(၉)လတာကာလအတွင်း ရွှေကုက္ကိုလ်နှင့် KK Parkမှ ကျားဖျန့်လုပ်သောနိုင်ငံခြားသား (၉၃၀၀)ကျော်ကို ပြည်နှင်လွှဲပြောင်းထား

240

သန့်ဇင်(NP News)-အောက်တိုဘာ ၂၃
(၉)လတာကာလအတွင်း မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Parkမှ ကျားဖျန့်လုပ်သောနိုင်ငံခြားသား (၉၃၀၀)ကျော်ကို ပြည်နှင်လွှဲပြောင်း ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းလျှက်ရှိကြောင်း သိရသည်။
ထို့သို့လုပ်ဆောင်လျှက်ရှိရာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေး ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ယမန်နေ့(အောက်တိုဘာ ၂၂ရက်)အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံမှတစ်ဆင့်နယ်စပ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား အမျိုးသား (၈၇၁၀) ဦးနှင့် အမျိုးသမီး (၇၉၆) ဦး၊ စုစုပေါင်း (၉၅၀၆) ဦးရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်လေဆိပ်မှ တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများသို့ ရောက်ရှိသွားသည့် နိုင်ငံခြားသားအမျိုးသား (၄၄) ဦးနှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၄၅) ဦးတို့ကို စစ်ဆေးဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံပေါင်း (၄၀)မှ နိုင်ငံခြားသား အမျိုးသား (၈၇၅၄) ဦးနှင့် အမျိုးသမီး (၇၉၇) ဦး၊ စုစုပေါင်း (၉၅၅၁) ဦး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါနိုင်ငံခြားသားများအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ရာ (အောက်တိုဘာ ၂၂ရက်) အထိ နိုင်ငံခြားသားအမျိုးသား (၈၅၆၀) ဦး၊ အမျိုးသမီး (၇၇၉) ဦး၊ စုစုပေါင်း (၉၃၃၉) ဦးတို့ကို သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများဖြင့် စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကျန်ရှိသေးသည့် ပြည်ပနိုင်ငံသား အမျိုးသား (၁၉၄) ဦးနှင့် အမျိုးသမီး (၁၈) ဦး၊ စုစုပေါင်း (၂၁၂) ဦးတို့ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
(၉)လတာကာလအတြင္း ေ႐ႊကုကၠိဳလ္ႏွင့္ KK Parkမွ က်ားဖ်န႔္လုပ္ေသာႏိုင္ငံျခားသား (၉၃၀၀)ေက်ာ္ကို ျပည္ႏွင္လႊဲေျပာင္းထား
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၃
(၉)လတာကာလအတြင္း ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ KK Parkမွ က်ားဖ်န႔္လုပ္ေသာႏိုင္ငံျခားသား (၉၃၀၀)ေက်ာ္ကို ျပည္ႏွင္လႊဲေျပာင္း ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ မဲ့ေထာ္သေလး(KK Park) နယ္ေျမမ်ားတြင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ႏိုင္ငံျခားသားမ်ားအား စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းလွ်က္ရွိေၾကာင္း သိရသည္။
ထို႔သို႔လုပ္ေဆာင္လွ်က္ရွိရာ ျမန္မာ-ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လူသားခ်င္းစာနာ ေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈ၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပန္လည္လႊဲေျပာင္းေပး ျခင္းမ်ားအား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ယခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္မွ ယမန္ေန႔(ေအာက္တိုဘာ ၂၂ရက္)အထိ စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ထိုင္းႏိုင္ငံမွတစ္ဆင့္နယ္စပ္ကိုျဖတ္ေက်ာ္၍ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ႏိုင္ငံျခားသား အမ်ိဳးသား (၈၇၁၀) ဦးႏွင့္ အမ်ိဳးသမီး (၇၉၆) ဦး၊ စုစုေပါင္း (၉၅၀၆) ဦးရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္းသို႔ ရန္ကုန္ေလဆိပ္မွ တရားမဝင္ ဝင္ေရာက္လာၿပီး ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္ႏွင့္ မဲ့ေထာ္သေလး(KK Park) နယ္ေျမမ်ားသို႔ ေရာက္ရွိသြားသည့္ ႏိုင္ငံျခားသားအမ်ိဳးသား (၄၄) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦး၊ စုစုေပါင္း (၄၅) ဦးတို႔ကို စစ္ေဆးေဖာ္ ထုတ္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေပါင္း (၄၀)မွ ႏိုင္ငံျခားသား အမ်ိဳးသား (၈၇၅၄) ဦးႏွင့္ အမ်ိဳးသမီး (၇၉၇) ဦး၊ စုစုေပါင္း (၉၅၅၁) ဦး ေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါႏိုင္ငံျခားသားမ်ားအား ျမန္မာ-ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ျပည္ႏွင္လႊဲေျပာင္းေပးျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ (ေအာက္တိုဘာ ၂၂ရက္) အထိ ႏိုင္ငံျခားသားအမ်ိဳးသား (၈၅၆၀) ဦး၊ အမ်ိဳးသမီး (၇၇၉) ဦး၊ စုစုေပါင္း (၉၃၃၉) ဦးတို႔ကို သက္ဆိုင္ရာ ႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားထံသို႔ ျပည္ႏွင္လႊဲေျပာင္းလက္ခံေရးဆိုင္ရာ အေထာက္အထားစာ႐ြက္စာတမ္းမ်ားျဖင့္ စနစ္တက် လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
က်န္ရွိေသးသည့္ ျပည္ပႏိုင္ငံသား အမ်ိဳးသား (၁၉၄) ဦးႏွင့္ အမ်ိဳးသမီး (၁၈) ဦး၊ စုစုေပါင္း (၂၁၂) ဦးတို႔ကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဆက္လက္လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။