လားရှိုးမြို့မှ MNDAA တို့ ဆုတ်ခွာနေပြီး အင်အား အနည်းအပါးသာ ကျန်တော့ ဟုဆို

4407

သုတကျော် (NP News) - နိုဝင်ဘာ ၂၃
လားရှိုးမြို့မှ MNDAA တို့ ဆုတ်ခွာနေပြီး အင်အား အနည်းအပါးသာ ကျန်တော့ကြောင်း ဖြစ်စဉ်ကို သိရှိသူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ပေါက်ကြားခဲ့သော ဝ ခေါင်းဆောင်နှစ်ဦး နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းတို့ အစည်းအဝေး မှတ်တမ်းထဲတွင် လားရှိုးမှ ကိုးကန့်တပ်များ ထွက်ခွာရန် တရုတ်ဘက်က ထည့်သွင်းပြောကြားခဲ့ကြောင်း တွေ့မြင် ရသည်။
ထိုသို့ ပြောကြားပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံ၌ ဖမ်းဆီး အကျယ်ချုပ်ချထားကြောင်း သတင်းထွက်ပေါ်ခဲ့ရာ တရုတ်ဘက်မှ ပြန်လည်ဖြေရှင်းရာတွင် ဖုန်တာရွှင်က ဆေးကုသခွင့်တောင်းသောကြောင့် တရုတ်နိုင်ငံဘက်သို့ လာရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှု ခံယူပြီး နောက် သက်သာလာပြီဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားထားသည်။
တရုတ်ဘက်က တောင်းဆိုသော ဂယက်သည် MNDAA အပါအဝင် မြောက်ပိုင်း သုံးဖွဲ့အတွင်း သက်ရောက်မှု ကြားမားခဲ့ပြီး MNDAA က ၎င်းတို့ တပ်ဖွဲ့အတွင်း ပူးပေါင်းပါဝင်နေသော PDF များကို ပြန်လွှတ်ခြင်းများ ရှိခဲ့ ကြောင်းလည်း သိရသည်။
“လားရှိုးမှာက သိပ်ထွေထွေထူးထူးမရှိဘူး။ ဒါပေမယ့် နဂိုလောက်တော့ အင်အားများတာ မရှိတော့ဘူး။ အရင်တုန်း ကဆိုရင် မိန်းလမ်းမတစ်ခုဆိုရင် ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် နှစ်ယောက်နှုန်း စောင့်တယ်ပေါ့။ အခုကတော့ လမ်းဆုံ နှစ်ခုပေါင်းမှ အစောင့်ဂိတ်တစ်ခုလောက်ပေါ့။ အင်အားလျော့သွားတဲ့သဘောရှိတယ်” ဟု အထက်ပါ သတင်းရင်း မြစ်က ဆိုသည်။
လားရှိုးမှ MNDAA များ အင်အား လျှော့နေသော်လည်း ပြည်ပရောက် မီဒီယာ များတွင်မူ အင်အားမလျှော့ကြောင်း နှင့် အုပ်ချုပ်ရေးကိစ္စများကိုဆောင်ရွက်နေကြောင်း ဝါဒဖြန့်ချိရေးသားမှုများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရ သည်။
“လားရှိုးက ခွာပြီး သိန္နီ၊ ကွတ်ခိုင်ဘက်ကို သွားကြတာ များတယ်။ အင်အားက နဂိုလောက် မများတော့ဘူး။ အရန် အနေအထား လောက်ပဲ ရှိတော့တယ်” ဟု ၎င်းက ရှင်းပြသည်။
NP News က ထပ်မံ စုံစမ်းသိရရှိရသော အချက်အလက်များအရ လားရှိုး တွင် MNDAA အင်အား အလွန်နည်းသွား ကာ PDF များ ရှိနေသည့် အနေအထားဖြစ်ကြောင်းလည်း သိရသည်။
လားရှိုးကို MNDAA က ထိန်းချုပ်ပြီးနောက် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာပြုလုပ်ခဲ့ရာ MNDAA ၏ အချက်အချာနေရာများကို ထိမှန်ခဲ့သည့်အပြင် သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။
Zawgyi Version;
လားရႈိးၿမိဳ႕မွ MNDAA တို႔ ဆုတ္ခြာေနၿပီး အင္အား အနည္းအပါးသာ က်န္ေတာ့ ဟုဆို
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၃
လားရႈိးၿမိဳ႕မွ MNDAA တို႔ ဆုတ္ခြာေနၿပီး အင္အား အနည္းအပါးသာ က်န္ေတာ့ေၾကာင္း ျဖစ္စဥ္ကို သိရွိသူ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ေပါက္ၾကားခဲ့ေသာ ဝ ေခါင္းေဆာင္ႏွစ္ဦး ႏွင့္ တ႐ုတ္အထူးကိုယ္စားလွယ္ တိန္႔႐ႊီက်င္းတို႔ အစည္းအေဝး မွတ္တမ္းထဲတြင္ လားရႈိးမွ ကိုးကန႔္တပ္မ်ား ထြက္ခြာရန္ တ႐ုတ္ဘက္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း ေတြ႕ျမင္ ရသည္။
ထိုသို႔ ေျပာၾကားၿပီးေနာက္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ MNDAA ေခါင္းေဆာင္ ဖုန္တာ႐ႊင္ကို တ႐ုတ္ႏိုင္ငံ၌ ဖမ္းဆီး အက်ယ္ခ်ဳပ္ခ်ထားေၾကာင္း သတင္းထြက္ေပၚခဲ့ရာ တ႐ုတ္ဘက္မွ ျပန္လည္ေျဖရွင္းရာတြင္ ဖုန္တာ႐ႊင္က ေဆးကုသခြင့္ေတာင္းေသာေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ လာေရာက္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ေဆးကုသမႈ ခံယူၿပီး ေနာက္ သက္သာလာၿပီျဖစ္ေၾကာင္း တ႐ုတ္ဘက္က ေျပာၾကားထားသည္။
တ႐ုတ္ဘက္က ေတာင္းဆိုေသာ ဂယက္သည္ MNDAA အပါအဝင္ ေျမာက္ပိုင္း သုံးဖြဲ႕အတြင္း သက္ေရာက္မႈ ၾကားမားခဲ့ၿပီး MNDAA က ၎တို႔ တပ္ဖြဲ႕အတြင္း ပူးေပါင္းပါဝင္ေနေသာ PDF မ်ားကို ျပန္လႊတ္ျခင္းမ်ား ရွိခဲ့ ေၾကာင္းလည္း သိရသည္။
“လားရႈိးမွာက သိပ္ေထြေထြထူးထူးမရွိဘူး။ ဒါေပမယ့္ နဂိုေလာက္ေတာ့ အင္အားမ်ားတာ မရွိေတာ့ဘူး။ အရင္တုန္း ကဆိုရင္ မိန္းလမ္းမတစ္ခုဆိုရင္ ဟိုဘက္ထိပ္၊ ဒီဘက္ထိပ္ ႏွစ္ေယာက္ႏႈန္း ေစာင့္တယ္ေပါ့။ အခုကေတာ့ လမ္းဆုံ ႏွစ္ခုေပါင္းမွ အေစာင့္ဂိတ္တစ္ခုေလာက္ေပါ့။ အင္အားေလ်ာ့သြားတဲ့သေဘာရွိတယ္” ဟု အထက္ပါ သတင္းရင္း ျမစ္က ဆိုသည္။
လားရႈိးမွ MNDAA မ်ား အင္အား ေလွ်ာ့ေနေသာ္လည္း ျပည္ပေရာက္ မီဒီယာ မ်ားတြင္မူ အင္အားမေလွ်ာ့ေၾကာင္း ႏွင့္ အုပ္ခ်ဳပ္ေရးကိစၥမ်ားကိုေဆာင္႐ြက္ေနေၾကာင္း ဝါဒျဖန႔္ခ်ိေရးသားမႈမ်ား ျပဳလုပ္ေနၾကသည္ကို ေတြ႕ျမင္ရ သည္။
“လားရႈိးက ခြာၿပီး သိႏၷီ၊ ကြတ္ခိုင္ဘက္ကို သြားၾကတာ မ်ားတယ္။ အင္အားက နဂိုေလာက္ မမ်ားေတာ့ဘူး။ အရန္ အေနအထား ေလာက္ပဲ ရွိေတာ့တယ္” ဟု ၎က ရွင္းျပသည္။
NP News က ထပ္မံ စုံစမ္းသိရရွိရေသာ အခ်က္အလက္မ်ားအရ လားရႈိး တြင္ MNDAA အင္အား အလြန္နည္းသြား ကာ PDF မ်ား ရွိေနသည့္ အေနအထားျဖစ္ေၾကာင္းလည္း သိရသည္။
လားရႈိးကို MNDAA က ထိန္းခ်ဳပ္ၿပီးေနာက္ တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈအႀကိမ္မ်ားစြာျပဳလုပ္ခဲ့ရာ MNDAA ၏ အခ်က္အခ်ာေနရာမ်ားကို ထိမွန္ခဲ့သည့္အျပင္ ေသဆုံးသူမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။