အမေရိကန်နိုင်ငံရဲ့ B-2 ဗုံးကြဲလေယာဉ်အများအပြား ပစိဖိတ်အတွင်းက ဂူအမ်ကျွန်းကို ထွက်ခွာ

168

Pika (NP News) - ဇွန် ၂၃
အမေရိကန်နိုင်ငံရဲ့ B-2 ဗုံးကြဲလေယာဉ်အများအပြားဟာ အမေရိကန်နိုင်ငံကနေ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ဂူအမ်ကျွန်းကို ထွက်ခွာသွားပြီဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေဟာ မစ်ဆူရီပြည်နယ် Whiteman လေတပ်အခြေစိုက်စခန်းကနေ ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ပိုင်းကို ထွက်ခွာသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ မဟာဗျူဟာမြောက် ကျွန်းအခြေစိုက်စခန်းဖြစ်တဲ့ Diego Garcia မှာ အမေရိကန် B-52 ဗုံးကြဲလေယာဉ်အများအပြား တပ်စွဲထားတယ်လို့ ယခင်က သတင်းတွေမှာ ဖော်ပြခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဟာ အမေရိကန်နိုင်ငံကနေ တာဝေးမှာရှိတဲ့မစ်ရှင်တွေဆီကို တိုက်ရိုက်ပျံသန်းနိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။ အစ္စရေးနဲ့အီရန်ကြား စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမှုနဲ့ အတူ အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေ ထွက်ခွာမှု ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်မှာ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုနဲ့အတူ အစ္စရေး-အီရန်စစ်ပွဲ စတင်ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံရဲ႕ B-2 ဗုံးႀကဲေလယာဥ္အမ်ားအျပား ပစိဖိတ္အတြင္းက ဂူအမ္ကြၽန္းကို ထြက္ခြာ
Pika (NP News) - ဇြန္ ၂၃
အေမရိကန္ႏိုင္ငံရဲ႕ B-2 ဗုံးႀကဲေလယာဥ္အမ်ားအျပားဟာ အေမရိကန္ႏိုင္ငံကေန ပစိဖိတ္သမုဒၵရာအတြင္းမွာရွိတဲ့ ဂူအမ္ကြၽန္းကို ထြက္ခြါသြားၿပီျဖစ္တယ္လို႔ အေမရိကန္ကာကြယ္ေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ရဲ႕ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ေတြဟာ မစ္ဆူရီျပည္နယ္ Whiteman ေလတပ္အေျခစိုက္စခန္းကေန ပစိဖိတ္သမုဒၵရာအေနာက္ဘက္ပိုင္းကို ထြက္ခြာသြားၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အိႏၵိယသမုဒၵရာအတြင္းမွာရွိတဲ့ မဟာဗ်ဴဟာေျမာက္ ကြၽန္းအေျခစိုက္စခန္းျဖစ္တဲ့ Diego Garcia မွာ အေမရိကန္ B-52 ဗုံးႀကဲေလယာဥ္အမ်ားအျပား တပ္စြဲထားတယ္လို႔ ယခင္က သတင္းေတြမွာ ေဖာ္ျပခဲ့ဖူးတယ္လို႔ လည္း သိရပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ B-2 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ဟာ အေမရိကန္ႏိုင္ငံကေန တာေဝးမွာရွိတဲ့မစ္ရွင္ေတြဆီကို တိုက္႐ိုက္ပ်ံသန္းႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။ အစၥေရးနဲ႔အီရန္ၾကား စစ္ပြဲေတြ ဆက္လက္ျဖစ္ပြားေနမႈနဲ႔ အတူ အေမရိကန္ရဲ႕ B-2 ဗုံးႀကဲေလယာဥ္ေတြ ထြက္ခြာမႈ ေပၚေပါက္လာတာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္မွာ အစၥေရးက အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မႈနဲ႔အတူ အစၥေရး-အီရန္စစ္ပြဲ စတင္ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။