ရန်ကုန်တိုင်းဒေသကြီးသည် ဓာတ်အားထုတ်လုပ်ရရှိမှု၏ တစ်ဝက်ကျော်ကို ရရှိသုံးစွဲလျက်ရှိ

651

သုတကျော် (NP News) - ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး သည် ဓာတ်အားထုတ်လုပ်ရရှိမှု၏ တစ်ဝက်ကျော်ကို ရရှိသုံးစွဲလျက်ရှိကြေင်း နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်းတပ်ဆင်စက်အင်အား (၆၈၇၉.၆၄၆) မဂ္ဂါဝပ်ရှိသည့်အနက်မှ ဓာတ်အားလိုင်းများအား မိုင်းခွဲဖျက်ဆီးခံရခြင်း၊ သဘာဝဘေးကြောင့် ဓာတ်အားပေးစက်ရုံများ ထိခိုက်ပျက်စီးခြင်းနှင့် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းခြင်း စသည်တို့ကြောင့် မူလထုတ်လုပ်နိုင် အားမှ (၇၉၈) မဂ္ဂါဝပ်ခန့်လျော့နည်းလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထုတ်လုပ်မှုအနေဖြင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ နေ့စဉ်ဆည်ရေဝင်ရောက်မှု၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများ၏ ဓာတ်ငွေ့ရရှိမှု စသည်တို့အပေါ်တွင် မူတည်၍ ဓာတ်အား အတိုး/အလျော့ဖြင့် ပျမ်းမျှ (၃ဝ၃၄) မဂ္ဂါဝပ်ခန့်အား ချိန်ညှိ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ရန်ကုန်တိုင်း ဒေသကြီးသို့ ၅၁ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၂ ရာခိုင်နှုန်း အချိုးကျသတ်မှတ်၍ ဓာတ်အားခွဲဝေကာ ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် ဓာတ်အားထုတ်လုပ်ရရှိမှု၏ တစ်ဝက်ကျော်ကို ရရှိသုံးစွဲလျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ဓာတ်အားခွဲဝေရရှိမှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအားလုံးကို အများပြည်သူ အုပ်စု(A, B)ခွဲ၍ (၄)နာရီလာ (၄)နာရီပိတ် အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း နှင့် ထိုသို့ ဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေချိန်တွင် ဓာတ်အားစနစ်တစ်ခုလုံး၏ တည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတွင် ဖြစ်ပေါ်တတ်သည့် နည်းပညာဆိုင်ရာ ချို့ယွင်းမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အချို့သောနေရာများတွင် အလှည့်ကျ ဓာတ်အားရရှိချိန်၌ပင် ယာယီဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း အသိပေးထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများလိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိုင်းခွဲဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင် ပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း နိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များ ဖြစ်သော ရေ၊ နေ၊ လေစသည့် စွမ်းအင်အရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းစီမံ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ရေးသားထားသည်။

Zawgyi Version:
ရန္ကုန္တိုင္းေဒသႀကီးသည္ ဓာတ္အားထုတ္လုပ္ရရွိမႈ၏ တစ္ဝက္ေက်ာ္ကို ရရွိသုံးစြဲလ်က္ရွိ
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၆
ရန္ကုန္တိုင္းေဒသႀကီး သည္ ဓာတ္အားထုတ္လုပ္ရရွိမႈ၏ တစ္ဝက္ေက်ာ္ကို ရရွိသုံးစြဲလ်က္ရွိေၾကင္း ႏိုင္ငံေတာ္ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ေျဖၾကားခ်က္အရ သိရသည္။
ႏိုင္ငံေတာ္ဓာတ္အားစနစ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးလ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံမ်ား၏ အရင္းအျမစ္အလိုက္ စုစုေပါင္းတပ္ဆင္စက္အင္အား (၆၈၇၉.၆၄၆) မဂၢါဝပ္ရွိသည့္အနက္မွ ဓာတ္အားလိုင္းမ်ားအား မိုင္းခြဲဖ်က္ဆီးခံရျခင္း၊ သဘာဝေဘးေၾကာင့္ ဓာတ္အားေပးစက္႐ုံမ်ား ထိခိုက္ပ်က္စီးျခင္းႏွင့္ သဘာဝဓာတ္ေငြ႕ ရရွိမႈ ေလ်ာ့နည္းျခင္း စသည္တို႔ေၾကာင့္ မူလထုတ္လုပ္ႏိုင္ အားမွ (၇၉၈) မဂၢါဝပ္ခန႔္ေလ်ာ့နည္းလ်က္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ထုတ္လုပ္မႈအေနျဖင့္ ေရအား လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား၏ ေန႔စဥ္ဆည္ေရဝင္ေရာက္မႈ၊ သဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပး စက္႐ုံမ်ား၏ ဓာတ္ေငြ႕ရရွိမႈ စသည္တို႔အေပၚတြင္ မူတည္၍ ဓာတ္အား အတိုး/အေလ်ာ့ျဖင့္ ပ်မ္းမွ် (၃ဝ၃၄) မဂၢါဝပ္ခန႔္အား ခ်ိန္ညႇိ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္မႈအရ ၂၀၂၅ ခုႏွစ္၊ ဩဂုတ္လအတြင္း ရန္ကုန္တိုင္း ေဒသႀကီးသို႔ ၅၁ ရာခိုင္ႏႈန္း၊ မႏၲေလးတိုင္းေဒသႀကီးသို႔ ၁၇ ရာခိုင္ႏႈန္း၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ ၃၂ ရာခိုင္ႏႈန္း အခ်ိဳးက်သတ္မွတ္၍ ဓာတ္အားခြဲေဝကာ ဓာတ္အားျဖန႔္ျဖဴး ေပးလ်က္ရွိသျဖင့္ ရန္ကုန္တိုင္းေဒသႀကီးသည္ ဓာတ္အားထုတ္လုပ္ရရွိမႈ၏ တစ္ဝက္ေက်ာ္ကို ရရွိသုံးစြဲလ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ ဓာတ္အားခြဲေဝရရွိမႈအရ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အေရွ႕ပိုင္း၊ အေနာက္ပိုင္း၊ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းေဒသအားလုံးကို အမ်ားျပည္သူ အုပ္စု(A, B)ခြဲ၍ (၄)နာရီလာ (၄)နာရီပိတ္ အလွည့္က်စနစ္ျဖင့္ ဓာတ္အားျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း ႏွင့္ ထိုသို႔ ဓာတ္အား ခြဲေဝျဖန႔္ျဖဴးေပးေနခ်ိန္တြင္ ဓာတ္အားစနစ္တစ္ခုလုံး၏ တည္ၿငိမ္မႈႏွင့္ ေဘးကင္းလုံၿခဳံမႈကို ထိန္းသိမ္းရန္အတြက္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံမ်ားတြင္ ျဖစ္ေပၚတတ္သည့္ နည္းပညာဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ား၊ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ အေရးေပၚျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္အတြင္း အခ်ိဳ႕ေသာေနရာမ်ားတြင္ အလွည့္က် ဓာတ္အားရရွိခ်ိန္၌ပင္ ယာယီဓာတ္အားျပတ္ေတာက္မႈမ်ား ႀကဳံေတြ႕ရႏိုင္ေၾကာင္း အသိေပးထားသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ျပည္သူမ်ားလိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားကို ျပန္လည္ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ မိုင္းခြဲဖ်က္ဆီးခံရသည့္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားႏွင့္ သဘာဝ ေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ ဓာတ္အားေပးစက္႐ုံမ်ားကို အျမန္ဆုံးျပင္ဆင္ ၿပီးစီးႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး တိုးတက္သုံးစြဲလာမည့္ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္း ႏိုင္ရန္အတြက္ ႏိုင္ငံ၏ အရင္းအျမစ္မ်ား ျဖစ္ေသာ ေရ၊ ေန၊ ေလစသည့္ စြမ္းအင္အရင္းျမစ္မ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရး ဘက္ေပါင္းစုံမွ ႀကိဳးပမ္းစီမံ ေဆာင္႐ြက္လ်က္ရွိသည္ဟုလည္း ေရးသားထားသည္။