ပါကစ္စတန်နိုင်ငံက စုဝေးပွဲတစ်ခုမှာ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦးသေဆုံး

 110

Pika (NP News)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quettaမြို့မှာ လုပ်ဆောင်ခဲ့တဲ့ လူထုစုဝေးပွဲတစ်ခုမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အမျိုးသားရေးဝါဒီခေါင်းဆောင် Sardar Ataullah Mengal ကွယ်လွန်တဲ့နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဒီစုဝေးပွဲကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစိုးရအရာရှိ Hamza Shafaatက ပြောကြားခဲ့ပါတယ်။စုဝေးပွဲအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အခြားလူ(၃၀)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Hamza Shafaatက ပြောကြားခဲ့ပါတယ်။ Hamza Shafaatက”ဗုံးပေါက်ကွဲမှုဟာ ကားပါကင်ဧရိယာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၁၁)ဦးသေဆုံးပြီး အခြားလူ(၃၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။အသေခံဗုံးခွဲမှုလို့ယူဆရတဲ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲအရာရှိ Athar Rasheedကပြောကြားခဲ့ပါတယ်။Quettaမြို့ဟာ အာဖဂန်နစ္စတန်၊အီရန်နိုင်ငံတို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ဘလိုချီစတန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး စစ်သွေးကြွတွေနဲ့ Baloch ခွဲထွက်ရေးအဖွဲ့တွေဟာ အဲ့ဒီဒေသမှာ လှုပ်ရှားနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံက စုေဝးပြဲတစ္ခုမွာ ဗုံးေပါက္ကြဲခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦးေသဆုံး
Pika (NP News)
ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Quettaၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့ လူထုစုေဝးပြဲတစ္ခုမွာ ဗုံးေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။အမ်ိဳးသားေရးဝါဒီေခါင္းေဆာင္ Sardar Ataullah Mengal ကြယ္လြန္တဲ့ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဲ့ဒီစုေဝးပြဲကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစိုးရအရာရွိ Hamza Shafaatက ေျပာၾကားခဲ့ပါတယ္။စုေဝးပြဲအတြင္း ဗုံးေပါက္ကြဲမႈေၾကာင့္ အျခားလူ(၃၀)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ Hamza Shafaatက ေျပာၾကားခဲ့ပါတယ္။ Hamza Shafaatက”ဗုံးေပါက္ကြဲမႈဟာ ကားပါကင္ဧရိယာမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ဗုံးေပါက္ကြဲမႈေၾကာင့္ အနည္းဆုံးလူ(၁၁)ဦးေသဆုံးၿပီး အျခားလူ(၃၀)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။အေသခံဗုံးခြဲမႈလို႔ယူဆရတဲ့ ဗုံးေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ရဲအရာရွိ Athar Rasheedကေျပာၾကားခဲ့ပါတယ္။Quettaၿမိဳ႕ဟာ အာဖဂန္နစၥတန္၊အီရန္ႏိုင္ငံတို႔နဲ႔ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ ဘလိုခ်ီစတန္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္ၿပီး စစ္ေသြးႂကြေတြနဲ႔ Baloch ခြဲထြက္ေရးအဖြဲ႕ေတြဟာ အဲ့ဒီေဒသမွာ လႈပ္ရွားေနၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.