အိန္ဒိယမှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတိုက်မိမှုကြောင့် လူခုနှစ်ဦးထက်မနည်း သေဆုံး

 727

ရောင်နီ (NP News) - ဇွန် ၁၈

အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ်မှာ တနင်္လာနေ့ (ဇွန် ၁၇ ရက်) က အမြန်ခရီးတင်ရထားနဲ့ ကုန်ပစ္စည်းတင်ရထား ၂ စီး တိုက်မှုဖြစ်ပွားခဲ့ပြီး လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အိန္ဒိယရုပ်သံလွှင့်ဌာနတွေမှ ဖော်ပြတဲ့ဓာတ်ပုံတွေအရ ရထား ၂ စီးရဲ့ရထားတွဲတွေ ရောထွေးနေတာတွေ့ရပြီး သေဆုံးသူ ခုနစ်ဦး၊ ဒဏ်ရာရသူ ခရီးသည် ၃၉ ဦး ထိရှိခဲ့ကာ ဒဏ်ရာရသူတွေကို ဒေသဆိုင်ရာ ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောကြားပါတယ်။
"သေဆုံးသွားတဲ့ ယာဉ်မောင်းနဲ့ အစောင့်တစ်ယောက်ရဲ့အလောင်းတွေကို ကျွန်တော်တို့ တွေ့လိုက်ရတယ်၊ သူတို့ရဲ့အလောင်းတွေကို ဖယ်ရှားလိုက်ပါပြီ" "ရထားအပျက်အစီး နေရာတချို့အောက်မှာ အလောင်းတွေ ရှိကောင်းလည်းရှိနိုင်ဦးမယ်။ ဒါပေမယ့် အတိအကျ မသိရသေးပါဘူး" လို့ မီးရထားကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရာဂျက်ရှ်ကူမာဆိုက်ဟ် က ပြောကြားပါတယ်။

ဒီအဖြစ်အပျက်အတွက် ဝန်ကြီးချုပ် နာရမ်ဒရာမိုဒီကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပိုစ့်တစ်ခုတင်ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မီးရထားကွန်ရက်တွေရှိတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါမီးရထားကွန်ရက်တွေမှာ ဘေးအန္တရာယ်များစွာ ဖြစ်ပွားခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အိုဒီရှာ ပြည်နယ်မှာ ရထားသုံးစင်း တိုက်မိပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

အိႏၵိယမွာ ခရီးသည္တင္ရထားနဲ႔ ကုန္တင္ရထားတိုက္မိမႈေၾကာင့္ လူခုႏွစ္ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၁၈

အိႏၵိယႏိုင္ငံ အေနာက္ဘင္ေဂါျပည္နယ္မွာ တနလၤာေန႔ (ဇြန္ ၁၇ ရက္) က အျမန္ခရီးတင္ရထားနဲ႔ ကုန္ပစၥည္းတင္ရထား ၂ စီး တိုက္မႈျဖစ္ပြားခဲ့ၿပီး လူခုနစ္ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

အိႏၵိယ႐ုပ္သံလႊင့္ဌာနေတြမွ ေဖာ္ျပတဲ့ဓာတ္ပုံေတြအရ ရထား ၂ စီးရဲ႕ရထားတြဲေတြ ေရာေထြးေနတာေတြ႕ရၿပီး ေသဆုံးသူ ခုနစ္ဦး၊ ဒဏ္ရာရသူ ခရီးသည္ ၃၉ ဦး ထိရွိခဲ့ကာ ဒဏ္ရာရသူေတြကို ေဒသဆိုင္ရာ ေဆး႐ုံဆီ ပို႔ေဆာင္ထားတယ္လို႔ ေဒသခံရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
"ေသဆုံးသြားတဲ့ ယာဥ္ေမာင္းနဲ႔ အေစာင့္တစ္ေယာက္ရဲ႕အေလာင္းေတြကို ကြၽန္ေတာ္တို႔ ေတြ႕လိုက္ရတယ္၊ သူတို႔ရဲ႕အေလာင္းေတြကို ဖယ္ရွားလိုက္ပါၿပီ" "ရထားအပ်က္အစီး ေနရာတခ်ိဳ႕ေအာက္မွာ အေလာင္းေတြ ရွိေကာင္းလည္းရွိႏိုင္ဦးမယ္။ ဒါေပမယ့္ အတိအက် မသိရေသးပါဘူး" လို႔ မီးရထားကာကြယ္ေရးတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ရာဂ်က္ရွ္ကူမာဆိုက္ဟ္ က ေျပာၾကားပါတယ္။

ဒီအျဖစ္အပ်က္အတြက္ ဝန္ႀကီးခ်ဳပ္ နာရမ္ဒရာမိုဒီကလည္း ဆိုရွယ္မီဒီယာေပၚမွာ ပိုစ့္တစ္ခုတင္ကာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
အိႏၵိယႏိုင္ငံဟာ ကမာၻ႔အႀကီးဆုံး မီးရထားကြန္ရက္ေတြရွိတဲ့ႏိုင္ငံေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါမီးရထားကြန္ရက္ေတြမွာ ေဘးအႏၲရာယ္မ်ားစြာ ျဖစ္ပြားခဲ့ဖူးၿပီး ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကလည္း အိုဒီရွာ ျပည္နယ္မွာ ရထားသုံးစင္း တိုက္မိၿပီး လူ ၃၀၀ နီးပါး ေသဆုံးခဲ့ပါတယ္။

Related news

© 2021. All rights reserved.