ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး နဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီးတို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မှာ ဆုံတွေ့

356

ရောင်နီ (NP News) - နိုဝင်ဘာ ၂၃
အရပ် ၂၁၅.၁၆ စင်တီမီတာ (၇ ပေအမြင့်) ရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး ရူမီဆာဂဲလ်ဂီနဲ့ အရပ် ၆၂.၈ စင်တီမီတာ (၂ ပေ) ရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး ဂျိုတီအမ်ဂီတို့ဟာ ဗြိတိန်နိုင်ငံ Savoy Hotel မှာ တွေ့ဆုံခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) က ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၀ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသမီးနှစ်ဦးကြား အရပ်ကွာခြားချက်ဟာ ၁၅၂.၃၆ စင်တီမီတာ (၅ ပေ) ထိ ရှိပါတယ်။ ဒါပေမယ့် "ကျွန်မတို့မှာ တူညီတဲ့ အရာတွေရှိပါတယ်၊ နှစ်ယောက်လုံးက မိတ်ကပ်လိမ်းတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ၊ လက်ဝတ်လက်စားတွေနဲ့ လက်သည်းတွေလုပ်ရတာကို သဘောကျတယ်” လို့ ဂဲလ်ဂီက ဆိုပါတယ်။
"ကျွန်မတို့ရဲ့အရပ်အမောင်း ကွာခြားမှုကြောင့် မျက်လုံးချင်းဆုံဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့် အရမ်းခင်မင်မိပါတယ်” လို့ သူမကပဲ ဆက်ပြောခဲ့ပါတယ်။ တူရကီနိုင်ငံမှ ဝဘ်ဒီဇိုင်နာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဂဲလ်ဂီ (အသက် ၂၇ နှစ်) ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် ၂၀၂၁ ခုနှစ်မှာ ဂင်းနစ်မှတ်တမ်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မွေးဖွားတဲ့ ကမ္ဘ့ာအပုဆုံး အမျိုးသမီးအမက်ဂျ်ကတော့ Achondroplasia လို့ခေါ်တဲ အရိုးကြီးထွားမှုဆိုင်ရာ ရောဂါ ရှိနေသူ တစ်ဦးဖြစ်ပါတယ်။ ဒါအပြင် သူမဟာ အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “American Horror Story: Freak Show” နဲ့ အီတလီတီဗွီရှိုး “Lo Show Dei Record” မှာလည်း ပါဝင်ခဲ့ဖူးတဲ့ ကမ္ဘာ့အရပ်အပုဆုံး သရုပ်ဆောင်မင်းသမီးလည်းဖြစ်ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) အယ်ဒီတာချုပ် ခရိုက်ဂလင်ဒေ က ၎င်းတို့ ၂ ယောက်ကို လန်ဒန်မှာ စုံတွေ့ပေးခြင်းဟာ "မတူညီ ကွဲပြားမှုတွေကို ဂုဏ်ပြုပေးခြင်း"ဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီအံ့သြစရာကောင်းတဲ့ အထင်ကရ အမျိုးသမီးနှစ်ယောက်ကို ဆုံတွေ့ပေးလိုက်ခြင်းလိုက်ခြင်းအားဖြင့် သူတို့ ဘဝနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားနိုင်တယ်” လို့ ၎င်းက ဆိုပါတယ်။

Zawgyi Version;
ကမာၻ႔အရပ္အရွည္ဆုံး အမ်ိဳးသမီး နဲ႔ ကမာၻ႔အရပ္အပုဆုံးအမ်ိဳးသမီးတို႔ ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္မွာ ဆုံေတြ႕
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃
အရပ္ ၂၁၅.၁၆ စင္တီမီတာ (၇ ေပအျမင့္) ရွိတဲ့ ကမာၻ႔အရပ္အရွည္ဆုံး အမ်ိဳးသမီး ႐ူမီဆာဂဲလ္ဂီနဲ႔ အရပ္ ၆၂.၈ စင္တီမီတာ (၂ ေပ) ရွိတဲ့ ကမာၻ႔အရပ္အပုဆုံး အမ်ိဳးသမီး ဂ်ိဳတီအမ္ဂီတို႔ဟာ ၿဗိတိန္ႏိုင္ငံ Savoy Hotel မွာ ေတြ႕ဆုံခဲ့တယ္လို႔ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္း (GWR) က ဗုဒၶဟူးေန႔(ႏိုဝင္ဘာ ၂၀ ရက္) မွာ ထုတ္ျပန္ခဲ့ပါတယ္။
အမ်ိဳးသမီးႏွစ္ဦးၾကား အရပ္ကြာျခားခ်က္ဟာ ၁၅၂.၃၆ စင္တီမီတာ (၅ ေပ) ထိ ရွိပါတယ္။ ဒါေပမယ့္ "ကြၽန္မတို႔မွာ တူညီတဲ့ အရာေတြရွိပါတယ္၊ ႏွစ္ေယာက္လုံးက မိတ္ကပ္လိမ္းတာ၊ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္တာ၊ လက္ဝတ္လက္စားေတြနဲ႔ လက္သည္းေတြလုပ္ရတာကို သေဘာက်တယ္” လို႔ ဂဲလ္ဂီက ဆိုပါတယ္။
"ကြၽန္မတို႔ရဲ႕အရပ္အေမာင္း ကြာျခားမႈေၾကာင့္ မ်က္လုံးခ်င္းဆုံဖို႔ကေတာ့ ခက္ပါတယ္။ ဒါေပမယ့္ အရမ္းခင္မင္မိပါတယ္” လို႔ သူမကပဲ ဆက္ေျပာခဲ့ပါတယ္။ တူရကီႏိုင္ငံမွ ဝဘ္ဒီဇိုင္နာတစ္ဦးအျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ ဂဲလ္ဂီ (အသက္ ၂၇ ႏွစ္) ဟာ ကမာၻ႔အရပ္အရွည္ဆုံး အမ်ိဳးသမီးအျဖစ္ ၂၀၂၁ ခုႏွစ္မွာ ဂင္းနစ္မွတ္တမ္း ဝင္ခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ေမြးဖြားတဲ့ ကမၻ့ာအပုဆုံး အမ်ိဳးသမီးအမက္ဂ်္ကေတာ့ Achondroplasia လို႔ေခၚတဲ အ႐ိုးႀကီးထြားမႈဆိုင္ရာ ေရာဂါ ရွိေနသူ တစ္ဦးျဖစ္ပါတယ္။ ဒါအျပင္ သူမဟာ အေမရိကန္ ႐ုပ္ျမင္သံၾကား ဇာတ္လမ္းတြဲ “American Horror Story: Freak Show” နဲ႔ အီတလီတီဗြီရႈိး “Lo Show Dei Record” မွာလည္း ပါဝင္ခဲ့ဖူးတဲ့ ကမာၻ႔အရပ္အပုဆုံး သ႐ုပ္ေဆာင္မင္းသမီးလည္းျဖစ္ပါတယ္။
ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္း (GWR) အယ္ဒီတာခ်ဳပ္ ခ႐ိုက္ဂလင္ေဒ က ၎တို႔ ၂ ေယာက္ကို လန္ဒန္မွာ စုံေတြ႕ေပးျခင္းဟာ "မတူညီ ကြဲျပားမႈေတြကို ဂုဏ္ျပဳေပးျခင္း"ျဖစ္တယ္လို႔ ဆိုပါတယ္။
"ဒီအံ့ၾသစရာေကာင္းတဲ့ အထင္ကရ အမ်ိဳးသမီးႏွစ္ေယာက္ကို ဆုံေတြ႕ေပးလိုက္ျခင္းလိုက္ျခင္းအားျဖင့္ သူတို႔ ဘဝနဲ႔ပတ္သက္တဲ့ သူတို႔ရဲ႕အျမင္ေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ မွ်ေဝခံစားႏိုင္တယ္” လို႔ ၎က ဆိုပါတယ္။