မီးလောင်မှုကြောင့် လစဥ်ပြည်သူ(၁ဝ)ဦးထက်မနည်း သေဆုံးနေရပြီး နေ့စဉ်ကျပ်သန်း (၄ဝ)ကျော်ဖိုး နစ်နာဆုံးရှုံးနေရ

923

စော(NP News) - ဇွန် ၁၂
မြန်မာနိုင်ငံ၌ တစ်ရက်လျှင် (၄)ကြိမ်ထက်မနည်း မီးလောင်မှုဖြစ်ပွားနေပြီး လစဉ်ပြည်သူ (၁ဝ)ဦးကျော် သေဆုံးနေရသကဲ့သို့ ပျမ်းမျှဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ်(၄၁)သန်းကျော်ထိရှိနေကြောင်း မီးသတ်ဦး စီးဌာန၏ အချက်အလက်များအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း မီးလောင်မှုအကြိမ်ရေ (၇၅၁)ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၄ဒ သမ ၉၄)ကြိမ်ခန့်ဖြစ်ပွားနေကြောင်း တွက်ဆနိုင်သည်။ အဆိုပါမီးလောင်မှုများကြောင့် လူ(၅၇)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၃)ဦး ရှိခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်စဉ်များမှာ လျှပ်စစ်(၂၅၆)ကြိမ်၊ ပေါ့ဆမီး(၂၁ဝ)ကြိမ်နှင့် မီးဖိုမီး(၁၃၂)ကြိမ်တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မီးလောင်မှုများ အနက် မတ်လတွင် အကြိမ်ရေ (၁၉၃)ကြိမ်ဖြင့် အများဆုံးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလတွင် အကြိမ်ရေ (၁၆၃)ကြိမ်ဖြင့် ဒုတိယအများဆုံးလ ဖြစ်ခဲ့ကြောင်း သိရသည်။
"မီးလောင်မှုမဖြစ်အောင်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ မီးလောင်မှုတွေ လျော့နည်းကျဆင်းဖို့၊ မီးလောင်မှုတွေ မဖြစ်ပေါ်စေဖို့ ပြီးခဲ့တဲ့ နွေတစ်လျှောက်လုံးလည်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအသိပညာပေးတာတွေရှိတယ်။ သတင်းစာ၊ ဂျာနယ်တွေ၊ ရုပ်သံတွေကမှ မီးနဲ့ပတ်သက်ပြီးတော့ အသိပေးတာတွေရှိတယ်။ ဒါမျိုးတွေတော့ လုပ်တာပေါ့"ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ အဆိုပါမီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ်(၆၃၂၇)သန်းရှိခဲ့ပြီး တစ်ရက်လျှင် ပျှမ်းမျှအားဖြင့် ငွေကျပ် (၄၁ ဒသမ ၆၂၅)သန်း ဆုံးရှုံးနေကြောင်း တွက်ဆနိုင်သည်။
"လူက မီးနဲ့လည်းကင်းလို့မရတဲ့အတွက် မီးကိုလူတွေက အသုံးပြုနေတော့ မီးလောင်မှုလည်း ရှိလာနိုင်တာပဲ။ ဒါကြောင့် မီးအသုံးပြုတဲ့လူတိုင်းက လျှပ်စစ်မီးပဲဖြစ်ဖြစ်၊ မီးဖိုမီးပဲဖြစ်ဖြစ်၊ ထင်းမီးပဲဖြစ်ဖြစ်၊ ဂက်စ်မီးပဲဖြစ်ဖြစ်၊ ဘယ်လိုမီးလောင်မှုပဲဖြစ်ဖြစ် သတိထားပြီးတော့မှ အလေးနက်ထား၊ သတိထားကိုင်တွယ်အသုံးပြုဖို့။ ပြီးရင်ကိုယ့်ပတ်ဝန်းကျင်မှာ မီးသတ်ဆေးဘူးတွေ၊ မီးသတ်နိုင်တဲ့ ရေတွေ၊ သဲတွေ စသဖြင့်ထားဖို့။ နောက်တစ်ချက်ကတော့ မီးလောင်ပြီဆိုရင် မီးသတ်တပ်ဖွဲ့ကို ချက်ချင်းဆက်သွယ်ဖို့၊ ကြိတ်ပြီး ငြှိမ်းတာတွေ၊ ကြိတ်ပြီး သတ်တာတွေ လုပ် တဲ့အတွက် မီးလောင်မှုက ကြီးသွားတတ်တာကိုး။ မီးလောင်ပြီဆိုရင် ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းရမယ်။ မီးသတ်တပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်တွေကို သိအောင်လုပ်ထားရမယ်"ဟု ၎င်းက အကြုံပြုပြောသည်။
ပြီးခဲ့သည့် (၂ဝ၂၃)ခုနှစ်၊ အလားတူကာလ၌ မီးလောင်မှုအကြိမ်ရေ (၈၇၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုနှစ်နှင့်နှိုင်းယှဉ်ပါက (၁၂၄)ကြိမ် လျော့နည်းကျ ဆင်းခဲ့ကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများဖြစ် ပွားလျက်ရှိရာ ၂ဝ၁၄ ခုနှစ် မှ ၂ဝ၂၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈ဝဝဝ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဘီလျံ (၁၈၇)ကျော်ခန့်ရှိခဲ့ကြောင်း သိရသည်။
zawgyi version
မီးေလာင္မႈေၾကာင့္ လစဥ္ျပည္သူ(၁ဝ)ဦးထက္မနည္း ေသဆုံးေနရၿပီး ေန႔စဥ္ က်ပ္သန္း (၄ဝ)ေက်ာ္ဖိုး နစ္နာဆုံးရႈံးေနရ
ေစာ(NP News) - ဇြန္ ၁၂
ျမန္မာႏိုင္ငံ၌ တစ္ရက္လွ်င္ (၄)ႀကိမ္ထက္မနည္း မီးေလာင္မႈျဖစ္ပြားေနၿပီး လစဥ္ျပည္သူ (၁ဝ)ဦးေက်ာ္ ေသဆုံးေနရသကဲ့သို႔ ပ်မ္းမွ်ဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ က်ပ္(၄၁)သန္းေက်ာ္ထိရွိေနေၾကာင္း မီးသတ္ဦး စီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယခုႏွစ္ ဇန္နဝါရီလမွ ေမလအထိ ငါးလတာကာလအတြင္း မီးေလာင္မႈအႀကိမ္ေရ (၇၅၁)ႀကိမ္ျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ (၄ဒ သမ ၉၄)ႀကိမ္ခန႔္ျဖစ္ပြားေနေၾကာင္း တြက္ဆႏိုင္သည္။ အဆိုပါမီးေလာင္မႈမ်ားေၾကာင့္ လူ(၅၇)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၆၃)ဦး ရွိခဲ့ေၾကာင္းသိရသည္။ မီးေလာင္မႈျဖစ္စဥ္မ်ားမွာ လွ်ပ္စစ္(၂၅၆)ႀကိမ္၊ ေပါ့ဆမီး(၂၁ဝ)ႀကိမ္ႏွင့္ မီးဖိုမီး(၁၃၂)ႀကိမ္တို႔ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ မီးေလာင္မႈမ်ား အနက္ မတ္လတြင္ အႀကိမ္ေရ (၁၉၃)ႀကိမ္ျဖင့္ အမ်ားဆုံးမီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီလတြင္ အႀကိမ္ေရ (၁၆၃)ႀကိမ္ျဖင့္ ဒုတိယအမ်ားဆုံးလ ျဖစ္ခဲ့ေၾကာင္း သိရသည္။
"မီးေလာင္မႈမျဖစ္ေအာင္လို႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ကေတာ့ မီးေလာင္မႈေတြ ေလ်ာ့နည္းက်ဆင္းဖို႔၊ မီးေလာင္မႈေတြ မျဖစ္ေပၚေစဖို႔ ၿပီးခဲ့တဲ့ ေႏြတစ္ေလွ်ာက္လုံးလည္း တစ္အိမ္တက္ဆင္း မီးေဘးလုံၿခဳံေရးအသိပညာေပးတာေတြရွိတယ္။ သတင္းစာ၊ ဂ်ာနယ္ေတြ၊ ႐ုပ္သံေတြကမွ မီးနဲ႔ပတ္သက္ၿပီးေတာ့ အသိေပးတာေတြရွိတယ္။ ဒါမ်ိဳးေတြေတာ့ လုပ္တာေပါ့"ဟု မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။ အဆိုပါမီးေလာင္မႈမ်ားေၾကာင့္ ဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ ေငြက်ပ္(၆၃၂၇)သန္းရွိခဲ့ၿပီး တစ္ရက္လွ်င္ ပွ်မ္းမွ်အားျဖင့္ ေငြက်ပ္ (၄၁ ဒသမ ၆၂၅)သန္း ဆုံးရႈံးေနေၾကာင္း တြက္ဆႏိုင္သည္။
"လူက မီးနဲ႔လည္းကင္းလို႔မရတဲ့အတြက္ မီးကိုလူေတြက အသုံးျပဳေနေတာ့ မီးေလာင္မႈလည္း ရွိလာႏိုင္တာပဲ။ ဒါေၾကာင့္ မီးအသုံးျပဳတဲ့လူတိုင္းက လွ်ပ္စစ္မီးပဲျဖစ္ျဖစ္၊ မီးဖိုမီးပဲျဖစ္ျဖစ္၊ ထင္းမီးပဲျဖစ္ျဖစ္၊ ဂက္စ္မီးပဲျဖစ္ျဖစ္၊ ဘယ္လိုမီးေလာင္မႈပဲျဖစ္ျဖစ္ သတိထားၿပီးေတာ့မွ အေလးနက္ထား၊ သတိထားကိုင္တြယ္အသုံးျပဳဖို႔။ ၿပီးရင္ကိုယ့္ပတ္ဝန္းက်င္မွာ မီးသတ္ေဆးဘူးေတြ၊ မီးသတ္ႏိုင္တဲ့ ေရေတြ၊ သဲေတြ စသျဖင့္ထားဖို႔။ ေနာက္တစ္ခ်က္ကေတာ့ မီးေလာင္ၿပီဆိုရင္ မီးသတ္တပ္ဖြဲ႕ကို ခ်က္ခ်င္းဆက္သြယ္ဖို႔၊ ႀကိတ္ၿပီး ျငႇိမ္းတာေတြ၊ ႀကိတ္ၿပီး သတ္တာေတြ လုပ္ တဲ့အတြက္ မီးေလာင္မႈက ႀကီးသြားတတ္တာကိုး။ မီးေလာင္ၿပီဆိုရင္ ေဘးပတ္ဝန္းက်င္ကို အကူအညီ ေတာင္းရမယ္။ မီးသတ္တပ္ဖြဲ႕ရဲ႕ ဖုန္းနံပါတ္ေတြကို သိေအာင္လုပ္ထားရမယ္"ဟု ၎က အႀကဳံျပဳေျပာသည္။
ၿပီးခဲ့သည့္ (၂ဝ၂၃)ခုႏွစ္၊ အလားတူကာလ၌ မီးေလာင္မႈအႀကိမ္ေရ (၈၇၅) ႀကိမ္ျဖစ္ပြားခဲ့ၿပီး ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက (၁၂၄)ႀကိမ္ ေလ်ာ့နည္းက် ဆင္းခဲ့ေၾကာင္း သိရသည္။ ျမန္မာ ႏိုင္ငံတြင္ ႏွစ္စဥ္မီးေလာင္မႈမ်ားျဖစ္ ပြားလ်က္ရွိရာ ၂ဝ၁၄ ခုႏွစ္ မွ ၂ဝ၂၃ ခုႏွစ္အထိ ၁ဝ ႏွစ္တာကာလအတြင္း မီးေလာင္မႈအႀကိမ္ေပါင္း ၁၈ဝဝဝ ခန႔္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ ဘီလ်ံ (၁၈၇)ေက်ာ္ခန႔္ရွိခဲ့ေၾကာင္း သိရသည္။