အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့

1632

Htay Oung (NP News) - စက်တင်ဘာ ၂၆
အိန္ဒိယနိုင်ငံဟာ ယခု စမ်းသပ်ပစ်လွှတ်နေတဲ့ သူ့ရဲ့ ဒုံးကျည်အတွက် သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခင်သတ်မှတ်ထားတဲ့ အန္တရာယ်ဇုန်ကို တိုးချဲ့ထားခြင်းကြောင့် ယခုစမ်းသပ်နေ တဲ့ ဒုံးကျည်ဟာ ပိုမို အင်အားပြင်းလက်နက်ဖြစ်ဖွယ်ရှိကြောင်း နယူးဒေလီထောက်လှမ်းရေးရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ “အိန္ဒိယကာကွယ်ရေးသုတေသနဌာန”က စက်တင်ဘာလ ၂၄ ရက်မှာရေးသားပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ မူလ “ရေကြောင်းသွားလာသူများအတွက် သတိပေးချက် များ” အရ သီရိလင်္ကာနိုင်ငံနဲ့ (အင်ဒိုနီးရှား) စူမားးတြားကျွန်းတို့အကြား အန္တရာယ်ကျရောက်ဖွယ်ရှိတဲ့ ဧရိယာ ဟာ ဒေါင်လိုက် မိုင်ပေါင်း ၁၀၇၀ မျှ ရှည်လျှားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခု ပြန်လည်ပြင်ဆင်ချက်အရ အန္တရာယ်ကျရောက်ဖွယ်ရှိတဲ့ ဧရိယာဟာ မူလအကျယ်အဝန်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် မြန်မာ့ကမ်းရိုးတန်း အနောက်ဖက်တစ်ခွင်လုံးနဲ့ အိန္ဒိယတိုက်ငယ် အရှေ့ဖက်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ကို ခြုံငုံထားကြောင်း တွေ့ရှိရပါတယ်။ ဒီအတွက် စမ်းသပ်ပစ်လွှတ်မယ့် ဒုံးကျည်ဟာ ပိုမိုအင်အားပြင်းထန်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဖော်ပြထားလို ရှိနေပါတယ်။
သက္ကတဘာသာ “ရန်ပုံခွင်း” လို့ အဓိပ္ပါယ်ရတဲ့ “အက်ဂနီး-ဝမ်း-ပီ” ဒုံးကျည်ဟာ နျူကလီယာ ထိပ်ဖူးသယ် ဆောင်နိုင်ပြီး အဆင့် ၂-ဆင့်ပါ မြေပြင်မှ မြေပြင်သို့ ပစ်ခတ်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းအမျိုးအစားဖြစ်ပါတယ်။ တာလတ်ပစ်မှ ကမ္ဘာပတ်လမ်းကြောင်း အတွင်း ဝင်ရောက်ပြီး ကမ္ဘာ့တိုက်ကြီးတစ်တိုက်မှ အခြားတစ်တိုက်သို့ ပစ်လွှတ်နိုင်စွမ်းရှိပါတယ်။ ယခုစမ်းသပ်မယ့် ဒုံးကျည်ကတော့ ပျံသန်းရာလမ်းကြောင်း၊ တင်ဆောင်ရွေ့လျားပုံ၊ လောင်စာဖြည့်တင်းထားပုံတို့အရ တာလတ်ပစ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဘယ်လိုအမျိုးအ စားဖြစ်တယ်ဆိုတာကိုတော့ စမ်းသပ် ပစ်လွှတ်တဲ့အခါရောက်မှသာ အတိအကျသိရှိနိုင်ပါလိမ့်မယ်။
ယခုဒုံးကျည်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထား တယ်လို့ ဆိုပါတယ်။ “ရေကြောင်းသွားလာသူများအတွက် သတိပေးချက်များ” အရ အိန္ဒိယအနေနဲ့ သူ့ရဲ့ မဟာဗျူဟာမြောက် စစ်စွမ်းရည်ကို မြှင့်တင်ရန်နဲ့ ခိုင်မာတဲ့ ကာကွယ်ရေးအနေအထားကို ထိန်းသိမ်းရန် ဆုံးဖြတ်ထားကြောင်း သိသာနိုင်တယ်လို့ နယူးဒေလီထောက်လှမ်းရေးဌာနက ဖော်ပြထားပါတယ်။
(India Defence Research Wing., 24 September 2024,”India revises NOTAM for upcoming” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
အိႏၵိယ ဒုံးက်ည္စမ္းသပ္မႈ သတိေပးခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့
Htay Oung (NP News) - စက္တင္ဘာ ၂၆
အိႏၵိယႏိုင္ငံဟာ ယခု စမ္းသပ္ပစ္လႊတ္ေနတဲ့ သူ႔ရဲ႕ ဒုံးက်ည္အတြက္ သတိေပးခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ယခင္သတ္မွတ္ထားတဲ့ အႏၲရာယ္ဇုန္ကို တိုးခ်ဲ႕ထားျခင္းေၾကာင့္ ယခုစမ္းသပ္ေန တဲ့ ဒုံးက်ည္ဟာ ပိုမို အင္အားျပင္းလက္နက္ျဖစ္ဖြယ္ရွိေၾကာင္း နယူးေဒလီေထာက္လွမ္းေရးရဲ႕ လက္ခြဲတစ္ခုျဖစ္တဲ့ “အိႏၵိယကာကြယ္ေရးသုေတသနဌာန”က စက္တင္ဘာလ ၂၄ ရက္မွာေရးသားပါတယ္။
စက္တင္ဘာ ၂၃ ရက္ေန႔တုန္းက ထုတ္ျပန္ခဲ့တဲ့ မူလ “ေရေၾကာင္းသြားလာသူမ်ားအတြက္ သတိေပးခ်က္ မ်ား” အရ သီရိလကၤာႏိုင္ငံနဲ႔ (အင္ဒိုနီးရွား) စူမားးၾတားကြၽန္းတို႔အၾကား အႏၲရာယ္က်ေရာက္ဖြယ္ရွိတဲ့ ဧရိယာ ဟာ ေဒါင္လိုက္ မိုင္ေပါင္း ၁၀၇၀ မွ် ရွည္လွ်ားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ယခု ျပန္လည္ျပင္ဆင္ခ်က္အရ အႏၲရာယ္က်ေရာက္ဖြယ္ရွိတဲ့ ဧရိယာဟာ မူလအက်ယ္အဝန္းအျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အပါအဝင္ ျမန္မာ့ကမ္း႐ိုးတန္း အေနာက္ဖက္တစ္ခြင္လုံးနဲ႔ အိႏၵိယတိုက္ငယ္ အေရွ႕ဖက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ပင္လယ္ျပင္ကို ၿခဳံငုံထားေၾကာင္း ေတြ႕ရွိရပါတယ္။ ဒီအတြက္ စမ္းသပ္ပစ္လႊတ္မယ့္ ဒုံးက်ည္ဟာ ပိုမိုအင္အားျပင္းထန္ဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ေဖာ္ျပထားလို ရွိေနပါတယ္။
သကၠတဘာသာ “ရန္ပုံခြင္း” လို႔ အဓိပၸါယ္ရတဲ့ “အက္ဂနီး-ဝမ္း-ပီ” ဒုံးက်ည္ဟာ န်ဴကလီယာ ထိပ္ဖူးသယ္ ေဆာင္ႏိုင္ၿပီး အဆင့္ ၂-ဆင့္ပါ ေျမျပင္မွ ေျမျပင္သို႔ ပစ္ခတ္တဲ့ တိုက္ခ်င္းပစ္ ပဲ့ထိန္းအမ်ိဳးအစားျဖစ္ပါတယ္။ တာလတ္ပစ္မွ ကမာၻပတ္လမ္းေၾကာင္း အတြင္း ဝင္ေရာက္ၿပီး ကမာၻ႔တိုက္ႀကီးတစ္တိုက္မွ အျခားတစ္တိုက္သို႔ ပစ္လႊတ္ႏိုင္စြမ္းရွိပါတယ္။ ယခုစမ္းသပ္မယ့္ ဒုံးက်ည္ကေတာ့ ပ်ံသန္းရာလမ္းေၾကာင္း၊ တင္ေဆာင္ေ႐ြ႕လ်ားပုံ၊ ေလာင္စာျဖည့္တင္းထားပုံတို႔အရ တာလတ္ပစ္ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါေပမယ့္ ဘယ္လိုအမ်ိဳးအ စားျဖစ္တယ္ဆိုတာကိုေတာ့ စမ္းသပ္ ပစ္လႊတ္တဲ့အခါေရာက္မွသာ အတိအက်သိရွိႏိုင္ပါလိမ့္မယ္။
ယခုဒုံးက်ည္စမ္းသပ္မႈကို ၂၀၂၄ ခုႏွစ္ စက္တင္ဘာ ၂၅ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ျပဳလုပ္ရန္ စီစဥ္ထား တယ္လို႔ ဆိုပါတယ္။ “ေရေၾကာင္းသြားလာသူမ်ားအတြက္ သတိေပးခ်က္မ်ား” အရ အိႏၵိယအေနနဲ႔ သူ႔ရဲ႕ မဟာဗ်ဴဟာေျမာက္ စစ္စြမ္းရည္ကို ျမႇင့္တင္ရန္နဲ႔ ခိုင္မာတဲ့ ကာကြယ္ေရးအေနအထားကို ထိန္းသိမ္းရန္ ဆုံးျဖတ္ထားေၾကာင္း သိသာႏိုင္တယ္လို႔ နယူးေဒလီေထာက္လွမ္းေရးဌာနက ေဖာ္ျပထားပါတယ္။
(India Defence Research Wing., 24 September 2024,”India revises NOTAM for upcoming” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)