တိုက်ပွဲအခြေအနေတွေမှာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်အသစ်ကို စမ်းသပ်မှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတပြော

 815

Pika (NP News) - နိုဝင်ဘာ ၂၃

ရုရှားဟာ တိုက်ပွဲအခြေအနေတွေမှာ အသံထက်မြန်တဲ့ Oreshnik ပဲ့ထိန်းဒုံးကျည်ကို နောက်ထပ်စမ်းသပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတပူတင်က နိုဝင်ဘာလ(၂၂)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ပူတင်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပူတင်က "တိုက်ပွဲအခြေအနေတွေ အပါအဝင် ရုရှားအပေါ် လုံခြုံရေးခြိမ်းခြောက်မှုတွေရဲ့အခြေအနေတွေပေါ်မူတည်ပြီး အသံထက်မြန်တဲ့ ပဲ့ထိန်း ဒုံးကျည်အသစ်ကို စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။

နိုဝင်ဘာလ(၂၂)ရက် အစောပိုင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ် နဲ့ ယူကရိန်းနိုင်ငံ Dnipro မြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်အသစ်ဟာ တစ်စက္ကန့်လျှင် (၂ ဒသမ ၅) ကီလိုမီတာကနေ (၃)ကီလိုမီတာကြား ပျံသန်းနိုင်ပြီး အသံရဲ့အမြန်နှုန်းထက် (၁၀)ဆ ပိုမြန်ကာ လက်ရှိအချိန်အထိ တီထွင်ဖန်တီးထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ကာကွယ်လို့ရမှာ မဟုတ်ဘူးလို့ ပူတင်က သတိပေးပြောဆိုခဲ့ပါတယ်။

ပူတင် က "နိုဝင်ဘာလ(၂၂)ရက်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်ဟာ ရုရှားရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပေးနိုင်မယ့် နောက်ထပ်အာမခံချက်တစ်ခုပါ" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာ အဲဒီလိုမျိုး ဒုံးကျည်နည်းပညာတွေ မရှိဘူးလို့လည်း ပူတင်က ပြောဆိုခဲ့ပါ တယ်။ ယူကရိန်းက အနောက်အုပ်စုထုတ် ဒုံးကျည်စနစ်တွေကိုအသုံးပြုပြီး ရုရှားပိုင်နက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့လည်း ပူတင်က ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
တိုက္ပြဲအေျခအေနေတြမွာ အသံထက္ျမန္တဲ့ ပဲ့ထိန္းဒုံးက်ည္အသစ္ကို စမ္းသပ္မႈေတြ ထပ္မံလုပ္ေဆာင္သြားမယ္လို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၃

႐ုရွားဟာ တိုက္ပြဲအေျခအေနေတြမွာ အသံထက္ျမန္တဲ့ Oreshnik ပဲ့ထိန္းဒုံးက်ည္ကို ေနာက္ထပ္စမ္းသပ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားသမၼတပူတင္က ႏိုဝင္ဘာလ(၂၂)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြဟာ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္နဲ႔ ယူကရိန္းကို ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ပူတင္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ပူတင္က "တိုက္ပြဲအေျခအေနေတြ အပါအဝင္ ႐ုရွားအေပၚ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြရဲ႕အေျခအေနေတြေပၚမူတည္ၿပီး အသံထက္ျမန္တဲ့ ပဲ့ထိန္း ဒုံးက်ည္အသစ္ကို စမ္းသပ္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ" လို႔ ေျပာခဲ့ပါတယ္။

ႏိုဝင္ဘာလ(၂၂)ရက္ အေစာပိုင္းမွာ ႐ုရွားတပ္ဖြဲ႕ေတြဟာ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္ နဲ႔ ယူကရိန္းႏိုင္ငံ Dnipro ၿမိဳ႕ကို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီပဲ့ထိန္းဒုံးက်ည္အသစ္ဟာ တစ္စကၠန႔္လွ်င္ (၂ ဒသမ ၅) ကီလိုမီတာကေန (၃)ကီလိုမီတာၾကား ပ်ံသန္းႏိုင္ၿပီး အသံရဲ႕အျမန္ႏႈန္းထက္ (၁၀)ဆ ပိုျမန္ကာ လက္ရွိအခ်ိန္အထိ တီထြင္ဖန္တီးထားတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြနဲ႔ ကာကြယ္လို႔ရမွာ မဟုတ္ဘူးလို႔ ပူတင္က သတိေပးေျပာဆိုခဲ့ပါတယ္။

ပူတင္ က "ႏိုဝင္ဘာလ(၂၂)ရက္က စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္ဟာ ႐ုရွားရဲ႕ နယ္ေျမပိုင္ဆိုင္မႈနဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေပးႏိုင္မယ့္ ေနာက္ထပ္အာမခံခ်က္တစ္ခုပါ" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ကမာၻေပၚက အျခားႏိုင္ငံေတြမွာ အဲဒီလိုမ်ိဳး ဒုံးက်ည္နည္းပညာေတြ မရွိဘူးလို႔လည္း ပူတင္က ေျပာဆိုခဲ့ပါ တယ္။ ယူကရိန္းက အေနာက္အုပ္စုထုတ္ ဒုံးက်ည္စနစ္ေတြကိုအသုံးျပဳၿပီး ႐ုရွားပိုင္နက္ေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့တာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္ကို စမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔လည္း ပူတင္က ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.