တရုတ်က ပစိဖိတ်သမုဒ္ဒရာအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်

 1180

Pika (NP News) - စက်တင်ဘာ ၂၅

တရုတ်စစ်တပ်ဟာ စက်တင်ဘာလ(၂၅)ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီ(၄၄)မိနစ်အချိန်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်း dummy ထိပ်ဖူးတပ်ဆင်ထားတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး မျှော်လင့်ထားတဲ့ပင်လယ်ပြင်နေရာကို ကျရောက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီလိုမျိုးစမ်းသပ်ပစ်လွှတ်မှုတွေကို ၎င်းရဲ့ကိုယ်ပိုင်ပိုင်နက်အတွင်းမှာပဲ လုပ်ဆောင်လေ့ရှိတယ်လို့ လေ့ လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။

Carnegie Endowment for International Peace မှ အကြီးတန်းအဖွဲ့ဝင် အန်ကစ်ပန်ဒါက "တရုတ်က ဒီလိုမျိုးစမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်တာက အလွန်ရှားပါးပါတယ်။ ဒီလိုစမ်းသပ်မှုမျိုးကို ကျွန်တော်တို့မြင်တွေ့ရတာက ဆယ်စုနှစ်တွေအတွင်းမှာ ပထမဆုံးအကြိမ် မြင်တွေ့ရတာမျိုးပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက "ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နိုင်ငံတကာ ဥပဒေ၊ နိုင်ငံတကာကျင့်ထုံးတွေနဲ့ကိုက်ညီပြီး ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်ကိုမှ တိုက်ရိုက်ဆန့်ကျင်တာမျိုး မဟုတ်ပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၎င်းရဲ့နျူကလီးယားလက်နက်တိုက်ကို အမေရိကန်က ခန့်မှန်းထားတာထက် ပိုမိုလျင်မြန်စွာဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ် မေလအထိ တရုတ်နိုင်ငံဟာနျူကလီးယားထိပ်ဖူးပေါင်း(၅၀၀)ကျော်ပိုင်ဆိုင်ထားပြီး ၂၀၃၀ ခုနှစ်မှာ ထိပ်ဖူးပေါင်း(၁)ထောင်ကျော်အထိ ရှိလာနိုင်တယ်လို အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

zawgyi version
တ႐ုတ္က ပစိဖိတ္သမုဒၵရာအတြင္း တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို စမ္းသပ္ ပစ္လႊတ္
Pika (NP News) - စက္တင္ဘာ ၂၅

တ႐ုတ္စစ္တပ္ဟာ စက္တင္ဘာလ(၂၅)ရက္ေန႔မွာ ပစိဖိတ္သမုဒၵရာအတြင္း တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္စစ္တပ္ဟာ စက္တင္ဘာလ(၂၅)ရက္ေန႔ နံနက္(၈)နာရီ(၄၄)မိနစ္အခ်ိန္မွာ ပစိဖိတ္သမုဒၵရာအတြင္း dummy ထိပ္ဖူးတပ္ဆင္ထားတဲ့ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး ေမွ်ာ္လင့္ထားတဲ့ပင္လယ္ျပင္ေနရာကို က်ေရာက္ခဲ့တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အဲဒီလိုမ်ိဳးစမ္းသပ္ပစ္လႊတ္မႈေတြကို ၎ရဲ႕ကိုယ္ပိုင္ပိုင္နက္အတြင္းမွာပဲ လုပ္ေဆာင္ေလ့ရွိတယ္လို႔ ေလ့ လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။

Carnegie Endowment for International Peace မွ အႀကီးတန္းအဖြဲ႕ဝင္ အန္ကစ္ပန္ဒါက "တ႐ုတ္က ဒီလိုမ်ိဳးစမ္းသပ္ပစ္လႊတ္မႈကို လုပ္ေဆာင္တာက အလြန္ရွားပါးပါတယ္။ ဒီလိုစမ္းသပ္မႈမ်ိဳးကို ကြၽန္ေတာ္တို႔ျမင္ေတြ႕ရတာက ဆယ္စုႏွစ္ေတြအတြင္းမွာ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ရတာမ်ိဳးပဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဒီစမ္းသပ္ပစ္လႊတ္မႈဟာ ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက "ဒီစမ္းသပ္ပစ္လႊတ္မႈဟာ ႏိုင္ငံတကာ ဥပေဒ၊ ႏိုင္ငံတကာက်င့္ထုံးေတြနဲ႔ကိုက္ညီၿပီး ဘယ္ႏိုင္ငံ၊ ဘယ္ပစ္မွတ္ကိုမွ တိုက္႐ိုက္ဆန႔္က်င္တာမ်ိဳး မဟုတ္ပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ၎ရဲ႕န်ဴကလီးယားလက္နက္တိုက္ကို အေမရိကန္က ခန႔္မွန္းထားတာထက္ ပိုမိုလ်င္ျမန္စြာဖြံၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ၂၀၂၃ ခုႏွစ္ ေမလအထိ တ႐ုတ္ႏိုင္ငံဟာန်ဴကလီးယားထိပ္ဖူးေပါင္း(၅၀၀)ေက်ာ္ပိုင္ဆိုင္ထားၿပီး ၂၀၃၀ ခုႏွစ္မွာ ထိပ္ဖူးေပါင္း(၁)ေထာင္ေက်ာ္အထိ ရွိလာႏိုင္တယ္လို အေမရိကန္ကာ ကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.