တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ

4413

Pika (NP News) - နိုဝင်ဘာ ၂၅
အမေရိကန်နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေတိုင်းကို နေရပ်ပြန်ပို့ဖို့အတွက် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို အမေရိကန်နိုင်ငံသား(၅၇)ရာခိုင်နှုန်းက ထောက်ခံကြတယ်လို့ CBS သတင်းစာရဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။
ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီရဲ့မြို့တော်ဝန်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ကြဖို့ ကတိပြုထားတယ်လို့လည်း သိရပါတယ်။ နိုဝင်ဘာလအစောပိုင်းက လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကို အနိုင်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဖြေဆိုသူတွေရဲ့ (၅၅)ရာခိုင်နှုန်းက စိတ်ကျေနပ်ကြောင်း ဖြေဆိုခဲ့ကြပြီး (၄၄)ရာခိုင်နှုန်းက စိတ်ကျေနပ်မှုမရှိဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါ့ပြင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေတိုင်းကို နေရပ်ပြန်ပို့ဖို့အတွက် ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို ဖြေဆိုသူတွေရဲ့(၅၇)ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး (၄၃)ရာခိုင်နှုန်းက မထောက်ခံကြဘူးလို့လည်း သိရပါတယ်။
အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် အမေရိကန်သမိုင်းတစ်လျှောက် အကြီးမားဆုံးနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ဦးဆောင်လုပ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ်မှာ ကတိပြုပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှာ နိုင်ငံတွင်းတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် အရေးပေါ်အခြေ အနေကြေညာပြီး စစ်တပ်အရင်းအမြစ်တွေကို အသုံးပြုသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်တမ်းအရ ဖြေဆိုသူတွေရဲ့ (၈၂)ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ကို တရားမဝင်နေထိုင်သူတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အသုံးပြုစေလိုနေပြီး ဖြေဆိုသူတွေရဲ့(၄၄)ရာခိုင်နှုန်းက အမေရိကန်စစ်တပ်ကို အသုံးပြုစေလိုနေတယ်လို့လည်း သိရပါတယ်။
zawgyi version
တရားမဝင္ေနထိုင္သူေတြကို ျပန္ပို႔မယ့္ ေဒၚနယ္ထရမ့္ရဲ႕အစီအစဥ္ကို အေမရိကန္ႏိုင္ငံသားအမ်ားစု ေထာက္ခံ
Pika (NP News) - ႏိုဝင္ဘာ ၂၅
အေမရိကန္ႏိုင္ငံအတြင္း တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြတိုင္းကို ေနရပ္ျပန္ပို႔ဖို႔အတြက္ ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ရဲ႕ အဆိုျပဳခ်က္ကို အေမရိကန္ႏိုင္ငံသား(၅၇)ရာခိုင္ႏႈန္းက ေထာက္ခံၾကတယ္လို႔ CBS သတင္းစာရဲ႕ စစ္တမ္းတစ္ခုအရ သိရပါတယ္။
ဒါေပမဲ့လည္း ဒီမိုကရက္တစ္ပါတီရဲ႕ၿမိဳ႕ေတာ္ဝန္ေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြဟာ ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္ေတြကို ဆန႔္က်င္ၾကဖို႔ ကတိျပဳထားတယ္လို႔လည္း သိရပါတယ္။ ႏိုဝင္ဘာလအေစာပိုင္းက လုပ္ေဆာင္ခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္း ေဒၚနယ္ထရမ့္က ဒီမိုကရက္တစ္သမၼတေလာင္း ကမ္မလာဟားရစ္ကို အႏိုင္ယူႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး ေျဖဆိုသူေတြရဲ႕ (၅၅)ရာခိုင္ႏႈန္းက စိတ္ေက်နပ္ေၾကာင္း ေျဖဆိုခဲ့ၾကၿပီး (၄၄)ရာခိုင္ႏႈန္းက စိတ္ေက်နပ္မႈမရွိဘူးလို႔ ေျဖဆိုခဲ့ၾကပါတယ္။ ဒါ့ျပင္ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြတိုင္းကို ေနရပ္ျပန္ပို႔ဖို႔အတြက္ ေဒၚနယ္ထရမ့္ရဲ႕ အဆိုျပဳခ်က္ကို ေျဖဆိုသူေတြရဲ႕(၅၇)ရာခိုင္ႏႈန္းက ေထာက္ခံခဲ့ၾကၿပီး (၄၃)ရာခိုင္ႏႈန္းက မေထာက္ခံၾကဘူးလို႔လည္း သိရပါတယ္။
အေမရိကန္သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ အေမရိကန္သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးေနရပ္ျပန္ပို႔ေရး လုပ္ငန္းစဥ္ကို ဦးေဆာင္လုပ္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ႏွစ္မွာ ကတိျပဳေျပာဆိုခဲ့ပါတယ္။ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူခ်ိန္မွာ ႏိုင္ငံတြင္းတရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို ေနရပ္ျပန္ပို႔ႏိုင္ဖို႔အတြက္ အေရးေပၚအေျခ အေနေၾကညာၿပီး စစ္တပ္အရင္းအျမစ္ေတြကို အသုံးျပဳသြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ စစ္တမ္းအရ ေျဖဆိုသူေတြရဲ႕ (၈၂)ရာခိုင္ႏႈန္းက ေဒၚနယ္ထရမ့္ကို တရားမဝင္ေနထိုင္သူေတြကို ေနရပ္ျပန္ပို႔ႏိုင္ဖို႔အတြက္ လူဝင္မႈႀကီးၾကပ္ေရးဌာနနဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြကို အသုံးျပဳေစလိုေနၿပီး ေျဖဆိုသူေတြရဲ႕(၄၄)ရာခိုင္ႏႈန္းက အေမရိကန္စစ္တပ္ကို အသုံးျပဳေစလိုေနတယ္လို႔လည္း သိရပါတယ္။