ရန်ကုန် - မန္တလေး အမြန်လမ်းကို လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်သော လက်နက်ခဲယမ်းအများအပြားကို ဒိုက်ဦးမြို့နယ်၌ ဖမ်းဆီးရမိ

15146

Pearl (NP News) - ဇွန် ၁
ရန်ကုန် - မန္တလေး အမြန်လမ်းကို လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်မည့် လက်နက်ခဲယမ်းအများအပြားကို ဒိုက်ဦးမြို့နယ်ရှိ အသက် (၇၀)ကျော်အမျိုးသားတစ်ဦး၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေလ (၃၁)ရက်နေ့က ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာနေ ဦးစိုးလေး(၇၃) နှစ် ၏နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ၎င်း၏နေအိမ်မှ သေနတ်(၃၀)လက်အပါအဝင် လက်နက်ခဲယမ်းအများအပြာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ “အကြမ်းဖက်မှုကို မလိုလားတဲ့ပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီးရမိတာပါ”ဟု ပဲခူးတိုင်းအစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ FGC 9 သေနတ်အတို (၃၀)လက်၊ ကျည်အိမ် (၄၀)ခု၊ ၉ မမကျည် (၁၅၀၀)တောင့်၊ ရီမု (၁၅) ခု၊ reciver (၄၅) ခု၊ လက်လုပ်ရှေ့ထွက်မိုင်း (၂) လုံး၊ ထိုင်းနိုင်ငံထုတ်ရှေ့ထွက်မိုင်း (၁)လုံး၊ ယမ်းကြိုး (ပေ ၃၀) (၁) ခွေ နှင့် ကြိုးဆွဲလက်ပစ်ဗုံး (၂)လုံးတို့ဖြစ်ကြောင်း သိရသည်။ စစ်ဆေးရေးဂိတ်များတွင် X – Ray စက်များ မရှိခြင်း၊ ဆူးထိုးစနစ်များမရှိခြင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များစစ်ဆေးမှု သေချာမပြုလုပ်ခြင်းများကြောင့် ယင်းကဲ့သို့ လက်နက်ခဲယမ်းများကို အလွယ်တကူ သယ်ဆောင်နိုင်ခြင်း ဖြစ် ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူက သုံးသပ်ပြောကြားထားသည်။
“ဒိုက်ဦးက အေးချမ်းတယ်။ ဖဒို၊ မြို့ချောင်းဘက်ပဲ မအေးချမ်းတာ။ အဲဒီလက်နက်တွေကို ဖဒို၊ မြို့ချောင်းဘက်ကနေလည်း သယ်လို့ရတယ်။ ရန်ကုန်- မန္တလေး အောက်လမ်းရောက်ရင် ပဲခူး၊ ဘုရားကြီး၊ (၃၉)မိုင်ကနေဆို စစ်တာသိပ်မရှိတော့ဘူးလေ။ လွတ်နေတဲ့ နေရာတွေ ရှိတယ်။ X – Ray တွေ မရှိတာကြောင့်လည်းပါတယ်။ အရင်လို ဆူးထိုးတဲ့ စနစ်တွေ မရှိတာကြောင့်လည်း အလွယ်တကူသယ်လို့ရတယ်။ လုံခြုံရေးအဖွဲ့တွေ သေချာမစစ်လို့ဆိုပြီးလည်း ပြောလို့ရတယ်။ ဒိုက်ဦးမှာ ၄၄၀ တပ်ရင်းရှိတယ်လေ။ အဲဒီတပ်ကို လုပ်ချင်တာလား။ အမြန်လမ်းကို ခြိမ်းခြောက်ချင်တာလားပေါ့။ ဒိုက်ဦးဆိုတော့ (၇၂)မိုင်နား။ အဲဒီဘက်တွေကို လုံခြုံရေးအရ ခြိမ်းခြောက်ချင်လို့ပေါ့”ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ လက်နက်ခဲယမ်းများသည် ဒိုက်ဦးမြို့ရှိ လုံခြုံရေးစခန်းများ နှင့် ရန်ကုန် - မန္တလေး အမြန်လမ်း၊ (၇၂) မိုင်အနီးကိုလည်း လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်မည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း ၎င်းကဆိုသည်။ ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီလက ဖြစ်ပွားခဲ့ဖူးသည်။ ပြီးခဲ့သည့် မေ ၂၃ ရက်တွင်လည်း မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့ ၊ စုပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုး သား (၄)ဦး ၊ အမျိုးသမီး (၁)ဦးတို့နှင့်အတူ လက်နက်မျိုးစုံ (၃၉) လက် ၊ ခဲယမ်းမျိုးစုံ အများအပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
zawgyi version
ရန္ကုန္ - မႏၲေလး အျမန္လမ္းကို လုံၿခဳံေရးအရ ၿခိမ္းေျခာက္လာႏိုင္ေသာ လက္နက္ခဲယမ္းအမ်ားအျပားကို ဒိုက္ဦးၿမိဳ႕နယ္၌ ဖမ္းဆီးရမိ
Pearl (NP News) - ဇြန္ ၁
ရန္ကုန္ - မႏၲေလး အျမန္လမ္းကို လုံၿခဳံေရးအရ ၿခိမ္းေျခာက္လာႏိုင္မည့္ လက္နက္ခဲယမ္းအမ်ားအျပားကို ဒိုက္ဦးၿမိဳ႕နယ္ရွိ အသက္ (၇၀)ေက်ာ္အမ်ိဳးသားတစ္ဦး၏ေနအိမ္မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေမလ (၃၁)ရက္ေန႔က ပဲခူးတိုင္း ၊ ဒိုက္ဦးၿမိဳ႕နယ္၊ အလယ္ခင္ေက်း႐ြာေန ဦးစိုးေလး(၇၃) ႏွစ္ ၏ေနအိမ္သို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ရွာေဖြရာ ၎၏ေနအိမ္မွ ေသနတ္(၃၀)လက္အပါအဝင္ လက္နက္ခဲယမ္းအမ်ားအျပာ ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။ “အၾကမ္းဖက္မႈကို မလိုလားတဲ့ျပည္သူေတြရဲ႕ သတင္းေပးပို႔မႈအရ ဖမ္းဆီးရမိတာပါ”ဟု ပဲခူးတိုင္းအစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
သိမ္းဆည္းရမိသည့္ လက္နက္ခဲယမ္းမ်ားမွာ FGC 9 ေသနတ္အတို (၃၀)လက္၊ က်ည္အိမ္ (၄၀)ခု၊ ၉ မမက်ည္ (၁၅၀၀)ေတာင့္၊ ရီမု (၁၅) ခု၊ reciver (၄၅) ခု၊ လက္လုပ္ေရွ႕ထြက္မိုင္း (၂) လုံး၊ ထိုင္းႏိုင္ငံထုတ္ေရွ႕ထြက္မိုင္း (၁)လုံး၊ ယမ္းႀကိဳး (ေပ ၃၀) (၁) ေခြ ႏွင့္ ႀကိဳးဆြဲလက္ပစ္ဗုံး (၂)လုံးတို႔ျဖစ္ေၾကာင္း သိရသည္။ စစ္ေဆးေရးဂိတ္မ်ားတြင္ X – Ray စက္မ်ား မရွိျခင္း၊ ဆူးထိုးစနစ္မ်ားမရွိျခင္း ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားစစ္ေဆးမႈ ေသခ်ာမျပဳလုပ္ျခင္းမ်ားေၾကာင့္ ယင္းကဲ့သို႔ လက္နက္ခဲယမ္းမ်ားကို အလြယ္တကူ သယ္ေဆာင္ႏိုင္ျခင္း ျဖစ္ ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူက သုံးသပ္ေျပာၾကားထားသည္။
“ဒိုက္ဦးက ေအးခ်မ္းတယ္။ ဖဒို၊ ၿမိဳ႕ေခ်ာင္းဘက္ပဲ မေအးခ်မ္းတာ။ အဲဒီလက္နက္ေတြကို ဖဒို၊ ၿမိဳ႕ေခ်ာင္းဘက္ကေနလည္း သယ္လို႔ရတယ္။ ရန္ကုန္- မႏၲေလး ေအာက္လမ္းေရာက္ရင္ ပဲခူး၊ ဘုရားႀကီး၊ (၃၉)မိုင္ကေနဆို စစ္တာသိပ္မရွိေတာ့ဘူးေလ။ လြတ္ေနတဲ့ ေနရာေတြ ရွိတယ္။ X – Ray ေတြ မရွိတာေၾကာင့္လည္းပါတယ္။ အရင္လို ဆူးထိုးတဲ့ စနစ္ေတြ မရွိတာေၾကာင့္လည္း အလြယ္တကူသယ္လို႔ရတယ္။ လုံၿခဳံေရးအဖြဲ႕ေတြ ေသခ်ာမစစ္လို႔ဆိုၿပီးလည္း ေျပာလို႔ရတယ္။ ဒိုက္ဦးမွာ ၄၄၀ တပ္ရင္းရွိတယ္ေလ။ အဲဒီတပ္ကို လုပ္ခ်င္တာလား။ အျမန္လမ္းကို ၿခိမ္းေျခာက္ခ်င္တာလားေပါ့။ ဒိုက္ဦးဆိုေတာ့ (၇၂)မိုင္နား။ အဲဒီဘက္ေတြကို လုံၿခဳံေရးအရ ၿခိမ္းေျခာက္ခ်င္လို႔ေပါ့”ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ လက္နက္ခဲယမ္းမ်ားသည္ ဒိုက္ဦးၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ား ႏွင့္ ရန္ကုန္ - မႏၲေလး အျမန္လမ္း၊ (၇၂) မိုင္အနီးကိုလည္း လုံၿခဳံေရးအရ ၿခိမ္းေျခာက္လာႏိုင္မည့္ လက္နက္ခဲယမ္းမ်ားျဖစ္ေၾကာင္း ၎ကဆိုသည္။ ဒိုက္ဦးၿမိဳ႕၊ ဖေအာင္ဝဲရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္တြင္ ထိုင္ေနသည့္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရာအိမ္မႉးတို႔ကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလက ျဖစ္ပြားခဲ့ဖူးသည္။ ၿပီးခဲ့သည့္ ေမ ၂၃ ရက္တြင္လည္း မႏၲေလးတိုင္း ၊ တံတားဦးခ႐ိုင္ ၊ တံတားဦးၿမိဳ႕ ၊ စုေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ိဳး သား (၄)ဦး ၊ အမ်ိဳးသမီး (၁)ဦးတို႔ႏွင့္အတူ လက္နက္မ်ိဳးစုံ (၃၉) လက္ ၊ ခဲယမ္းမ်ိဳးစုံ အမ်ားအျပားတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။