ရုရှားနဲ့ ပါကစ္စတန်ကြား ပထမဆုံးတိုက်ရိုက်ရထားပြေးဆွဲမှုကို လာမယ့်နှစ်မှာ စတင် လုပ်ဆောင်မယ်

274

Pika (NP News) - ဒီဇင်ဘာ ၇
နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုများတိုးချဲ့လာမှုနှင့်အတူ ရုရှား နှင့် ပါကစ္စတန်တို့သည် ကုန်တင်ရထားလမ်း အသစ်ဖြင့် ချိတ်ဆက်မှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပါကစ္စတန်၏ စွမ်းအင်ဝန်ကြီး Awais Ahmed Khan Leghari က ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် ရုရှားနှင့်အာရှအလယ်ပိုင်းကို အီရန်မှတစ်ဆင့် အိန္ဒိယနှင့်ဆက်သွယ်ပေးမည့် ကီလိုမီတာ (၇၂၀၀)ရှည်လျားသော နိုင်ငံတကာတောင်-မြောက် သယ်ယူပို့ဆောင်ရေးစင်္ကြန် (INSTC) တွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီး Muhammad Khalid Jamali က ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
Muhammad Khalid Jamali သည် ယခုနှစ်နွေရာသီတွင် Khanty-Mansiysk မြို့မှာ ကျင်းပခဲ့သော နိုင်ငံတကာ IT ဖိုရမ်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Awais Ahmed Khan Leghari က "လာမယ့်နှစ် မတ်လ အစောပိုင်းလောက်မှာ ပထမဆုံး တောင်-မြောက်ရထားစမ်းသပ်ပြေးဆွဲမှုဟာ ရုရှားကကုန်စည်တွေကို အီရန်နဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ကတစ်ဆင့် ပါကစ္စတန်နိုင်ငံကို ပို့ဆောင်ပေးပါလိမ့်မယ်" ဟု ပြောခဲ့သည်။ ထို့ပြင် ရုရှားနှင့် ပါကစ္စတန်နိုင်ငံကြား ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေသည့် နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းဝန်ဆောင်မှု ထူထောင်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို Awais Ahmed Khan Leghari က အလေးပေး ပြောကြား ခဲ့ကြောင်းလည်း သိရသည်။ ရုရှားနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် မကြာမီအချိန်အတွင်း လေကြောင်းလိုင်း ဆက်သွယ်မှုထူထောင်ရန် စိတ်ဝင်စားမှုများရှိနေကြကြောင်း Awais Ahmed Khan Leghari က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလတွင် ရုရှားဖက်ဒရေးရှင်းကောင်စီမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ပါကစ္စတန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အပြန်အလှန်သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ ထို့ပြင် ရုရှားဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ ဗလက်တီးနားမက်ဗီယန်ကိုသည် ထောက်ပံ့ပို့ဆောင်ရေးစင်္ကြန်အသစ်များ၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းတွင် ပါကစ္စတန်နိုင်ငံ၏ စိတ်ပါဝင်စားမှုများကို ကြိုဆိုလက်ခံခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားနဲ႔ ပါကစၥတန္ၾကား ပထမဆုံးတိုက္႐ိုက္ရထားေျပးဆြဲမႈကို လာမယ့္ႏွစ္မွာ စတင္ လုပ္ေဆာင္မယ္
Pika (NP News) - ဒီဇင္ဘာ ၇
ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ေဆြးေႏြးမႈမ်ားတိုးခ်ဲ႕လာမႈႏွင့္အတူ ႐ုရွား ႏွင့္ ပါကစၥတန္တို႔သည္ ကုန္တင္ရထားလမ္း အသစ္ျဖင့္ ခ်ိတ္ဆက္မႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း ပါကစၥတန္၏ စြမ္းအင္ဝန္ႀကီး Awais Ahmed Khan Leghari က ေျပာၾကားခဲ့သည္။
ပါကစၥတန္ႏိုင္ငံသည္ ႐ုရွားႏွင့္အာရွအလယ္ပိုင္းကို အီရန္မွတစ္ဆင့္ အိႏၵိယႏွင့္ဆက္သြယ္ေပးမည့္ ကီလိုမီတာ (၇၂၀၀)ရွည္လ်ားေသာ ႏိုင္ငံတကာေတာင္-ေျမာက္ သယ္ယူပို႔ေဆာင္ေရးစၾကၤန္ (INSTC) တြင္ ပါဝင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံဆိုင္ရာပါကစၥတန္သံအမတ္ႀကီး Muhammad Khalid Jamali က ပထမဆုံး ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
Muhammad Khalid Jamali သည္ ယခုႏွစ္ေႏြရာသီတြင္ Khanty-Mansiysk ၿမိဳ႕မွာ က်င္းပခဲ့ေသာ ႏိုင္ငံတကာ IT ဖိုရမ္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ Awais Ahmed Khan Leghari က "လာမယ့္ႏွစ္ မတ္လ အေစာပိုင္းေလာက္မွာ ပထမဆုံး ေတာင္-ေျမာက္ရထားစမ္းသပ္ေျပးဆြဲမႈဟာ ႐ုရွားကကုန္စည္ေတြကို အီရန္နဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံတို႔ကတစ္ဆင့္ ပါကစၥတန္ႏိုင္ငံကို ပို႔ေဆာင္ေပးပါလိမ့္မယ္" ဟု ေျပာခဲ့သည္။ ထို႔ျပင္ ႐ုရွားႏွင့္ ပါကစၥတန္ႏိုင္ငံၾကား ေဆြးေႏြးမႈမ်ားဆက္လက္လုပ္ေဆာင္ေနသည့္ ႏွစ္ႏိုင္ငံတိုက္႐ိုက္ေလေၾကာင္းဝန္ေဆာင္မႈ ထူေထာင္ေရးႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို Awais Ahmed Khan Leghari က အေလးေပး ေျပာၾကား ခဲ့ေၾကာင္းလည္း သိရသည္။ ႐ုရွားႏွင့္ ပါကစၥတန္ ႏွစ္ႏိုင္ငံစလုံးသည္ မၾကာမီအခ်ိန္အတြင္း ေလေၾကာင္းလိုင္း ဆက္သြယ္မႈထူေထာင္ရန္ စိတ္ဝင္စားမႈမ်ားရွိေနၾကေၾကာင္း Awais Ahmed Khan Leghari က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ေအာက္တိုဘာလတြင္ ႐ုရွားဖက္ဒေရးရွင္းေကာင္စီမွ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕သည္ ပါကစၥတန္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အျပန္အလွန္သယ္ယူပို႔ေဆာင္ေရးႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ စီမံကိန္းမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ႐ုရွားဖက္ဒေရးရွင္းေကာင္စီဥကၠ႒ ဗလက္တီးနားမက္ဗီယန္ကိုသည္ ေထာက္ပံ့ပို႔ေဆာင္ေရးစၾကၤန္အသစ္မ်ား၏ အေရးပါမႈကို အေလးေပး ေျပာၾကားခဲ့ၿပီး အဆိုပါစီမံကိန္းတြင္ ပါကစၥတန္ႏိုင္ငံ၏ စိတ္ပါဝင္စားမႈမ်ားကို ႀကိဳဆိုလက္ခံခဲ့ေၾကာင္းလည္း သိရသည္။