ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ်(၃) ဖြတ်သန်းခများကို လာမည့် (ဇွန်လ ၁၆ ရက်)မှစ၍ ယာဉ်အမျိုးအစားအပေါ်မူတည်ကာ ကောက်ခံသွားမည်

 3877

စော (NP News) - ဇွန် ၉

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) ဖြတ်သန်းခများကို လာမည့် (ဇွန်လ ၁၆ ရက်) မှစ၍ ယာဉ်အမျိုးအစားအပေါ်မူတည်ကာ ကောက်ခံသွားမည်ဖြစ်ကြောင်း နစက၏ ယနေ့ (ဇွန်လ ၉ ရက်) တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ရာ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် ကားအစီးရေ (၁၂၉၈၈) စီး ဖြတ်သန်းမောင်းနှင့်ခဲ့ပြီး ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းတွင် ကားအစီးရေ (၄၂၀၀)ကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) ကို ယမန်နေ့ ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ပြီး လာမည့် (ဇွန်လ ၁၆ ရက်) မှစတင်၍ တံတားဖြတ်သန်းခများကို ယာဉ်အမျိုးအစားအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတံတားကို တည်ဆောက်ပြီးစီးခဲ့သည့်အတွက် သံလျင်တံတားအမှတ်(၁) တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများတိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း နစကမှ ဆိုသည်။

Zawgyi Version;
ပဲခူးျမစ္ကူးသန္လ်င္တံတားအမွတ္(၃) ျဖတ္သန္းခမ်ားကို လာမည့္ (ဇြန္လ ၁၆ ရက္)မွစ၍ ယာဥ္အမ်ိဳးအစားအေပၚမူတည္ကာ ေကာက္ခံသြားမည္
ေစာ (NP News) - ဇြန္ ၉

ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ - ၃) ျဖတ္သန္းခမ်ားကို လာမည့္ (ဇြန္လ ၁၆ ရက္) မွစ၍ ယာဥ္အမ်ိဳးအစားအေပၚမူတည္ကာ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း နစက၏ ယေန႔ (ဇြန္လ ၉ ရက္) တြင္ ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းရွိ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္-၃) ဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (ဇြန္လ ၈ ရက္) တြင္ က်င္းပျပဳလုပ္ခဲ့ရာ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနား ၿပီးဆုံးခ်ိန္မွစ၍ ေမာ္ေတာ္ယာဥ္မ်ားကို ျဖတ္သန္းသြားလာခြင့္ေပးခဲ့ရာ ယမန္ေန႔ (ဇြန္လ ၈ ရက္) တြင္ ကားအစီးေရ (၁၂၉၈၈) စီး ျဖတ္သန္းေမာင္းႏွင့္ခဲ့ၿပီး ယေန႔ (ဇြန္လ ၉ ရက္) နံနက္ပိုင္းတြင္ ကားအစီးေရ (၄၂၀၀)ေက်ာ္ ျဖတ္သန္းေမာင္းႏွင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ - ၃) ကို ယမန္ေန႔ ဇြန္လ ၈ ရက္မွ ၁၅ ရက္အထိ အခမဲ့ ျဖတ္သန္းခြင့္ျပဳေပးသြားမည္ျဖစ္ၿပီး လာမည့္ (ဇြန္လ ၁၆ ရက္) မွစတင္၍ တံတားျဖတ္သန္းခမ်ားကို ယာဥ္အမ်ိဳးအစားအလိုက္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါတံတားကို တည္ေဆာက္ၿပီးစီးခဲ့သည့္အတြက္ သံလ်င္တံတားအမွတ္(၁) တြင္ ျဖစ္ေပၚလ်က္ရွိသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားအား ေျဖရွင္းေပးႏိုင္မည္ျဖစ္ၿပီး သီလဝါအထူးစီးပြားေရးဇုန္ကို အေၾကာင္းျပဳ၍ ျပည္တြင္း၊ ျပည္ပ စီးပြားေရးလုပ္ငန္းမ်ားတိုးပြားလာမႈေၾကာင့္ ရန္ကုန္ၿမိဳ႕အပါအဝင္ သန္လ်င္၊ ေက်ာက္တန္း၊ ခရမ္း၊ သုံးခြေဒသရွိ ျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သီလဝါအထူးစီးပြားေရးဇုန္ႏွင့္ သန္လ်င္ေဒသ ဖြံ႕ၿဖိဳးတိုးတက္လာမည္သာမက အေရွ႕-အေနာက္ စီးပြားေရးစႀကႍလမ္းမႀကီးကို အသုံးျပဳ၍ ဘားအံ-ျမဝတီအထိ ဆက္စပ္သြားလာႏိုင္မည္ျဖစ္ပါေသာေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အက်ိဳးျပဳမည္သာမက ေဒသတြင္းႏိုင္ငံမ်ားႏွင့္ပါ ဆက္သြယ္မႈပိုမိုဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း နစကမွ ဆိုသည္။

Related news

© 2021. All rights reserved.