ရှမ်းပြည်မှ စဉ့်ကိုင်မြို့နယ်သို့ ပို့ဆောင်ရောင်းဝယ်မည့် (၃) ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို လမ်းခုလတ်၌ ဖမ်းမိ

 267

Pearl (NP News) - စက်တင်ဘာ ၄

ရှမ်းပြည်မှ စဉ့်ကိုင်မြို့နယ်သို့ ပို့ဆောင်ရောင်းဝယ်မည့် (၃) ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို လမ်းခုလတ်၌ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲ့တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီ ခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်း၌ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်း၌ ဉာဏ်လင်းမောင်းနှင်ပြီး လှခိုင်လိုက်ပါလာသော TOYOTA LITEACE မော်တော်ယာဉ်၊ စံဝင်းလင်းမောင်းနှင်သည့် IZONE မော်တော်ယာဉ်နှင့် ထက်အောင်ဇော်မောင်းနှင်သည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလျံ) အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲ ခန့်တွင် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ်အား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဘိန်းဖြူများအား တာဝန်ခံသယ်ဆောင်ခဲ့သူ စိုးဝေလွင် (ဖမ်းဆီးရန်ကျန်) နှင့် တင်မျိုးအောင် (ဖမ်းဆီးရန်ကျန်) တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် NISSAN AD VAN မော်တော်ယာဉ်အား မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်းတွင်လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဘိန်းဖြူများအား မူဆယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော HINO PROFIA ၁၂ ဘီး မော်တော်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ မော်တော်ယာဉ်များပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ရွမ္းျပည္မွ စဥ့္ကိုင္ၿမိဳ႕နယ္သို႔ ပို႔ေဆာင္ေရာင္းဝယ္မည့္ (၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို လမ္းခုလတ္၌ ဖမ္းမိ
Pearl (NP News) - စက္တင္ဘာ ၄

ရွမ္းျပည္မွ စဥ့္ကိုင္ၿမိဳ႕နယ္သို႔ ပို႔ေဆာင္ေရာင္းဝယ္မည့္ (၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို လမ္းခုလတ္၌ ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲ႕တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဩဂုတ္လ ၂၅ ရက္ေန႔ ည ၇ နာရီ ခြဲခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္၊ အမွတ္ (၃) ခ႐ိုင္ ခ်င္းဆက္လမ္း၌ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါ လမ္း၌ ဉာဏ္လင္းေမာင္းႏွင္ၿပီး လွခိုင္လိုက္ပါလာေသာ TOYOTA LITEACE ေမာ္ေတာ္ယာဥ္၊ စံဝင္းလင္းေမာင္းႏွင္သည့္ IZONE ေမာ္ေတာ္ယာဥ္ႏွင့္ ထက္ေအာင္ေဇာ္ေမာင္းႏွင္သည့္ ဆိုင္ကယ္တို႔အား စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဥ္ ၂ စီးေပၚမွ ဘိန္းျဖဴအေလးခ်ိန္ ၁၂၀ ဒသမ ၁၂ ကီလို (၎ေဒသတန္ဖိုးေငြက်ပ္ ၃ ဒသမ ၀၀၃ ဘီလ်ံ) အား ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။



ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ယင္းေန႔ ည ၁၁ နာရီခြဲ ခန႔္တြင္ ဘိန္းျဖဴမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ဘုန္းျမင့္ျမတ္အား ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဩဂုတ္လ ၂၆ ရက္ေန႔ နံနက္ ၁၀ နာရီခြဲခန႔္တြင္ ဘိန္းျဖဴမ်ားအား တာဝန္ခံသယ္ေဆာင္ခဲ့သူ စိုးေဝလြင္ (ဖမ္းဆီးရန္က်န္) ႏွင့္ တင္မ်ိဳးေအာင္ (ဖမ္းဆီးရန္က်န္) တို႔ ေရွ႕ေျပးအျဖစ္ ေဆာင္႐ြက္ရာတြင္ အသုံးျပဳခဲ့သည့္ NISSAN AD VAN ေမာ္ေတာ္ယာဥ္အား ျမစ္သားၿမိဳ႕နယ္၊ အမွတ္ (၃) ခ႐ိုင္ ခ်င္းဆက္လမ္းတြင္လည္းေကာင္း၊ ယင္းေန႔ နံနက္ ၁၁ နာရီခြဲအခ်ိန္ ဘိန္းျဖဴမ်ားအား မူဆယ္မွ ႐ြာငံၿမိဳ႕နယ္သို႔ သယ္ေဆာင္ရာတြင္ အသုံးျပဳခဲ့သည့္ စိုးေဝလြင္ ပိုင္ဆိုင္ေသာ HINO PROFIA ၁၂ ဘီး ေမာ္ေတာ္ယာဥ္အား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ) ရပ္ကြက္တြင္လည္းေကာင္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ကြင္းဆက္စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ဖမ္းဆီးရမိဘိန္းျဖဴမ်ားအား ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္မွ ႐ြာငံၿမိဳ႕နယ္သို႔ သယ္ေဆာင္ၿပီး ၎မွတစ္ဆင့္ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕နယ္သို႔ ေမာ္ေတာ္ယာဥ္မ်ားေျပာင္းလဲ၍ သယ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး လက္ရွိတြင္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.