မြောက်အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် စံချိန်သစ်တစ်ခုတင်ခဲ့သည့် The Conjuring: Last Rites ရုပ်ရှင်

141

Pika (NP News) - စက်တင်ဘာ ၁၅
လူကြိုက်များသော The Conjuring: Last Rites ထိတ်လန့်တုန်လှုပ်ဖွယ်ရုပ်ရှင်သည် မြောက် အမေရိကရုံတင် လက်မှတ်ရောင်းချမှုတွင် အမေရိကန်ဒေါ်လာ(၈၇)သန်းဖြင့် ပွဲဦးထွက်ခဲ့ပြီး စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ The Conjuring: Last Rites ရုပ်ရှင်ဇာတ်ကားတွင် Patrick Wilson နှင့် Vera Farmiga တို့က Ed နှင့် Lorraine Warren အဖြစ် ထပ်မံသရုပ်ဆောင်ထားပြီး လက်ရှိဇာတ်ကားတွင် ၎င်းတို့၏မိသားစု နေအိမ်တွင် နတ်ဆိုး တစ်ကောင်နှင့် ရင်ဆိုင်ရပုံများကို ရိုက်ကူးပြသထားသည်။
Franchise Entertainment Research မှ ခွဲခြမ်းစိတ်ဖြာသူ David A Gross က ‘ဒီဇာတ်ကားက လုံးဝကို အမိုက်စားဇာတ်ကား တစ်ခုပါပဲ။ ထိတ်လန့်တုန်လှုပ်ဖွယ်ရုပ်ရှင်ကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေက ED နဲ့ Lorraine Warren တို့ရဲ့ နတ်ဆိုးနဲ့ရင်ဆိုင်ပုံတွေကို အရမ်းကို ကြည့်ချင်နေကြပါတယ်’ဟုပြောဆိုခဲ့သည်။ မြောက် အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် ဒုတိယနေရာမှာ Hamilton ရုပ်ရှင်က ရပ်တည်ခဲ့ပြီး ရုံတင်ဝင်ငွေ အမေရိ ကန်ဒေါ်လာ(၁၀)သန်းကျော် ဖြင့် ပွဲဦးထွက်ခဲ့ကြောင်း သိရသည်။
ကျောင်းတစ်ကျောင်းမှ ကလေးတစ်စု လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားခြင်း အကြောင်း ရိုက်ကူးထား သည့် Weapons ရုပ်ရှင် ဇာတ်ကားသည် အမေရိကန်ဒေါ်လာ(၅ဒသမ၄)သန်းဖြင့် ပွဲဦးထွက်ခဲ့ပြီး တတိယနေရာတွင် ရပ်တည် နေကြောင်းသိရသည်။ ထို့ပြင် Weapons ရုပ်ရှင် ဇာတ်ကားသည် အမေရိကန်နှင့်ကနေဒါနိုင်ငံတို့တွင် ရုံတင် ဝင်ငွေ အမေရိကန်ဒေါ်လာ(၁၄၃)သန်းနှင့် နိုင်ငံခြားတွင် အမေရိကန်ဒေါ်လာ(၁၀၈)သန်းအထိ ရရှိခဲ့သည့် ရုပ်ရှင်ဇာတ် ကားတစ်ခုဖြစ်ကြောင်း Exhibitor Relations အဖွဲ့၏ အဆိုအရသိရသည်။

Zawgyi Version:
ေျမာက္အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ စံခ်ိန္သစ္တစ္ခုတင္ခဲ့သည့္ The Conjuring: Last Rites ႐ုပ္ရွင္
Pika (NP News) - စက္တင္ဘာ ၁၅
လူႀကိဳက္မ်ားေသာ The Conjuring: Last Rites ထိတ္လန႔္တုန္လႈပ္ဖြယ္႐ုပ္ရွင္သည္ ေျမာက္ အေမရိက႐ုံတင္ လက္မွတ္ေရာင္းခ်မႈတြင္ အေမရိကန္ေဒၚလာ(၈၇)သန္းျဖင့္ ပြဲဦးထြက္ခဲ့ၿပီး စံခ်ိန္သစ္ တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ The Conjuring: Last Rites ႐ုပ္ရွင္ဇာတ္ကားတြင္ Patrick Wilson ႏွင့္ Vera Farmiga တို႔က Ed ႏွင့္ Lorraine Warren အျဖစ္ ထပ္မံသ႐ုပ္ေဆာင္ထားၿပီး လက္ရွိဇာတ္ကားတြင္ ၎တို႔၏မိသားစု ေနအိမ္တြင္ နတ္ဆိုး တစ္ေကာင္ႏွင့္ ရင္ဆိုင္ရပုံမ်ားကို ႐ိုက္ကူးျပသထားသည္။
Franchise Entertainment Research မွ ခြဲျခမ္းစိတ္ျဖာသူ David A Gross က ‘ဒီဇာတ္ကားက လုံးဝကို အမိုက္စားဇာတ္ကား တစ္ခုပါပဲ။ ထိတ္လန႔္တုန္လႈပ္ဖြယ္႐ုပ္ရွင္ကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြက ED နဲ႔ Lorraine Warren တို႔ရဲ႕ နတ္ဆိုးနဲ႔ရင္ဆိုင္ပုံေတြကို အရမ္းကို ၾကည့္ခ်င္ေနၾကပါတယ္’ဟုေျပာဆိုခဲ့သည္။ ေျမာက္ အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ ဒုတိယေနရာမွာ Hamilton ႐ုပ္ရွင္က ရပ္တည္ခဲ့ၿပီး ႐ုံတင္ဝင္ေငြ အေမရိ ကန္ေဒၚလာ(၁၀)သန္းေက်ာ္ ျဖင့္ ပြဲဦးထြက္ခဲ့ေၾကာင္း သိရသည္။
ေက်ာင္းတစ္ေက်ာင္းမွ ကေလးတစ္စု လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာေပ်ာက္ဆုံးသြားျခင္း အေၾကာင္း ႐ိုက္ကူးထား သည့္ Weapons ႐ုပ္ရွင္ ဇာတ္ကားသည္ အေမရိကန္ေဒၚလာ(၅ဒသမ၄)သန္းျဖင့္ ပြဲဦးထြက္ခဲ့ၿပီး တတိယေနရာတြင္ ရပ္တည္ ေနေၾကာင္းသိရသည္။ ထို႔ျပင္ Weapons ႐ုပ္ရွင္ ဇာတ္ကားသည္ အေမရိကန္ႏွင့္ကေနဒါႏိုင္ငံတို႔တြင္ ႐ုံတင္ ဝင္ေငြ အေမရိကန္ေဒၚလာ(၁၄၃)သန္းႏွင့္ ႏိုင္ငံျခားတြင္ အေမရိကန္ေဒၚလာ(၁၀၈)သန္းအထိ ရရွိခဲ့သည့္ ႐ုပ္ရွင္ဇာတ္ ကားတစ္ခုျဖစ္ေၾကာင္း Exhibitor Relations အဖြဲ႕၏ အဆိုအရသိရသည္။