္စတန်အတွက် အောင်ပွဲနှင့် ပိုမိုကောင်းမွန် သောအနာဂတ်ကိုကတိပြုကာ ဘာဂရမ် သို့ သွားရောက်ခဲ့ကြသည်။ အဆိုပါစခန်းကိုလည်း နှစ်ပေါင်း များစွာကြာအောင် တာလီဘန်တို့၏ အသေ ခံဗုံးခွဲမှု များနှင့် ဒုံးကျည်ပစ်ခတ်မှုများအပါအဝင် တိုက်ခိုက်မှု များစွာ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။
တရုတ်နှင့် အာဖဂန်နစ္စတန်၏ တုံ့ ပြန်မှု
ဘာဂရမ်နှင့်ပတ်သက်သော ထရမ့်၏မှတ်ချက်များကို တရုတ်နိုင်ငံကတုံ့ပြန်ရာတွင် “အာဖဂန် နစ္စတန်၏ အချုပ်အခြာအာဏာကိုလေးစားသည်” ဟုပြောကြားခဲ့ပြီး အမေရိကန်ကို “တင်းမာမှုများမ ဖြစ်ပွားစေရန်” သတိပေးခဲ့ခြင်းသည် ဒေါ်နယ်ထရမ့် ၏သတင်းစကား တရုတ်ခေါင်းဆောင်များထံသို့ ရောက်ရှိသွားသည်ဆိုသည့်လက္ခဏာပင် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာဘူးလ်မြို့မြောက်ဘက်ရှိ ဘာဂရမ်လေတပ်စခန်း (Bagram Air Base) ကိုပြန်မပေးပါက အာဖဂန်နစ္စ တန်ကိုပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး နောက် တာလီဘန်အစိုးရအဖွဲ့မှအရာရှိတစ်ဦးက အဆိုပါစခန်းကို အမေရိကန်အား ပြန်လည်အပ်နှံမည့် သဘောတူညီချက်သည် ]မဖြစ်နိုင်ပါ}ဟုပြောကြား ခဲ့သည်။ အဆိုပါစခန်းကို အမေရိကန်တပ်ဖွဲ့များ စွန့်ခွာခဲ့သည်မှာ လေးနှစ်ကြာပြီဖြစ်သည်။ မြို့တော် ကာ ဘူးလ်၏မြောက်ဘက်တွင်တည်ရှိသော အာဖ ဂန်နစ္စ တန်ရှိ အကြီးဆုံးလေတပ်စခန်းဖြစ်သည့် ဘာဂရမ် သည် တာလီဘန်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့ သော အမေရိကန်၏ နှစ် (၂၀)စစ်ပွဲအတွင်း စစ်ဆင်ရေးများ ၏ဗဟိုချက်ဖြစ်ခဲ့သည်။
“အာဖဂန်နစ္စတန်၏ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်အချုပ်အခြာအာဏာသည် အရေးအကြီး ဆုံးဖြစ်သည်” ဟု အာဖဂန်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်တစ်ခု၌ သတိပေးပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်သည် အဆိုပါ စခန်းဆုံးရှုံးမှုကို တရုတ်နိုင်ငံနှင့်နီးကပ်မှုကိုထောက်ပြကာ ထပ်ခါတ လဲလဲ ဝေဖန်ခဲ့သည်။ သို့သော် ဗြိတိန်သို့ နိုင်ငံတော် ခရီးစဉ်အတွင်းမှသာ အဆိုပါစခန်းကို အမေရိကန် နိုင်ငံက ပြန်လည်ထိန်းချုပ်လိုသည့်စိတ်ကူးကို ပထမ ဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ခဲ့ခြင်းဖြစ် သည်။ ဘာဂရမ်လေယာဉ်ပြေးလမ်းပေါ်တွင် အမေရိကန်အ လံ ပြန်လည်ရောက်ရှိသည် ဖြစ်စေ၊ မရောက်ရှိသည် ဖြစ်စေ သမ္မတဒေါ်နယ်ထရမ့်၏ပြောဆိုချက်သည် တရုတ်နိုင်ငံအတွက် စိုးရိမ်စရာဖြစ် စေသည်မှာ သေချာသည်။

Zawgyi Version:
ဘာဂရမ္ေလတပ္စခန္းကို “ထရမ့္” ဘာေၾကာင့္ ျပန္ယူဖို႔ႀကိဳးစားေနတာလဲ
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၁၃
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ အာဖဂန္နစၥတန္ရွိ ဘာဂရမ္ေလတပ္စခန္း (Bagram Airfield) ကို အေမရိကန္ထိန္းခ်ဳပ္မႈေအာက္ ျပန္ လည္ေရာက္ရွိရန္အတြက္ တာလီဘန္မ်ားႏွင့္ေဆြးေႏြး ေနသည္ဟုေျပာၾကားခဲ့ၿပီး အဆိုပါစခန္းကို စြန႔္ လႊတ္ခဲ့သည့္ဆုံးျဖတ္ခ်က္သည္ မွားယြင္းမႈတစ္ခုျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္။ ထရမ့္က အိမ္ျဖဴေတာ္သတင္းေထာက္ေတြကို “ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ မစြန႔္လႊတ္ခဲ့သင့္ဘူး”ဟုေျပာဆိုခဲ့သည္။ ဂ်ိဳးဘိုင္ဒန္ အစိုးရအဖြဲ႕၏ (၂၀၂၁) ခုႏွစ္ အာဖဂန္နစၥတန္ကေန ဆုတ္ခြာမႈကိုေဝဖန္ခဲ့ၿပီး အဆိုပါဆုတ္ခြာမႈကို “လုံးဝ ကပ္ေဘးႀကီး” အျဖစ္ရည္ၫႊန္းေျပာဆိုခဲ့သည္။
အေရးပါေသာ ခံတပ္ကာဘူးလ္ၿမိဳ႕ေျမာက္ဘက္ တစ္နာရီခန႔္အကြာတြင္တည္ရွိသည့္ အဆိုပါ ေလတပ္စခန္းကို အေမရိကန္တို႔ စြန႔္ခြာသြားၿပီးေနာက္ တာလီဘန္တို႔ကသိမ္းယူခဲ့ျခင္းျဖစ္သည္။ ဘာ ဂရမ္ ေလတပ္စခန္းသည္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အာဖဂန္နစၥတန္တြင္ရွိသည့္ အေမရိကန္ စစ္ဆင္ မႈမ်ား၏ဗဟိုခ်က္မျဖစ္ခဲ့သည္။ (၂၀၁၂)ခုႏွစ္တြင္ အဆိုပါစခန္းသည္ အေမရိကန္တပ္ဖြဲ႕ဝင္ တစ္သိန္း ေက်ာ္ကို လက္ခံထားရွိခဲ့ေၾကာင္း NBC News သတင္းတစ္ရပ္တြင္ေဖာ္ျပခဲ့သည္။ က်ယ္ျပန႔္သည့္ ေလယာဥ္ေျပးလမ္းမ်ားႏွင့္ ခိုင္ခံ့သည့္အေျခခံ အေဆာက္အအုံမ်ားေၾကာင့္ တာလီဘန္၊ အယ္လ္ ကိုင္ဒါ တို႔ႏွင့္ တိုက္ခိုက္ရာတြင္ တိုက္ခိုက္ေရးမစ္ရွင္မ်ား၊ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ ေထာက္လွမ္းေရး အခ်က္ အလက္ စုေဆာင္းမႈမ်ားအတြက္ အဓိကဗဟိုခ်က္ျဖစ္လာခဲ့သည္။
“တစ္နာရီ”ဟူေသာေျပာဆိုခ်က္မွာ အလကၤာေျမာက္ေသာစကားလုံးျဖစ္ေသာ္လည္း ရည္႐ြယ္ ခ်က္မွာရွင္းသည္။ တ႐ုတ္ႏိုင္ငံသည္ ၎၏ န်ဴကလီးယားလက္နက္တိုက္ႏွင့္ ကြပ္ကဲေရးကြန္ရက္ မ်ား ကို လ်င္ျမန္စြာ ေခတ္မီေအာင္လုပ္ေဆာင္ေနခ်ိန္တြင္ ဘာဂရမ္ကို တ႐ုတ္၏စစ္ေရးအေျခခံအေဆာက္ အအုံမ်ားကိုေစာင့္ၾကည့္ႏိုင္သည့္ အလားအလာရွိ ေသာေနရာတစ္ေနရာအျဖစ္ အသုံးခ်ရန္ရည္႐ြယ္ ထားပုံရသည္။ ထိုစခန္းမွေန၍ အေမရိကန္၏ ေလေၾကာင္းေထာက္လွမ္းေရး၊ ေစာင့္ၾကည့္ေရးႏွင့္ ကင္း ေထာက္ေရး (ISR) စနစ္မ်ားသည္ တ႐ုတ္ႏိုင္ငံကို တုံ႔ျပန္ခ်ိန္ေလွ်ာ့ခ်ႏိုင္သည္။ အဆိုပါအခ်က္သည္ တ႐ုတ္ႏိုင္ငံကို စိန္ေခၚမႈႏွစ္ခုျဖစ္ေစႏိုင္သည္။ ပစိဖိတ္ရွိ ပင္လယ္ျပင္ဆိုင္ရာ အဓိကစိန္ေခၚမႈႏွင့္ ၎ ၏အေနာက္ဘက္ျခမ္းရွိ တိုက္ႀကီးအေျချပဳ ၿခိမ္းေျခာက္မႈအသစ္တို႔ပင္ျဖစ္သည္။
မူလေလတပ္စခန္းကို (၁၉၅၀) ျပည့္လြန္ ႏွစ္မ်ားအေစာပိုင္းတြင္ ထိုအခ်ိန္က ဆိုဗီယက္ယူနီ ယံ၏အကူအညီျဖင့္တည္ေဆာက္ခဲ့ၿပီး စစ္ေအးေခတ္ တြင္ အေမရိကန္၏အကူအညီျဖင့္ခ်ဲ႕ထြင္ခဲ့ကာ ဆယ္ စုႏွစ္တစ္ခုၾကာ ဆိုဗီယက္တို႔ အာဖဂန္နစၥတန္ကိုသိမ္း ပိုက္စဥ္ကာလတြင္ ႐ုရွားတို႔က ထပ္မံခ်ဲ႕ ထြင္ခဲ့သည္။ (၂၀၁၀)ျပည့္ႏွစ္ဝန္းက်င္ အေမရိကန္ထိန္းခ်ဳပ္မႈ အျမင့္ဆုံးကာလတြင္ ၎သည္ ၿမိဳ႕ငယ္ ေလးတစ္ၿမိဳ႕ အ႐ြယ္အထိႀကီးထြားလာခဲ့ၿပီး စူပါမားကက္မ်ားႏွင့္ Dairy Queen ႏွင့္ Burger King ကဲ့သို႔ ေသာ ဆိုင္ခန္းမ်ားရွိသည္အထိစည္ကားလာခဲ့သည္။ အေမရိကန္သမၼတမ်ားသည္ အဆိုပါစခန္းသို႔ လာ ေရာက္ လည္ပတ္ခဲ့ၾကၿပီး (၂၀၁၂)ခုႏွစ္တြင္ ဘားရက္အိုဘား မားႏွင့္ (၂၀၁၉)ခုႏွစ္တြင္ ေဒၚနယ္ ထရမ့္ တို႔ပါဝင္သည္။
ဘာအတြက္ လိုခ်င္တာလဲ
ထရမ့္သည္ ေလတပ္စခန္း၏ မဟာဗ်ဴဟာ ေျမာက္တန္ဖိုးကို မီးေမာင္းထိုးျပခဲ့သည္။ စစ္ေရး အရ လက္လွမ္းမီမႈအတြက္သာမက အေမရိကန္၏ ၿပိဳင္ဘက္ မဟာအင္အားႀကီးႏိုင္ငံျဖစ္လာသည့္ တ႐ုတ္ႏိုင္ငံကိုေစာင့္ၾကည့္ရန္အတြက္ ျဖစ္သည္ဟုဆိုသည္။ အဆိုပါေလတပ္စခန္းသည္ န်ဴကလီး ယားလက္နက္မ်ားထုတ္လုပ္သည့္ေနရာႏွင့္ တစ္နာရီအကြာတြင္ရွိသည္ဟု သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုထားသည္။ ဘာဂရမ္၏ ထူးျခားသည့္ ေလယာဥ္ေျပး လမ္းစြမ္းေဆာင္ရည္ႏွင့္ခိုင္ခံ့မႈကို မီးေမာင္းထိုးျပခဲ့ၿပီး အႀကီးဆုံးေလယာဥ္မ်ားကိုပါ လက္ခံႏိုင္စြမ္းရွိေၾကာင္းမွတ္ခ်က္ျပဳခဲ့သည္။ ေဒၚနယ္ ထရမ့္၏ၿခိမ္း ေျခာက္မႈသည္ တ႐ုတ္ႏိုင္ငံကို တိုက္႐ိုက္ရည္႐ြယ္ ထားျခင္းမွာေသခ်ာသည္။ ရွင္းက်န္း အနီးတြင္ အေမရိကန္၏ ISR ေျခကုပ္စခန္းတစ္ခုရွိလာႏိုင္ျခင္းသည္ တ႐ုတ္ႏိုင္ငံေရးမူဝါဒ ေရးဆြဲသူ မ်ားကို ရႈပ္ေထြး မႈမ်ားျဖစ္ေစႏိုင္သည္ဟု သုံးသပ္ေနၾကသည္။
CNN သတင္းဌာန၏ေဖာ္ျပခ်က္အရ ဘာဂရမ္ကို အေမရိကန္ထိန္းခ်ဳပ္မႈေအာက္ျပန္ယူရန္ ေဆြးေႏြးမႈမ်ားသည္ (၂၀၂၅)ခုႏွစ္ မတ္လကတည္းက စတင္ခဲ့သည္ဟုဆိုသည္။ ေဒၚနယ္ထရမ့္ႏွင့္ ၎ ၏ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအႀကီးအကဲမ်ားသည္ အဆိုပါစခန္းကို အေၾကာင္းရင္းမ်ားစြာအတြက္ မရွိမျဖစ္လိုအပ္သည္ဟု ရႈျမင္ေၾကာင္း သတင္းအရင္း အျမစ္မ်ားကေျပာၾကားခဲ့သည္။ အဆိုပါ အ ေၾကာင္း ရင္းမ်ားထဲမွတစ္ခုမွာ မိုင္(၅၀ဝ)ေအာက္သာေဝး သည့္တ႐ုတ္ႏိုင္ငံကို ေစာင့္ၾကည့္ရန္လည္း ပါဝင္သည္ ဟုဆိုသည္။ အျခားအေၾကာင္းရင္းမ်ားမွာ အာဖဂန္ နစၥတန္၏ ေျမရွားသတၱဳသိုက္မ်ားကို ဝင္ေရာက္ခြင့္လုံ ၿခဳံေအာင္လုပ္ျခင္း၊ အိုင္အက္စ္တို႔ကိုပစ္မွတ္ထား သည့္ အၾကမ္းဖက္ မႈတန္ျပန္ေရး ဗဟိုခ်က္ကို ျပန္ လည္တည္ေထာင္ျခင္းႏွင့္ သံတမန္ေရးမစ္ရွင္ ျပန္ လည္ဖြင့္လွစ္ရန္ ျဖစ္ႏိုင္ေျခတို႔ လည္းပါဝင္ႏိုင္သည္။
ေဒသဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ျခင္း
တ႐ုတ္ႏိုင္ငံတြင္ န်ဴကလီးယားထိပ္ဖူး (၆၀ဝ)ခန႔္ရွိေနၿပီျဖစ္ေၾကာင္း ခ်ီကာဂိုအေျခစိုက္ Bulletin of the Atomic Scientists အဖြဲ႕က ခန႔္မွန္းထားသည္။ အေမရိကန္အတြက္ ဘာဂရမ္ကို ျပန္ လည္ရရွိျခင္းသည္ တ႐ုတ္၏စစ္ေရးလႈပ္ရွားမႈမ်ား ကို ေစာင့္ၾကည့္ေထာက္လွမ္းႏိုင္႐ုံသာမက ေတာင္ အာရွႏွင့္ အလယ္အာရွတစ္ေလွ်ာက္လုံးတြင္ အၾကမ္း ဖက္မႈတန္ျပန္ေရးစစ္ဆင္မႈအတြက္ အေရးပါ သည့္ စတင္ရာေနရာလည္း ျဖစ္ႏိုင္သည္ဟုသုံးသပ္ၾကသည္။
CNN ၏ေဖာ္ျပခ်က္အရ အေမရိကန္တပ္ ဖြဲ႕ဝင္မ်ားသည္ (၂၀၂၁)ခုႏွစ္ ဇူလိုင္လတြင္ ဘာဂရမ္ ေလတပ္စခန္းမွ ေနာက္ဆုံးထြက္ခြာခဲ့ၾကသည္။ အဆိုပါစခန္းသည္ ဆယ္စုႏွစ္ႏွစ္ခုနီးပါး အာဖဂန္ နစၥတန္ရွိ အေမရိကန္စစ္အင္အား၏ ဗဟိုခ်က္ျဖစ္ခဲ့သည္။ ႏွစ္မိုင္ရွည္ေသာ ေလယာဥ္ေျပးလမ္းသည္ ႏိုင္ငံတစ္ဝန္း စစ္ေရးစစ္ဆင္မႈမ်ားအတြက္ စတင္ရာ ေနရာျဖစ္ၿပီး ကုန္တင္ေလယာဥ္မ်ား၊ တိုက္ ေလ ယာဥ္မ်ားႏွင့္ တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ားအတြက္ သင့္ ေလ်ာ္သည့္ေနရာအက်ယ္အဝန္းရွိသည္။ သမၼတ ေဂ်ာ့ခ်္ဒဗလ်ဴဘုရွ္၊ ဘားရက္အိုဘားမားႏွင့္ ေဒၚနယ္ ထရမ့္တို႔သည္ ၎တို႔၏ ရာထူး သက္တမ္း အတြင္း အာဖဂန္နစၥတန္အတြက္ ေအာင္ပြဲႏွင့္ ပိုမိုေကာင္းမြန္ ေသာအနာဂတ္ကိုကတိျပဳကာ ဘာဂရမ္ သို႔ သြားေရာက္ခဲ့ၾကသည္။ အဆိုပါစခန္းကိုလည္း ႏွစ္ေပါင္း မ်ားစြာၾကာေအာင္ တာလီဘန္တို႔၏ အေသ ခံဗုံးခြဲမႈ မ်ားႏွင့္ ဒုံးက်ည္ပစ္ခတ္မႈမ်ားအပါအဝင္ တိုက္ခိုက္မႈ မ်ားစြာ ပစ္မွတ္ထားျခင္းခံခဲ့ရသည္။
တ႐ုတ္ႏွင့္ အာဖဂန္နစၥတန္၏ တုံ႔ ျပန္မႈ
ဘာဂရမ္ႏွင့္ပတ္သက္ေသာ ထရမ့္၏မွတ္ခ်က္မ်ားကို တ႐ုတ္ႏိုင္ငံကတုံ႔ျပန္ရာတြင္ “အာဖဂန္ နစၥတန္၏ အခ်ဳပ္အျခာအာဏာကိုေလးစားသည္” ဟုေျပာၾကားခဲ့ၿပီး အေမရိကန္ကို “တင္းမာမႈမ်ားမ ျဖစ္ပြားေစရန္” သတိေပးခဲ့ျခင္းသည္ ေဒၚနယ္ထရမ့္ ၏သတင္းစကား တ႐ုတ္ေခါင္းေဆာင္မ်ားထံသို႔ ေရာက္ရွိသြားသည္ဆိုသည့္လကၡဏာပင္ ျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကာဘူးလ္ၿမိဳ႕ေျမာက္ဘက္ရွိ ဘာဂရမ္ေလတပ္စခန္း (Bagram Air Base) ကိုျပန္မေပးပါက အာဖဂန္နစၥ တန္ကိုျပစ္ဒဏ္ေပးမည္ဟု ၿခိမ္းေျခာက္ေျပာဆိုၿပီး ေနာက္ တာလီဘန္အစိုးရအဖြဲ႕မွအရာရွိတစ္ဦးက အဆိုပါစခန္းကို အေမရိကန္အား ျပန္လည္အပ္ႏွံမည့္ သေဘာတူညီခ်က္သည္ ]မျဖစ္ႏိုင္ပါ}ဟုေျပာၾကား ခဲ့သည္။ အဆိုပါစခန္းကို အေမရိကန္တပ္ဖြဲ႕မ်ား စြန႔္ခြာခဲ့သည္မွာ ေလးႏွစ္ၾကာၿပီျဖစ္သည္။ ၿမိဳ႕ေတာ္ ကာ ဘူးလ္၏ေျမာက္ဘက္တြင္တည္ရွိေသာ အာဖ ဂန္နစၥ တန္ရွိ အႀကီးဆုံးေလတပ္စခန္းျဖစ္သည့္ ဘာဂရမ္ သည္ တာလီဘန္ကို ဆန႔္က်င္ တိုက္ခိုက္ခဲ့ ေသာ အေမရိကန္၏ ႏွစ္ (၂၀)စစ္ပြဲအတြင္း စစ္ဆင္ေရးမ်ား ၏ဗဟိုခ်က္ျဖစ္ခဲ့သည္။
“အာဖဂန္နစၥတန္၏ လြတ္လပ္ေရးႏွင့္ နယ္ေျမပိုင္နက္အခ်ဳပ္အျခာအာဏာသည္ အေရးအႀကီး ဆုံးျဖစ္သည္” ဟု အာဖဂန္အစိုးရ၏ တရားဝင္ ထုတ္ျပန္ခ်က္တစ္ခု၌ သတိေပးေျပာၾကားခဲ့သည္။ သမၼတေဒၚနယ္ထရမ့္သည္ အဆိုပါ စခန္းဆုံးရႈံးမႈကို တ႐ုတ္ႏိုင္ငံႏွင့္နီးကပ္မႈကိုေထာက္ျပကာ ထပ္ခါတ လဲလဲ ေဝဖန္ခဲ့သည္။ သို႔ေသာ္ ၿဗိတိန္သို႔ ႏိုင္ငံေတာ္ ခရီးစဥ္အတြင္းမွသာ အဆိုပါစခန္းကို အေမရိကန္ ႏိုင္ငံက ျပန္လည္ထိန္းခ်ဳပ္လိုသည့္စိတ္ကူးကို ပထမ ဆုံးအႀကိမ္ လူသိရွင္ၾကားထုတ္ေဖာ္ခဲ့ျခင္းျဖစ္ သည္။ ဘာဂရမ္ေလယာဥ္ေျပးလမ္းေပၚတြင္ အေမရိကန္အ လံ ျပန္လည္ေရာက္ရွိသည္ ျဖစ္ေစ၊ မေရာက္ရွိသည္ ျဖစ္ေစ သမၼတေဒၚနယ္ထရမ့္၏ေျပာဆိုခ်က္သည္ တ႐ုတ္ႏိုင္ငံအတြက္ စိုးရိမ္စရာျဖစ္ ေစသည္မွာ ေသခ်ာသည္။