ရှမ်းပြည်နယ်တွင် လမ်း၊ တံတား၊ ရေပေးရေး နှင့်အခြားတည်ဆောက်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်တင်ဒါခေါ်

187

စော(NP News)- ဇွန် ၂၆
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများ၏ ၂ဝ၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါစနစ် (မြန်မာကျပ်ငွေ)ဖြင့် ဒုတိယအကြိမ် တင်ဒါတင်သွင်းနိုင်ပါကြောင်း အဆိုပါကော်မတီက ဆိုသည်။
အဆိုပါစည်ပင်သာယာရေးဌာနများမှာ တောင်ကြီးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ မူဆယ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၆)ခု၊ ကလောမြို့နယ်စည်ပင်မှ Lot အရေအတွက်(၃)ခု၊ ကျိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ ဆီဆိုင်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ တာချီလိတ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းရှူးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ ခိုလမ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု တိုဖြင့် တင်ဒါခေါ်ယူထားကြောင်း သိရသည်။
တင်ဒါလျှောက်လွှာရောင်းချမည့်ရက်မှာ ဇွန်လ (၂၆) ရက်မှ ဇူလိုင် (၂)ရက်နေ့အထိ ရုံးချိန်အတွင်းဖြစ်ပြီး တင်ဒါကို သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနသို့ ဇူလိုင် ၂ရက်၊ ညနေ (၄)နာရီခွဲ နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တင်ဒါကို တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်ကို သီးခြားအကြောင်းကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ရွမ္းျပည္နယ္တြင္ လမ္း၊ တံတား၊ ေရေပးေရး ႏွင့္အျခားတည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ ဒုတိယအႀကိမ္တင္ဒါေခၚ
ေစာ(NP News)- ဇြန္ ၂၆
ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာန ကြပ္ကဲမႈေအာက္ရွိ ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးဌာနမ်ား၏ ၂ဝ၂၅-၂၀၂၆ခု ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပုံေငြျဖင့္ ေဆာင္႐ြက္မည့္ လမ္း၊ တံတား၊ ေရေပးေရးႏွင့္ အျခားတည္ေဆာက္ေရးလုပ္ငန္းမ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တင္ဒါေကာ္မတီက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ စိတ္ပါဝင္စားသည့္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္ ကုမၸဏီမ်ားကို အိတ္ဖြင့္တင္ဒါစနစ္ (ျမန္မာက်ပ္ေငြ)ျဖင့္ ဒုတိယအႀကိမ္ တင္ဒါတင္သြင္းႏိုင္ပါေၾကာင္း အဆိုပါေကာ္မတီက ဆိုသည္။
အဆိုပါစည္ပင္သာယာေရးဌာနမ်ားမွာ ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၂)ခု၊ မူဆယ္ၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၆)ခု၊ ကေလာၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္(၃)ခု၊ က်ိဳင္းတုံၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၂)ခု၊ ဆီဆိုင္ၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၁)ခု၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၁)ခု၊ မိုင္းရႉးၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၁)ခု၊ မိုင္းတုံၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၁)ခု၊ ခိုလမ္ၿမိဳ႕နယ္စည္ပင္မွ Lot အေရအတြက္ (၁)ခု တိုျဖင့္ တင္ဒါေခၚယူထားေၾကာင္း သိရသည္။
တင္ဒါေလွ်ာက္လႊာေရာင္းခ်မည့္ရက္မွာ ဇြန္လ (၂၆) ရက္မွ ဇူလိုင္ (၂)ရက္ေန႔အထိ ႐ုံးခ်ိန္အတြင္းျဖစ္ၿပီး တင္ဒါကို သက္ဆိုင္ရာ စည္ပင္သာယာေရးဌာနသို႔ ဇူလိုင္ ၂ရက္၊ ညေန (၄)နာရီခြဲ ေနာက္ဆုံးတင္သြင္းရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ တင္ဒါကို ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာနတြင္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဖြင့္လွစ္မည့္ေန႔ရက္ႏွင့္အခ်ိန္ကို သီးျခားအေၾကာင္းၾကားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။