မန္တလေးခရီးသွားဇုန်တွင် တဟုန်စီးပွားရေးအသင်းနှင့် ချိတ်ဆက်ပြီး Tourism Promotion ဆောင်ရွက်သွားမည်

166

သက်ပိုင်(NP News) - စက်တင်ဘာ ၆
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးခရီးသွားဇုန်တွင် တဟုန်စီးပွားရေးအသင်းနှင့် ချိတ်ဆက်ပြီး Tourism Promotion ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍတစ်ခုအနေဖြင့် မန္တလေးဇုန်တွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မန္တလေးမြို့အခြေစိုက် တဟုန်စီးပွားရေးအသင်းနှင့်ချိတ်ဆက်ပြီး Tourism Promotion ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မန္တလေးဇုန်အပါအဝင် ပြည်တွင်းခရီးစဉ်ဒေသများကို အပြန်အလှန် အလည်အပတ် ခရီးစဉ်များ စီစဉ်ဆောင်ရွက်သွားရန်ရှိပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မန္တလေးဇုန် တာဝန်ရှိသူများနှင့် တဟုန်စီးပွားရေးအသင်းတာဝန်ရှိသူတို့က MOU ရေးထိုးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ တဟုန်စီးပွားရေးအသင်းမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခရီးသွားကိုယ်စားလှယ်များကို လာရောက်လည်ပတ်ရန်ဖိတ်ခေါ်ထားကြောင်းနှင့် ၎င်းတို့ပြည်နယ်များသို့ သွားရောက်လည်ပတ်သည့် Fan Trip များစီစဉ်ကာ Tourism Promotion လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် မန္တလေးဒေသနှင့် ပုဂံဇုန်၊တောင်ကြီး၊ အင်းလေးဇုန်စသည်ဖြင့်ပြည်တွင်းတွင် သဘာဝအခြေခံခရီးသွား ဒေသများသို့ လည်ပတ်နိုင်လည်ပတ်နိုင်ကြောင်း နှင့် ကမ္ဘာလှည့်ခရီးသွားများသိရှိစေရန်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် နိုင်ငံတကာလေယာဉ်ကွင်းရှိသည့်အတွက် မန္တလေးဇုန်သာမက ပုဂံ၊ တောင်ကြီး၊အင်ကြီးအင်းလေးဇုန်ဒေသများရှိ သဘာဝအခြေခံ ခရီးစဉ်ဒေသများသို့ သွားရောက်ရန် Fan Trip စီစဉ်ပေးခြင်းဖြင့် Tourism Promotion ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ကျဆင်းခဲ့ရသည့် ခရီးသွားလုပ်ငန်းသည် လက်ရှိအချိန်တွင်ပြန်လည် ဖွံ့ဖြိုးလာနေပြီဖြစ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ခရီးစဉ်ဒေသအသစ်များနှင့် ရှိပြီးဖြစ်သည့် ခရီးသွားဒေသများကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးခရီးသြားဇုန္တြင္ တဟုန္စီးပြားေရးအသင္းႏွင့္ ခ်ိတ္ဆက္ၿပီး Tourism Promotion ေဆာင္႐ြက္သြားမည္
သက္ပိုင္(NP News) - စက္တင္ဘာ ၆
ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မႏၲေလးခရီးသြားဇုန္တြင္ တဟုန္စီးပြားေရးအသင္းႏွင့္ ခ်ိတ္ဆက္ၿပီး Tourism Promotion ေဆာင္႐ြက္ရန္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္းျပည္ပခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ က႑တစ္ခုအေနျဖင့္ မႏၲေလးဇုန္တြင္ ခရီးသြားလုပ္ငန္းႏွင့္ပတ္သက္၍ မႏၲေလးၿမိဳ႕အေျခစိုက္ တဟုန္စီးပြားေရးအသင္းႏွင့္ခ်ိတ္ဆက္ၿပီး Tourism Promotion ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
မႏၲေလးဇုန္အပါအဝင္ ျပည္တြင္းခရီးစဥ္ေဒသမ်ားကို အျပန္အလွန္ အလည္အပတ္ ခရီးစဥ္မ်ား စီစဥ္ေဆာင္႐ြက္သြားရန္ရွိၿပီး ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း၊ မႏၲေလးဇုန္ တာဝန္ရွိသူမ်ားႏွင့္ တဟုန္စီးပြားေရးအသင္းတာဝန္ရွိသူတို႔က MOU ေရးထိုးရန္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါအစီအစဥ္အရ တဟုန္စီးပြားေရးအသင္းမွ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ခရီးသြားကိုယ္စားလွယ္မ်ားကို လာေရာက္လည္ပတ္ရန္ဖိတ္ေခၚထားေၾကာင္းႏွင့္ ၎တို႔ျပည္နယ္မ်ားသို႔ သြားေရာက္လည္ပတ္သည့္ Fan Trip မ်ားစီစဥ္ကာ Tourism Promotion လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ မႏၲေလးေဒသႏွင့္ ပုဂံဇုန္၊ေတာင္ႀကီး၊ အင္းေလးဇုန္စသည္ျဖင့္ျပည္တြင္းတြင္ သဘာဝအေျခခံခရီးသြား ေဒသမ်ားသို႔ လည္ပတ္ႏိုင္လည္ပတ္ႏိုင္ေၾကာင္း ႏွင့္ ကမာၻလွည့္ခရီးသြားမ်ားသိရွိေစရန္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ႏိုင္ငံတကာေလယာဥ္ကြင္းရွိသည့္အတြက္ မႏၲေလးဇုန္သာမက ပုဂံ၊ ေတာင္ႀကီး၊အင္ႀကီးအင္းေလးဇုန္ေဒသမ်ားရွိ သဘာဝအေျခခံ ခရီးစဥ္ေဒသမ်ားသို႔ သြားေရာက္ရန္ Fan Trip စီစဥ္ေပးျခင္းျဖင့္ Tourism Promotion ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ကမာၻလုံးအတိုင္းအတာျဖင့္က်ဆင္းခဲ့ရသည့္ ခရီးသြားလုပ္ငန္းသည္ လက္ရွိအခ်ိန္တြင္ျပန္လည္ ဖြံ႕ၿဖိဳးလာေနၿပီျဖစ္ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ခရီးစဥ္ေဒသအသစ္မ်ားႏွင့္ ရွိၿပီးျဖစ္သည့္ ခရီးသြားေဒသမ်ားကို ထိန္းသိမ္းျမႇင့္တင္ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။