ပြည်ပမှစွက်ဖက်မှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေး

 190

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကိုဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအမိန့်များကိုထုတ်ပြန်ကာ အစဉ်တစိုက် လုပ်ဆောင်ခဲ့ သည်။
(၂၀၂၅) ခုနှစ်မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နောက်လည်း ယာယီအပစ်အခတ်ရပ်စဲရေးကို ထုတ် ပြန်ပေးခဲ့ ကာ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင် ရန်လုပ်ဆောင်ခဲ့သည်။ တိုင်းပြည်အကျိုးစီးပွားကို ရှေးရှု၍ သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အ ခတ်ရပ်စဲခြင်းကိုအလေးထားရန်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများစွာကို ကြုံ တွေ့ခဲ့ကြရ သည်။ (၁၉၄၈) ခုနှစ်မှ (၁၉၆၂) ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်၊ (၁၉၆၂) ခုနှစ်မှ (၁၉၇၄) ခုနှစ်အထိ တော်လှန်ရေး ကောင်စီအစိုးရ လက်ထက် ဆိုရှယ်လစ်စနစ်၏အကြိုကာလ၊ (၁၉၇၄) ခုနှစ်မှ (၁၉၈၈) ခုနှစ်အထိ ဆိုရှယ်လစ်စနစ်၊ (၁၉၈၈) ခုနှစ်မှ (၂၀၁၀) ပြည့်နှစ်အထိ ပါတီစုံဒီမိုကရေစီစနစ် သို့ လျှောက်လှမ်းနိုင်ရေး အခြေခံအုတ်မြစ်ချသည့်ကာလ၊ (၂၀၁၀) ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေဆဲကာလများကိုဖြတ်သန်းခဲ့ရသည်။
ခေတ်ကာလ အပြောင်းအလဲနှင့်အတူ နိုင်ငံရေး စနစ်ပြောင်းလဲမှုများရှိခဲ့သော်လည်း ပြည်တွင်း၌ ဖြစ်ပွား နေသော နိုင်ငံရေးအငြင်းပွားမှုများနှင့်အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေဆဲရှိသည်။ လက်နက်ကိုင် ပဋိပက္ခ များနှင့်အတူ မိမိအပါအဝင် အများပြည်သူများမှာ မငြိမ်းချမ်းခြင်း၏ဒုက္ခများကို ကြုံတွေ့ခံစားနေကြရသည်။ မိမိတို့ နိုင်ငံကို အကဲခတ် စောင့်ကြည့်နေကြသောကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများကလည်း မိမိတို့နိုင်ငံကို တည်ငြိမ် အေးချမ်း သောနိုင်ငံတစ်ခုအဖြစ် တွေ့မြင်လိုကြသည်။ အထူး သဖြင့် မိမိတို့နိုင်ငံနှင့်ဆက်စပ်၍ အကျိုးစီးပွားဖြစ် ထွန်း နေကြသောနိုင်ငံများကလည်း မိမိတို့နိုင်ငံ၏တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် အားမလို အားမရ ဖြစ်နေကြသည်။
မိမိအပါအဝင် ပြည်သူများကလည်း ငြိမ်းချမ်း ရေးကိုလိုချင်ကြသည်။ တကယ်တော့ လက်နက် ကိုင်ပဋိပက္ခ များသည် ပြည်သူအများကိုရော၊ နိုင်ငံအတွက်ကိုပါ ကောင်းကျိုးပေးသည်မဟုတ်။ တိုင်းပြည်ကို ဆင်းရဲတွင်းသို့တွန်းပို့ နေသည်သာမက ပြည်သူများကိုလည်း ဆင်းရဲဒုက္ခတွင်းသို့ ပို့ဆောင်နေခြင်း သာဖြစ်သည်။ ပြည်တွင်းပဋိပက္ခများ ကြောင့် တိုင်းပြည်သည် မွဲသထက်မွဲကာ ဆင်းရဲတွင်း နက်နေခဲ့ရသည်။ နိုင်ငံသည်လည်းကောင်း၊ ပြည်သူများသည် လည်းကောင်း ဆင်းရဲတွင်း ပြာပုံဘဝမှရုန်းထွက်ခြင်း မပြုနိုင်ကြသေး။

ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်ပြည်ပလွှမ်းမိုးမှု
ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ကို ကိုင်စွဲခွင့်ရခဲ့သော အစိုးရအဆက်ဆက်တို့ သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းစဉ် များကို အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်။ ဖဆပလခေတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် (၁၉၆၃) ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲများ စသည်တို့က ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို တွေ့မြင်နိုင် ပေသည်။
ဖဆပလ အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဦးနှစ်ဖက် ကျူးလွန်ခဲ့ခြင်းအားလုံးကို သင်ပုန်းချေ နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကိုပင် ထုတ်ပြန်ကြေညာပေးခဲ့သည်။ ဥပဒေတွင်း ဝင်လာပြီးနောက် ၎င်းတို့၏ပါတီအဖွဲ့အစည်းများကိုလည်း တရားဝင်ပါတီ အဖွဲ့အစည်းများအဖြစ် ထူထောင်ခွင့်ပြုသည်အထိ လိုက်လျော မှုများကို ပြုလုပ်ပေးခဲ့သည်။ သို့ရာတွင် (ဗကပ) ကဲ့သို့ ပါတီကြီးများက ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းမပြုခဲ့ သဖြင့် အောင်မြင်မှုများမရခဲ့။ (၁၉၆၃) ခုနှစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုလျှင် ပြည်ပနိုင်ငံကြီးတစ်ခု၏ အခါပေး နှပ်ကြောင်းပေးမှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။
(၁၉၈၈) ခုနှစ် တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၂၀) ခန့် နှင့်တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးကာ အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ ခွန်ဆာလို အင်အားတောင့်တင်းသော လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း လက်နက်စွန့်လွှတ်ရန် စွမ်းဆောင်နိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စည်းကြီးများဖြစ်သော ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့၊ အေအင်န်ယူ ကရင်တိုင်းရင်းသားအဖွဲ့ များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တပ်မတော်အစိုးရက ထိုးစစ်ဆင်မှုများကိုရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရေး အတွက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဆက်သွယ်မည့်နေရာ (CONTACT POINT) သတ်မှတ်ကာ စိတ်ရှည်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။ (၁၉၉၃) ခုနှစ် ဇန်နဝါရီလအတွင်း ကေအင်န်ယူ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင် တို့ကလည်း ငြိမ်းချမ်းရေးကမ်းလှမ်းလာပြီး ငြိမ်းချမ်း ရေး ဆွေးနွေးမှုများကိုစတင်နိုင်ခဲ့သည်။
ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေစဉ်အတွင်း ပြည်ပ ပယော ဂ စွက်ဖက်မှုများကြောင့် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရသည်။ ကေအင်န်ယူနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလအတွင်း (၁၉၉၇) ခုနှစ် ဇန်န ဝါရီလ (၇) ရက်မှ (၁၄) ရက်အထိ KNU ကဦးဆောင်၍ DAB နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများပါဝင်လျှက် အမေရိကန်နိုင်ငံအဖွဲ့အစည်း တစ်ခုက ကမကထပြု၍ မဲသရောတွင် အစည်းအဝေးတစ်ခုပြု လုပ်ခဲ့သည်။
အစည်းအဝေးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်မဖြစ်ထွန်းအောင်၊ ငြိမ်းချမ်းရေးကိစ္စ များအကောင် အထည်မပေါ်အောင် အမေရိကန်နိုင်ငံ၏ဝင်ရောက်စွက်ဖက်မှုတစ်ရပ်လည်းဖြစ်သည်။ အစည်းအဝေးအမည်မှာ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ (ETHNIC NATIONALITIES SEMINER) ဖြစ်ပြီး အမေရိကန်နိုင်ငံ အဖွဲ့အစည်း တစ်ခုက အကုန်အကျခံကာ ကမကထပြုပြီး ဦးဆောင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အစည်းအဝေးအပြီး ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အမျိုးသားညီလာခံကို အသိအမှတ်မပြုကြောင်း၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုနှင့်အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင်ဆွေးနွေးမှုပြုလုပ်ရန်၊ အာဆီယံ အဖွဲ့ဝင်အဖြစ်လက်မခံသေးဘဲ ဆိုင်းငံ့ထားရန်၊ ဒီမိုကရေစီနှင့်လူထုတိုက်ပွဲကိုထောက်ခံကြောင်း စသည့်အချက်များ ပါဝင်ခဲ့သည်။ မဲသရောဆွေးနွေးပွဲအပြီး ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်ဆိုင်းခဲ့ပြီး KNU မှစစ်ရေးလှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြသည်။ (မှော်ဝန်းသား ဦးခင်ညွန့်ရေးသော ‘‘ကြုံ တွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ”စာအုပ်ဖော်ပြချက်)။
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ပထမအကြိမ်ဒီမိုကရေစီ အစိုးရ (ဦးသိန်းစိန် အစိုးရ) လက်ထက်တွင် ရေးဆွေးနွေး ပွဲကမ်းလှမ်းချက်ကို ထုတ်ပြန်ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့နှင့် နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့်စိတ် ရှည်သည်းခံမှုများဖြင့် လပေါင်း (၁၇) လ ကျော်ကြာ ဆွေးနွေးအပြီး အခန်း (၇) ခန်းနှင့်အချက်ကြီး (၃၃) ချက်ပါ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ် (Nationalwide Casefire Agree- ment- NCA) ကို (၂၀၁၅) ခုနှစ် အောက်တိုဘာလ (၁၅) ရက်က နေပြည် တော် MICC-2 တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအဖွဲ့တို့အကြား ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို သက်သေ ထားကာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာ ချုပ် (NCA) ၏အနှစ်သာရမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်သွားရေး၊ လက်နက်ကိုင်တိုက်ခိုက်မှု များကိုစွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်း များဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရေး၊ ဒေသတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွား ရေးတို့ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်သည် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခြေခံသဘောတူညီချက်များဖြင့် ချုပ်ဆိုထားခြင်းဖြစ်ရာ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်း ကိုလျှောက်လှမ်းရာတွင် (NCA) စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ သို့ရာတွင် ရိုးသားမှုမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ သည် (၂၀၂၁) ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကာလတွင် ပြည်တွင်းပြည်ပမှသွေးထိုးလှုံ့ ဆော်ချက်များကြောင့်လည်း ကောင်း၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုမှုများကြောင့်လည်းကောင်း (NCA) စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့သည်ပင် စာချုပ်ကို မျက်ကွယ်ပြုထားခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည်လည်း (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် (၂၀၂၃) ခုနှစ် အောက်တိုဘာလမှစတင်ကာ တိုက်ပွဲများဖော် ဆောင်ခဲ့ကြကာ နယ်မြေများကိုသိမ်းယူခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် (၂၀၂၅) ခုနှစ် ဇန်နဝါရီလအပြီး ရှမ်းမြောက်ဒေသအချို့တွင် အပစ်အခတ်ရပ်စဲနိုင်ခဲ့သော်လည်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ် ပွားနေဆဲရှိသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင်တိုက်ပွဲများကြီးလာခြင်းအတွက် အိမ်နီးချင်း နိုင်ငံတစ်ခုကို ကြားခံ၍အနောက်နိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက် နေသည်ဟူသည့်သတင်းများလည်းကြားသိနေရသည်။ အခြားတစ်ဖက်တွင်လည်း NUG, PDF လက်နက်ကိုင်အဖွဲ့များ၊ ကယား၊ ကရင်၊ မွန်လက်နက်ကိုင်အဖွဲ့များကလည်း CIA ကဲ့သို့အဖွဲ့အစည်းများနောက်ကွယ်မှ ပံ့ပိုးမှုများဖြင့်တိုက်ပွဲ များကို ဖော်ဆောင်တိုက်ခိုက်နေဆဲဖြစ်သည်။
ထိုအဖွဲ့များကား နိုင်ငံတော်မှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်များကို အလေးအနက်ထား ခြင်းမရှိကြ။ ပြည်ပနိုင်ငံများ၏အထောက်အပံ့အား ကိုးဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ၎င်းတို့မှာ ပြည်တွင်းငြိမ်းချမ်း ရေးကို စိတ်ဝင်စားခြင်းမရှိ။ ပြည်ပ ဩဇာခံ၍ တိုက်ခိုက်နေကြခြင်းလည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ (၁၉၈၈) ခုနှစ်တွင် တာဝန်ယူခဲ့သောတပ်မတော်အစိုးရလက်ထက် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း (၂၀) ခန့်နှင့် တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးကာ အပစ်အခတ်ရပ်စဲ ရေးကိုဆောင်ရွက်နိုင်ခဲ့သည်။ ခွန်ဆာလို အင်အား တောင့်တင်းသော လက်နက်ကိုင်အဖွဲ့အစည်းကို လည်း လက်နက်စွန့်လွှတ်ရန် စွမ်းဆောင်နိုင်ခဲ့ သည်။ အပစ်အခတ်ရပ်စဲခဲ့ရာနေရာဒေသများတွင် ဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်နိုင်ခဲ့သည်။
တိုက်ပွဲတွေ ချုပ်ငြိမ်းကာ ဒေသခံတိုင်းရင်းသား များ၏လူမှုဘဝများသည်လည်း တည်ငြိမ်အေးချမ်း မှုကိုရရှိ စေခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

စွက်ဖက်မှုသတိထား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည်နိုင်ငံရေး၏အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း နိုင်ငံရေး၏လက် နက်တစ်ခု တော့ မဟုတ်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များသည် နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသား အကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ရ မည့်လုပ်ငန်းဖြစ်သည်။
ငြိမ်းချမ်းရေးရရှိမှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်သည်။ ငြိမ်းချမ်း ရေးလုပ်ဆာင်ရာတွင် ရိုးသားမှုရှိရန် လိုအပ်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့်တစ်ဖက် သဘောထားကြီးစွာဖြင့် တိုင်းရင်းသားပြည်သူများ၏အကျိုး၊ နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးစီးပွားကို ရေရှည်ကြည့်ဆောင်ရွက်သွားတတ်ကြရန် လိုပေသည်။
ပြည်ပနိုင်ငံအချို့သည်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို အထောက် အပံ့အကူအညီ များပေးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလက်နက်တစ်ခုအဖြစ်အသုံးချရန် ကြိုးစားနေ သည်ကိုလည်း တွေ့မြင်နေရ သည်။
ပြည်ပနိုင်ငံကြီးများသည် မြန်မာနိုင်ငံ၏ငြိမ်း ချမ်းရေးကို သဘောရိုးဖြင့်မကြည့်၊ ၎င်းတို့၏အကျိုးစီးပွား အတွက်သာ မျှော်ကိုးပြီး ငြိမ်းချမ်းရေးကိုနိုင်ငံရေးလက်နက်အဖြစ်အသုံးချကာ တိုင်းရင်းသား လက်နက်ကိုင်များအကြား ဝင်ရောက် သပ်လျှိုပြုလုပ် နေကြသည်ကိုမြင်တွေ့နေရပေသည်။ အထူးသဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်များကို သွေးထိုးမြှောက်ပင့် ပြုလုပ်တတ်ကြောင်းလည်း သမိုင်း သင်ခန်းစာများအရသိရှိနိုင်ကြသည်သာဖြစ်သည်။ တိုင်းရင်း သားခေါင်းဆောင်များအနေဖြင့် ရိုးရိုး သားသား အမြင်ရှင်းရှင်းဖြင့် ကြည့်မြင်တတ်ကြဖို့ လည်း လိုသည်။ အိမ်တွင်းမီးကို အိမ်တွင်းမှာသာ ငြှိမ်းသတ်နိုင်ပေမည်။ ပြင်ပမှ ဓာတ်ဆီလောင်း အား ပေးအားမြှောက် ပြုလုပ်နေကြသည်များကို သတိမူ ကြရန်လိုကြောင်း ရေးသားလိုက်ရပေသည်။
စစ်မုန်း

Zawgyi Version:
ျပည္ပမွစြက္ဖက္မႈမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရသည္ ႏိုင္ငံေတာ္အာဏာကိုရယူခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္မ်ားကိုေဆာင္႐ြက္ႏိုင္ရန္ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးအမိန႔္မ်ားကိုထုတ္ျပန္ကာ အစဥ္တစိုက္ လုပ္ေဆာင္ခဲ့ သည္။
(၂၀၂၅) ခုႏွစ္မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့ၿပီး ေနာက္လည္း ယာယီအပစ္အခတ္ရပ္စဲေရးကို ထုတ္ ျပန္ေပးခဲ့ ကာ ပဋိပကၡတြင္ ပါဝင္ပတ္သက္ေနသူမ်ား အားလုံး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ႏိုင္ ရန္လုပ္ေဆာင္ခဲ့သည္။ တိုင္းျပည္အက်ိဳးစီးပြားကို ေရွးရႈ၍ သက္ဆိုင္သူမ်ားအေနျဖင့္ ယာယီအပစ္အ ခတ္ရပ္စဲျခင္းကိုအေလးထားရန္လည္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ကတိုက္တြန္းခဲ့သည္။
ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားစြာကို ႀကဳံ ေတြ႕ခဲ့ၾကရ သည္။ (၁၉၄၈) ခုႏွစ္မွ (၁၉၆၂) ခုႏွစ္အထိ ပါလီမန္ဒီမိုကေရစီစနစ္၊ (၁၉၆၂) ခုႏွစ္မွ (၁၉၇၄) ခုႏွစ္အထိ ေတာ္လွန္ေရး ေကာင္စီအစိုးရ လက္ထက္ ဆိုရွယ္လစ္စနစ္၏အႀကိဳကာလ၊ (၁၉၇၄) ခုႏွစ္မွ (၁၉၈၈) ခုႏွစ္အထိ ဆိုရွယ္လစ္စနစ္၊ (၁၉၈၈) ခုႏွစ္မွ (၂၀၁၀) ျပည့္ႏွစ္အထိ ပါတီစုံဒီမိုကေရစီစနစ္ သို႔ ေလွ်ာက္လွမ္းႏိုင္ေရး အေျခခံအုတ္ျမစ္ခ်သည့္ကာလ၊ (၂၀၁၀) ခုႏွစ္မွ ယေန႔အထိ ဒီမိုကေရစီစနစ္သို႔ ေလွ်ာက္လွမ္းေနဆဲကာလမ်ားကိုျဖတ္သန္းခဲ့ရသည္။
ေခတ္ကာလ အေျပာင္းအလဲႏွင့္အတူ ႏိုင္ငံေရး စနစ္ေျပာင္းလဲမႈမ်ားရွိခဲ့ေသာ္လည္း ျပည္တြင္း၌ ျဖစ္ပြား ေနေသာ ႏိုင္ငံေရးအျငင္းပြားမႈမ်ားႏွင့္အတူ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနဆဲရွိသည္။ လက္နက္ကိုင္ ပဋိပကၡ မ်ားႏွင့္အတူ မိမိအပါအဝင္ အမ်ားျပည္သူမ်ားမွာ မၿငိမ္းခ်မ္းျခင္း၏ဒုကၡမ်ားကို ႀကဳံေတြ႕ခံစားေနၾကရသည္။ မိမိတို႔ ႏိုင္ငံကို အကဲခတ္ ေစာင့္ၾကည့္ေနၾကေသာကမာၻ႔ႏိုင္ငံမ်ား၊ အိမ္နီးခ်င္း ႏိုင္ငံမ်ားကလည္း မိမိတို႔ႏိုင္ငံကို တည္ၿငိမ္ ေအးခ်မ္း ေသာႏိုင္ငံတစ္ခုအျဖစ္ ေတြ႕ျမင္လိုၾကသည္။ အထူး သျဖင့္ မိမိတို႔ႏိုင္ငံႏွင့္ဆက္စပ္၍ အက်ိဳးစီးပြားျဖစ္ ထြန္း ေနၾကေသာႏိုင္ငံမ်ားကလည္း မိမိတို႔ႏိုင္ငံ၏တည္ၿငိမ္ေရးႏွင့္ၿငိမ္းခ်မ္းေရးအတြက္ အားမလို အားမရ ျဖစ္ေနၾကသည္။
မိမိအပါအဝင္ ျပည္သူမ်ားကလည္း ၿငိမ္းခ်မ္း ေရးကိုလိုခ်င္ၾကသည္။ တကယ္ေတာ့ လက္နက္ ကိုင္ပဋိပကၡ မ်ားသည္ ျပည္သူအမ်ားကိုေရာ၊ ႏိုင္ငံအတြက္ကိုပါ ေကာင္းက်ိဳးေပးသည္မဟုတ္။ တိုင္းျပည္ကို ဆင္းရဲတြင္းသို႔တြန္းပို႔ ေနသည္သာမက ျပည္သူမ်ားကိုလည္း ဆင္းရဲဒုကၡတြင္းသို႔ ပို႔ေဆာင္ေနျခင္း သာျဖစ္သည္။ ျပည္တြင္းပဋိပကၡမ်ား ေၾကာင့္ တိုင္းျပည္သည္ မြဲသထက္မြဲကာ ဆင္းရဲတြင္း နက္ေနခဲ့ရသည္။ ႏိုင္ငံသည္လည္းေကာင္း၊ ျပည္သူမ်ားသည္ လည္းေကာင္း ဆင္းရဲတြင္း ျပာပုံဘဝမွ႐ုန္းထြက္ျခင္း မျပဳႏိုင္ၾကေသး။

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈႏွင့္ျပည္ပလႊမ္းမိုးမႈ
ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ သုံးရပ္ကို ကိုင္စြဲခြင့္ရခဲ့ေသာ အစိုးရအဆက္ဆက္တို႔ သည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး၊ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေစၿပီး ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္ေရးလုပ္ငန္းစဥ္ မ်ားကို အစဥ္တစိုက္ ေဆာင္႐ြက္ခဲ့သည္။ ဖဆပလေခတ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား၊ ေတာ္လွန္ေရးေကာင္စီ အစိုးရ လက္ထက္ (၁၉၆၃) ခုႏွစ္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား၊ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံ ေဆြးေႏြးပြဲမ်ား စသည္တို႔က ျပည္တြင္းၿငိမ္းခ်မ္းေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားကို ေတြ႕ျမင္ႏိုင္ ေပသည္။
ဖဆပလ အစိုးရသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ႏွစ္ဦးႏွစ္ဖက္ က်ဴးလြန္ခဲ့ျခင္းအားလုံးကို သင္ပုန္းေခ် ႏိုင္ရန္အတြက္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ဥပေဒကိုပင္ ထုတ္ျပန္ေၾကညာေပးခဲ့သည္။ ဥပေဒတြင္း ဝင္လာၿပီးေနာက္ ၎တို႔၏ပါတီအဖြဲ႕အစည္းမ်ားကိုလည္း တရားဝင္ပါတီ အဖြဲ႕အစည္းမ်ားအျဖစ္ ထူေထာင္ခြင့္ျပဳသည္အထိ လိုက္ေလ်ာ မႈမ်ားကို ျပဳလုပ္ေပးခဲ့သည္။ သို႔ရာတြင္ (ဗကပ) ကဲ့သို႔ ပါတီႀကီးမ်ားက ဥပေဒေဘာင္အတြင္း ဝင္ေရာက္ျခင္းမျပဳခဲ့ သျဖင့္ ေအာင္ျမင္မႈမ်ားမရခဲ့။ (၁၉၆၃) ခုႏွစ္ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲဆိုလွ်င္ ျပည္ပႏိုင္ငံႀကီးတစ္ခု၏ အခါေပး ႏွပ္ေၾကာင္းေပးမႈအတိုင္း လိုက္နာေဆာင္႐ြက္ခဲ့ျခင္း ေၾကာင့္ မေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။
(၁၉၈၈) ခုႏွစ္ တပ္မေတာ္အစိုးရလက္ထက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း (၂၀) ခန႔္ ႏွင့္တစ္ဖြဲ႕ခ်င္း ေတြ႕ဆုံေဆြးေႏြးကာ အပစ္အခတ္ ရပ္စဲေရးကို ေဆာင္႐ြက္ႏိုင္ခဲ့သည္။ ခြန္ဆာလို အင္အားေတာင့္တင္းေသာ လက္နက္ကိုင္အဖြဲ႕အစည္းကိုလည္း လက္နက္စြန႔္လႊတ္ရန္ စြမ္းေဆာင္ႏိုင္ခဲ့သည္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ စည္းႀကီးမ်ားျဖစ္ေသာ ေကအိုင္ေအ ကခ်င္တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕၊ ေအအင္န္ယူ ကရင္တိုင္းရင္းသားအဖြဲ႕ မ်ားႏွင့္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ရန္ တပ္မေတာ္အစိုးရက ထိုးစစ္ဆင္မႈမ်ားကိုရပ္ဆိုင္းထားၿပီး ၿငိမ္းခ်မ္းေရး အတြက္ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ရန္ ဆက္သြယ္မည့္ေနရာ (CONTACT POINT) သတ္မွတ္ကာ စိတ္ရွည္စြာ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ရသည္။ (၁၉၉၃) ခုႏွစ္ ဇန္နဝါရီလအတြင္း ေကအင္န္ယူ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ျမႏွင့္ ဦးထိန္ေမာင္ တို႔ကလည္း ၿငိမ္းခ်မ္းေရးကမ္းလွမ္းလာၿပီး ၿငိမ္းခ်မ္း ေရး ေဆြးေႏြးမႈမ်ားကိုစတင္ႏိုင္ခဲ့သည္။
ေကအင္န္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံးႏွင့္ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားျပဳလုပ္ေနစဥ္အတြင္း ျပည္ပ ပေယာ ဂ စြက္ဖက္မႈမ်ားေၾကာင့္ ေဆြးေႏြးပြဲ ရပ္ဆိုင္းခဲ့ရသည္။ ေကအင္န္ယူႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနစဥ္ကာလအတြင္း (၁၉၉၇) ခုႏွစ္ ဇန္န ဝါရီလ (၇) ရက္မွ (၁၄) ရက္အထိ KNU ကဦးေဆာင္၍ DAB ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားပါဝင္လွ်က္ အေမရိကန္ႏိုင္ငံအဖြဲ႕အစည္း တစ္ခုက ကမကထျပဳ၍ မဲသေရာတြင္ အစည္းအေဝးတစ္ခုျပဳ လုပ္ခဲ့သည္။
အစည္းအေဝးမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ဆက္လက္မျဖစ္ထြန္းေအာင္၊ ၿငိမ္းခ်မ္းေရးကိစၥ မ်ားအေကာင္ အထည္မေပၚေအာင္ အေမရိကန္ႏိုင္ငံ၏ဝင္ေရာက္စြက္ဖက္မႈတစ္ရပ္လည္းျဖစ္သည္။ အစည္းအေဝးအမည္မွာ တိုင္းရင္းသားလူမ်ိဳးမ်ား ႏွီးေႏွာဖလွယ္ပြဲ (ETHNIC NATIONALITIES SEMINER) ျဖစ္ၿပီး အေမရိကန္ႏိုင္ငံ အဖြဲ႕အစည္း တစ္ခုက အကုန္အက်ခံကာ ကမကထျပဳၿပီး ဦးေဆာင္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။ အစည္းအေဝးအၿပီး ထုတ္ျပန္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ရာတြင္ အမ်ိဳးသားညီလာခံကို အသိအမွတ္မျပဳေၾကာင္း၊ ဒီမိုကေရစီအင္အားစု၊ တိုင္းရင္းသား အင္အားစုႏွင့္အစိုးရအဖြဲ႕တို႔ သုံးပြင့္ဆိုင္ေဆြးေႏြးမႈျပဳလုပ္ရန္၊ အာဆီယံ အဖြဲ႕ဝင္အျဖစ္လက္မခံေသးဘဲ ဆိုင္းငံ့ထားရန္၊ ဒီမိုကေရစီႏွင့္လူထုတိုက္ပြဲကိုေထာက္ခံေၾကာင္း စသည့္အခ်က္မ်ား ပါဝင္ခဲ့သည္။ မဲသေရာေဆြးေႏြးပြဲအၿပီး ျပည္တြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားရပ္ဆိုင္းခဲ့ၿပီး KNU မွစစ္ေရးလႈပ္ရွားမႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ၾကသည္။ (ေမွာ္ဝန္းသား ဦးခင္ၫြန႔္ေရးေသာ ‘‘ႀကဳံ ေတြ႕ခဲ့ရ ကြၽန္ေတာ့္ဘဝအေထြေထြ”စာအုပ္ေဖာ္ျပခ်က္)။
(၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ဖြဲ႕စည္းျဖစ္ေပၚခဲ့သည့္ ပထမအႀကိမ္ဒီမိုကေရစီ အစိုးရ (ဦးသိန္းစိန္ အစိုးရ) လက္ထက္တြင္ ေရးေဆြးေႏြး ပြဲကမ္းလွမ္းခ်က္ကို ထုတ္ျပန္ဖိတ္ေခၚခဲ့ၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ (၁၅) ဖြဲ႕ႏွင့္ ႏွစ္ဦးႏွစ္ဖက္အၾကား အျပန္အလွန္ ေလးစားမႈ၊ နားလည္မႈႏွင့္စိတ္ ရွည္သည္းခံမႈမ်ားျဖင့္ လေပါင္း (၁၇) လ ေက်ာ္ၾကာ ေဆြးေႏြးအၿပီး အခန္း (၇) ခန္းႏွင့္အခ်က္ႀကီး (၃၃) ခ်က္ပါ တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး သေဘာ တူစာခ်ဳပ္ (Nationalwide Casefire Agree- ment- NCA) ကို (၂၀၁၅) ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္က ေနျပည္ ေတာ္ MICC-2 တြင္ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕ (၈) ဖြဲ႕ႏွင့္ ဦးသိန္းစိန္ ဦးေဆာင္သည့္အစိုးရအဖြဲ႕တို႔အၾကား ကမာၻ႔ကုလသမဂၢ၊ ဥေရာပသမဂၢ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ အိႏၵိယ သမၼတႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ကို သက္ေသ ထားကာ လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။

တိုင္းရင္းသားလက္နက္ကိုင္မ်ား
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာ ခ်ဳပ္ (NCA) ၏အႏွစ္သာရမွာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္သြားေရး၊ လက္နက္ကိုင္တိုက္ခိုက္မႈ မ်ားကိုစြန႔္လႊတ္ၿပီး ႏိုင္ငံေရးနည္းလမ္း မ်ားျဖင့္ ထာဝရၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေရး၊ ေဒသတည္ ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ပူးေပါင္းေဆာင္႐ြက္သြား ေရးတို႔ျဖစ္သည္။
တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္သည္ ျမန္မာႏိုင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ အေရးပါသည့္ အေျခခံသေဘာတူညီခ်က္မ်ားျဖင့္ ခ်ဳပ္ဆိုထားျခင္းျဖစ္ရာ လက္ရွိႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီအေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း ကိုေလွ်ာက္လွမ္းရာတြင္ (NCA) စာခ်ဳပ္ပါအတိုင္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ေၾကညာထားၿပီးျဖစ္သည္။ သို႔ရာတြင္ ႐ိုးသားမႈမရွိေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ သည္ (၂၀၂၁) ခုႏွစ္ ျမန္မာ့ႏိုင္ငံေရးအေျပာင္းအလဲ ကာလတြင္ ျပည္တြင္းျပည္ပမွေသြးထိုးလႈံ႕ ေဆာ္ခ်က္မ်ားေၾကာင့္လည္း ေကာင္း၊ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရး အျမတ္ထုတ္လိုမႈမ်ားေၾကာင့္လည္းေကာင္း (NCA) စာခ်ဳပ္တြင္ ပါဝင္လက္မွတ္ ေရးထိုးခဲ့သည့္ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕သည္ပင္ စာခ်ဳပ္ကို မ်က္ကြယ္ျပဳထားခဲ့ၾကသည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕သည္လည္း (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလမွစတင္ကာ တိုက္ပြဲမ်ားေဖာ္ ေဆာင္ခဲ့ၾကကာ နယ္ေျမမ်ားကိုသိမ္းယူခဲ့ၾကသည္။ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလအၿပီး ရွမ္းေျမာက္ေဒသအခ်ိဳ႕တြင္ အပစ္အခတ္ရပ္စဲႏိုင္ခဲ့ေသာ္လည္း ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္တို႔တြင္ တိုက္ပြဲမ်ားျဖစ္ ပြားေနဆဲရွိသည္။ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ တို႔တြင္တိုက္ပြဲမ်ားႀကီးလာျခင္းအတြက္ အိမ္နီးခ်င္း ႏိုင္ငံတစ္ခုကို ၾကားခံ၍အေနာက္ႏိုင္ငံတစ္ခုက ဝင္ေရာက္စြက္ဖက္ ေနသည္ဟူသည့္သတင္းမ်ားလည္းၾကားသိေနရသည္။ အျခားတစ္ဖက္တြင္လည္း NUG, PDF လက္နက္ကိုင္အဖြဲ႕မ်ား၊ ကယား၊ ကရင္၊ မြန္လက္နက္ကိုင္အဖြဲ႕မ်ားကလည္း CIA ကဲ့သို႔အဖြဲ႕အစည္းမ်ားေနာက္ကြယ္မွ ပံ့ပိုးမႈမ်ားျဖင့္တိုက္ပြဲ မ်ားကို ေဖာ္ေဆာင္တိုက္ခိုက္ေနဆဲျဖစ္သည္။
ထိုအဖြဲ႕မ်ားကား ႏိုင္ငံေတာ္မွဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္မ်ားကို အေလးအနက္ထား ျခင္းမရွိၾက။ ျပည္ပႏိုင္ငံမ်ား၏အေထာက္အပံ့အား ကိုးျဖင့္ တိုက္ခိုက္ေနၾကျခင္းျဖစ္သည္။ ၎တို႔မွာ ျပည္တြင္းၿငိမ္းခ်မ္း ေရးကို စိတ္ဝင္စားျခင္းမရွိ။ ျပည္ပ ဩဇာခံ၍ တိုက္ခိုက္ေနၾကျခင္းလည္းျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ (၁၉၈၈) ခုႏွစ္တြင္ တာဝန္ယူခဲ့ေသာတပ္မေတာ္အစိုးရလက္ထက္ တိုင္းရင္းသား လက္ နက္ကိုင္အဖြဲ႕အစည္း (၂၀) ခန႔္ႏွင့္ တစ္ဖြဲ႕ခ်င္း ေတြ႕ဆုံေဆြးေႏြးကာ အပစ္အခတ္ရပ္စဲ ေရးကိုေဆာင္႐ြက္ႏိုင္ခဲ့သည္။ ခြန္ဆာလို အင္အား ေတာင့္တင္းေသာ လက္နက္ကိုင္အဖြဲ႕အစည္းကို လည္း လက္နက္စြန႔္လႊတ္ရန္ စြမ္းေဆာင္ႏိုင္ခဲ့ သည္။ အပစ္အခတ္ရပ္စဲခဲ့ရာေနရာေဒသမ်ားတြင္ ေဒသဖြံ႕ၿဖိဳးေရးကိုေဆာင္႐ြက္ႏိုင္ခဲ့သည္။
တိုက္ပြဲေတြ ခ်ဳပ္ၿငိမ္းကာ ေဒသခံတိုင္းရင္းသား မ်ား၏လူမႈဘဝမ်ားသည္လည္း တည္ၿငိမ္ေအးခ်မ္း မႈကိုရရွိ ေစခဲ့သည္မွာ အထင္အရွားပင္ျဖစ္သည္။

စြက္ဖက္မႈသတိထား
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ႏိုင္ငံေရး၏အစိတ္အပိုင္းတစ္ခုျဖစ္ေသာ္လည္း ႏိုင္ငံေရး၏လက္ နက္တစ္ခု ေတာ့ မဟုတ္ေပ။ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္မ်ားသည္ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ အဓိကဦးတည္လုပ္ေဆာင္ရ မည့္လုပ္ငန္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးရရွိမွသာ အနာဂတ္ႏိုင္ငံ တည္ေဆာက္ေရးအတြက္ အေထာက္အကူျဖစ္မည္ျဖစ္သည္။ ၿငိမ္းခ်မ္း ေရးလုပ္ဆာင္ရာတြင္ ႐ိုးသားမႈရွိရန္ လိုအပ္မည္ျဖစ္သည္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားတြင္ တစ္ဖက္ႏွင့္တစ္ဖက္ သေဘာထားႀကီးစြာျဖင့္ တိုင္းရင္းသားျပည္သူမ်ား၏အက်ိဳး၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ား၏အက်ိဳး၊ ျပည္ေထာင္စု၏ အက်ိဳးစီးပြားကို ေရရွည္ၾကည့္ေဆာင္႐ြက္သြားတတ္ၾကရန္ လိုေပသည္။
ျပည္ပႏိုင္ငံအခ်ိဳ႕သည္လည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ကို အေထာက္ အပံ့အကူအညီ မ်ားေပးကာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကိုလက္နက္တစ္ခုအျဖစ္အသုံးခ်ရန္ ႀကိဳးစားေန သည္ကိုလည္း ေတြ႕ျမင္ေနရ သည္။
ျပည္ပႏိုင္ငံႀကီးမ်ားသည္ ျမန္မာႏိုင္ငံ၏ၿငိမ္း ခ်မ္းေရးကို သေဘာ႐ိုးျဖင့္မၾကည့္၊ ၎တို႔၏အက်ိဳးစီးပြား အတြက္သာ ေမွ်ာ္ကိုးၿပီး ၿငိမ္းခ်မ္းေရးကိုႏိုင္ငံေရးလက္နက္အျဖစ္အသုံးခ်ကာ တိုင္းရင္းသား လက္နက္ကိုင္မ်ားအၾကား ဝင္ေရာက္ သပ္လွ်ိဳျပဳလုပ္ ေနၾကသည္ကိုျမင္ေတြ႕ေနရေပသည္။ အထူးသျဖင့္ နယ္စပ္ေဒသ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို ေသြးထိုးေျမႇာက္ပင့္ ျပဳလုပ္တတ္ေၾကာင္းလည္း သမိုင္း သင္ခန္းစာမ်ားအရသိရွိႏိုင္ၾကသည္သာျဖစ္သည္။ တိုင္းရင္း သားေခါင္းေဆာင္မ်ားအေနျဖင့္ ႐ိုး႐ိုး သားသား အျမင္ရွင္းရွင္းျဖင့္ ၾကည့္ျမင္တတ္ၾကဖို႔ လည္း လိုသည္။ အိမ္တြင္းမီးကို အိမ္တြင္းမွာသာ ျငႇိမ္းသတ္ႏိုင္ေပမည္။ ျပင္ပမွ ဓာတ္ဆီေလာင္း အား ေပးအားေျမႇာက္ ျပဳလုပ္ေနၾကသည္မ်ားကို သတိမူ ၾကရန္လိုေၾကာင္း ေရးသားလိုက္ရေပသည္။
စစ္မုန္း

Related news

© 2021. All rights reserved.