တရုတ်နဲ့ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားပြော

 166

Pika (NP News) - သြဂုတ် ၂၆

ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းမာခဲ့တဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်လာဖို့ တောင်ကိုရီးယားဘက်က မျှော်လင့်ထားတယ်လို့ တောင်ကိုရီးယားအထူးသံတမန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအထူးသံတမန် Park Byeong-seug ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနဲ့တွေ့ဆုံစဉ် အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ တရုတ်နဲ့တောင်ကိုရီးယားတို့က သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့အတွက် အမေရိကန်ကိုသွားရောက်လည်ပတ်နေချိန်မှာပဲ တောင်ကိုရီးယားအထူးသံတမန် Park Byeong-seug ဦးဆောင်တဲ့အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်ကို စေလွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းမာခဲ့တဲ့ တောင်ကိုးရီးယား-တရုတ် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်လာစေဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ထားတယ်လို့ Park Byeong-seug က ဝမ်ယီကို ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် Park Byeong-seug ဟာ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်က တရုတ်သမ္မတရှီကျင့်ဖျင်ကိုပေးတဲ့ စာတစ်စောင်ကို ဝမ်ယီကိုပေးအပ်ခဲ့ပြီး လာမယ့်အောက်တိုဘာလမှာကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ဆက္ဆံေရးေတြ ပုံမွန္ျပန္ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေတာင္ကိုရီးယားေျပာ
Pika (NP News) - ၾသဂုတ္ ၂၆
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တင္းမာခဲ့တဲ့ တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးေတြ ပုံမွန္ျပန္ျဖစ္လာဖို႔ ေတာင္ကိုရီးယားဘက္က ေမွ်ာ္လင့္ထားတယ္လို႔ ေတာင္ကိုရီးယားအထူးသံတမန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေတာင္ကိုရီးယားအထူးသံတမန္ Park Byeong-seug ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီနဲ႔ေတြ႕ဆုံစဥ္ အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကားစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြကိုျမႇင့္တင္ဖို႔ တ႐ုတ္နဲ႔ေတာင္ကိုရီးယားတို႔က သေဘာတူညီခဲ့တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံဖို႔အတြက္ အေမရိကန္ကိုသြားေရာက္လည္ပတ္ေနခ်ိန္မွာပဲ ေတာင္ကိုရီးယားအထူးသံတမန္ Park Byeong-seug ဦးေဆာင္တဲ့အထူးကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို တ႐ုတ္ကို ေစလႊတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တင္းမာခဲ့တဲ့ ေတာင္ကိုးရီးယား-တ႐ုတ္ ဆက္ဆံေရးကို ပုံမွန္ျပန္ျဖစ္လာေစဖို႔အတြက္ အတူတကြပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ Park Byeong-seug က ဝမ္ယီကို ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ Park Byeong-seug ဟာ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္က တ႐ုတ္သမၼတရွီက်င့္ဖ်င္ကိုေပးတဲ့ စာတစ္ေစာင္ကို ဝမ္ယီကိုေပးအပ္ခဲ့ၿပီး လာမယ့္ေအာက္တိုဘာလမွာက်င္းပမယ့္ အာရွ-ပစိဖိတ္စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈအဖြဲ႕ (APEC) ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔ ရွီက်င့္ဖ်င္ကို ဖိတ္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.