စည်းကမ်းမလိုက်နာသောဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း (၂)ခုကိုအရေးယူထား

1198

သက်ပိုင်( NP News) - ဩဂုတ် ၇
စည်းမျဉ်းစည်းကမ်းများ မလိုက်နာသည့် ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်း (၂)ခုကိုအရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအာ စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်းသိရသည်။
သို့သော် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့်လဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version:
စည္းကမ္းမလိုက္နာေသာဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း (၂)ခုကိုအေရးယူထား
သက္ပိုင္( NP News) - ဩဂုတ္ ၇
စည္းမ်ဥ္းစည္းကမ္းမ်ား မလိုက္နာသည့္ ဆက္သြယ္ေရး ကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကား ထုတ္လႊင့္ျပသျခင္း လုပ္ငန္း (၂)ခုကိုအေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္ေထာင္စုအစိုးရအဖြဲ႕က အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၄၊ ပုဒ္မခြဲ(ဂ)ကို က်င့္သုံး၍ အပ္ႏွင္းေသာအမိန႔္အရ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း လုပ္ကိုင္ခြင့္အမိန႔္ အမိန႔္အမွတ္ (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္အရ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ ျပသျခင္းလုပ္ငန္းလုပ္ကိုင္ခြင့္ မွတ္ပုံတင္လက္မွတ္ရယူထားသူသည္ အမိန႔္အမွတ္(၃၂/၂၀၂၄)အရ မိမိတို႔လႊင့္တင္မည့္ Content မ်ားအာ စိစစ္ေရးအဖြဲ႕ထံသို႔ ဦးစြာတင္ျပခြင့္ျပဳခ်က္ရယူရမည္ျဖစ္ေၾကာင္းသိရသည္။
သို႔ေသာ္ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္း လုပ္ငန္းလုပ္ကိုင္ခြင့္ မွတ္ပုံတင္လက္မွတ္ရယူထားေသာ AWS+ ႏွင့္ cmapp.tv တို႔သည္ စိစစ္ေရးအဖြဲ႕သို႔ တင္ျပထားျခင္းမရွိေသာ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ၎တို႔၏အက္ပလီေကးရွင္းမ်ားတြင္ လႊင့္တင္ထားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ AWS+ ႏွင့္ cmapp.tv တို႔ကို စည္းမ်ဥ္းစည္းကမ္းမ်ား မလိုက္နာသျဖင့္ ၎တို႔၏ လုပ္ငန္းလုပ္ကိုင္ခြင့္ မွတ္ပုံတင္လက္မွတ္ကို အၿမဲတမ္း႐ုပ္သိမ္းထားၿပီး တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္း လုပ္ငန္းလုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ ထုတ္ေပးျခင္းႏွင့္ စိစစ္ခြင့္ျပဳျခင္းမ်ား ေဆာင္႐ြက္လ်က္ ရွိေၾကာင္းႏွင့္လဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း လုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ရယူၿပီးသူမ်ားအေနျဖင့္ မိမိတို႔လႊင့္တင္သည့္ Content မ်ားကို စိစစ္ေရးအဖြဲ႕ထံ တင္ျပရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ လုပ္ငန္းလုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ရယူထားျခင္းမရွိေသာသူမ်ားအေနျဖင့္လည္း ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း လုပ္ကိုင္ခြင့္မွတ္ပုံတင္လက္မွတ္ေလွ်ာက္ထားရယူရမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။