စင်ကာပူမှာ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ စက်ဘီးစီးအဖွဲ့ တရားစွဲခံရ

 828

ရောင်နီ (NP News)- အောက်တိုဘာ ၁ဝ

စင်ကာပူမှာ စက်ဘီးစီးခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်တဲ့စက်ဘီးစီးအဖွဲ့ကို တရားရုံးမှာ အောက်တိုဘာလ (၉)ရက်နေ့က တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်မှ ၂ဝ နှစ်ကြား စက်ဘီးစီးသူခြောက်ဦးဟာ မေလ ၁ဝ ရက်က စင်ကာပူနိုင်ငံ၊ စကော့လမ်းနဲ့ Orchard လမ်းတစ်လျှောက် စီးနင်းလာခဲ့ရာမှာ အခြားလမ်း အသုံးပြုသူတွေကို အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၄င်းတို့ဟာ သတ်မှတ်ထားတဲ့လမ်းရဲ့ ဘယ်ဘက်အစွန်းမှာ စီးနင်းခြင်းမရှိဘဲ လမ်းသွယ်တွေကြား စီးနင်းခြင်း၊ စတန့်လုပ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ စက်ဘီးစီးသူနှစ်ဦးဟာ အကာအကွယ်စက်ဘီးစီးဦးထုပ်တွေတောင် မဝတ်ဆင်ဘဲ စက်ဘီးစီးခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် စက် ဘီးသမားတစ်ယောက်က ဘရိတ်မပါတဲ့ စက်ဘီးကိုစီးပြီး နောက်တစ်ယောက်ကတော့ လက်ကိုင်ဖုန်းကို စက်ဘီးစီးရင်း အသုံးပြုနေခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုထင်ရှားမယ်ဆိုရင် ပြစ်မှုတစ်ခုစီအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၇၇၀) အထိ သို့မဟုတ် သုံးလအထိ ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွာ လမ္းစည္းကမ္း ေဖာက္ဖ်က္တဲ့ စက္ဘီးစီးအဖြဲ႕ တရားစြဲခံရ
ေရာင္နီ (NP News)- ေအာက္တိုဘာ ၁ဝ

စင္ကာပူမွာ စက္ဘီးစီးျခင္းဆိုင္ရာ စည္းကမ္းေတြကို ေဖာက္ဖ်က္က်ဴးလြန္တဲ့စက္ဘီးစီးအဖြဲ႕ကို တရား႐ုံးမွာ ေအာက္တိုဘာလ (၉)ရက္ေန႔က တရားစြဲဆိုလိုက္တယ္လို႔ သိရပါတယ္။

အသက္ ၁၇ ႏွစ္မွ ၂ဝ ႏွစ္ၾကား စက္ဘီးစီးသူေျခာက္ဦးဟာ ေမလ ၁ဝ ရက္က စင္ကာပူႏိုင္ငံ၊ စေကာ့လမ္းနဲ႔ Orchard လမ္းတစ္ေလွ်ာက္ စီးနင္းလာခဲ့ရာမွာ အျခားလမ္း အသုံးျပဳသူေတြကို အႏၲရာယ္ျဖစ္ေစတဲ့ အျပဳအမူေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ၄င္းတို႔ဟာ သတ္မွတ္ထားတဲ့လမ္းရဲ႕ ဘယ္ဘက္အစြန္းမွာ စီးနင္းျခင္းမရွိဘဲ လမ္းသြယ္ေတြၾကား စီးနင္းျခင္း၊ စတန႔္လုပ္ျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕အဆိုအရ စက္ဘီးစီးသူႏွစ္ဦးဟာ အကာအကြယ္စက္ဘီးစီးဦးထုပ္ေတြေတာင္ မဝတ္ဆင္ဘဲ စက္ဘီးစီးခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ စက္ ဘီးသမားတစ္ေယာက္က ဘရိတ္မပါတဲ့ စက္ဘီးကိုစီးၿပီး ေနာက္တစ္ေယာက္ကေတာ့ လက္ကိုင္ဖုန္းကို စက္ဘီးစီးရင္း အသုံးျပဳေနခဲ့တယ္လို႔ ဆိုပါတယ္။

ျပစ္မႈထင္ရွားမယ္ဆိုရင္ ျပစ္မႈတစ္ခုစီအတြက္ ဒဏ္ေငြ စင္ကာပူေဒၚလာ ၁,၀၀၀ (အေမရိကန္ေဒၚလာ ၇၇၀) အထိ သို႔မဟုတ္ သုံးလအထိ ေထာင္ဒဏ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.