အာရပ်စ် ပါလက်စတိုင်း ရိုးရာခေါင်းပေါင်းစ (keffiyeh) ကို ဂါဝန်ဖက်ရှင်ပြောင်းကာ Cannes ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ ဘဲလ်လာဟက်ဒစ် ချီးကျူးခံနေရ

1712

ရောင်နီ (NP News) - မေ ၂၆
အမေရိကန်ဖက်ရှင်မော်ဒယ်လ် ဘဲလ်လာဟာဒစ်ဟာ အနီရောင် အာရပ်စ် ပါလက်စတိုင်း ရိုးရာခေါင်းပေါင်းစ (keffiyeh) နဲ့ ပြုလုပ်ထားတဲ့ ဂါဝန်ဖက်ရှင်နဲ့ ကြာသပတေးနေ့(မေလ ၂၃ ရက်) က Cannes ရုပ်ရှင်ပွဲတော်က တက်ရောက်ခဲ့ပါတယ်။
ဒီဝတ်စုံကြောင့် ဆိုရှယ်မီဒီယာမှာ သူမဟာ "ပါလက်စတိုင်း မင်းသမီး" "ဒါဟာ ပါလက်စတိုင်းအပေါ် ကြည်ညို လေးစားခြင်းပဲ" ဆိုတဲ့ မှတ်ချက်တွေ ရရှိခဲ့ပါတယ်။ ဘဲလ်လာဟာ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေအကြောင်း မကြာခဏ ပြောဆိုလေ့ရှိပြီး Cannes ရုပ်ရှင်ပွဲတော်မှာ သူမဝတ်ဆင်ခဲ့ တဲ့ ဝတ်စုံနဲ့ Instagram မှာ တင်ခဲ့တဲ့ပုံမှာလည်း Free Palestine forever" ဆိုတဲ့ caption ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း ဘဲလ်လာဟာ Nakba Day (ပါလက်စတိုင်းရဲ့ ခန့်မှန်းခြေ လူ ၇၀၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ၁၉၄၈ ခုနှစ်က အချိန်ကို အောက်မေ့သတိရခြင်း) နဲ့ ဂါဇာမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့ သူမက လှုံ့ဆော်ခဲ့ပါသေးတယ်။
ဘဲလ်လာရဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ (keffiyeh) ခေါင်းပေါင်း ပဝါဟာ ပါလက်စတိုင်းတို့ရဲ့ အမှတ်အသားနဲ့ ခုခံမှု သင်္ကေတတစ်ခုအဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။ အဆိုပါဝတ်စုံကို နယူးယောက် အခြေစိုက် အမှတ်တံဆိပ် Michael and Hushi မှ ဖန်တီးချုပ်လုပ်ထားတာဖြစ်ပါတယ်။

Zawgyi Version;
အာရပ္စ္ ပါလက္စတိုင္း ႐ိုးရာေခါင္းေပါင္းစ (keffiyeh) ကို ဂါဝန္ဖက္ရွင္ေျပာင္းကာ Cannes ႐ုပ္ရွင္ပြဲေတာ္ တက္ေရာက္ခဲ့တဲ့ ဘဲလ္လာဟက္ဒစ္ ခ်ီးက်ဴးခံေနရ
ေရာင္နီ (NP News) - ေမ ၂၆
အေမရိကန္ဖက္ရွင္ေမာ္ဒယ္လ္ ဘဲလ္လာဟာဒစ္ဟာ အနီေရာင္ အာရပ္စ္ ပါလက္စတိုင္း ႐ိုးရာေခါင္းေပါင္းစ (keffiyeh) နဲ႔ ျပဳလုပ္ထားတဲ့ ဂါဝန္ဖက္ရွင္နဲ႔ ၾကာသပေတးေန႔(ေမလ ၂၃ ရက္) က Cannes ႐ုပ္ရွင္ပြဲေတာ္က တက္ေရာက္ခဲ့ပါတယ္။
ဒီဝတ္စုံေၾကာင့္ ဆိုရွယ္မီဒီယာမွာ သူမဟာ "ပါလက္စတိုင္း မင္းသမီး" "ဒါဟာ ပါလက္စတိုင္းအေပၚ ၾကည္ညိဳ ေလးစားျခင္းပဲ" ဆိုတဲ့ မွတ္ခ်က္ေတြ ရရွိခဲ့ပါတယ္။ ဘဲလ္လာဟာ ပါလက္စတိုင္းေတြအေပၚ အၾကမ္းဖက္မႈနဲ႔ ဂါဇာမွာ ျဖစ္ပြားေနတဲ့စစ္ပြဲေတြအေၾကာင္း မၾကာခဏ ေျပာဆိုေလ့ရွိၿပီး Cannes ႐ုပ္ရွင္ပြဲေတာ္မွာ သူမဝတ္ဆင္ခဲ့ တဲ့ ဝတ္စုံနဲ႔ Instagram မွာ တင္ခဲ့တဲ့ပုံမွာလည္း Free Palestine forever" ဆိုတဲ့ caption ေရးသားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေမလ ၁၅ ရက္ကလည္း ဘဲလ္လာဟာ Nakba Day (ပါလက္စတိုင္းရဲ႕ ခန႔္မွန္းေျခ လူ ၇၀၀,၀၀၀ ခန႔္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ၁၉၄၈ ခုႏွစ္က အခ်ိန္ကို ေအာက္ေမ့သတိရျခင္း) နဲ႔ ဂါဇာမွာ စစ္ပြဲေတြ အဆုံးသတ္ဖို႔ သူမက လႈံ႕ေဆာ္ခဲ့ပါေသးတယ္။
ဘဲလ္လာရဲ႕ Cannes ႐ုပ္ရွင္ပြဲေတာ္မွာ ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံ (keffiyeh) ေခါင္းေပါင္း ပဝါဟာ ပါလက္စတိုင္းတို႔ရဲ႕ အမွတ္အသားနဲ႔ ခုခံမႈ သေကၤတတစ္ခုအျဖစ္ သတ္မွတ္တယ္လို႔ ဆိုပါတယ္။ အဆိုပါဝတ္စုံကို နယူးေယာက္ အေျခစိုက္ အမွတ္တံဆိပ္ Michael and Hushi မွ ဖန္တီးခ်ဳပ္လုပ္ထားတာျဖစ္ပါတယ္။