၂ဝ၂၇ ခုနှစ် မတိုင်မီအချိန်အထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူသွားမည်ဟု ပြင်သစ်သမ္မတ ကတိပြု

 477

Pika (NP News) - ဒီဇင်ဘာ ၇

သမ္မတရာထူးသက်တမ်း(၅)နှစ်ပြီးဆုံးမည့် ၂၀၂၇ ခုနှစ်မတိုင်မီအချိန်အထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူ သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ဒီဇင်ဘာလ(၅)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်အသစ်ကိုလည်း လာမည့်ရက်ပိုင်းအတွင်း ခန့်အပ်သွားမည်ဖြစ်ကြောင်း မက်ခရွန်က ထပ်မံပြောဆိုခဲ့ သည်။

ဒီဇင်ဘာလ(၅)ရက်တွင် ပြင်သစ်လွှတ်တော်အမတ်များသည် ဝန်ကြီးချုပ်မိုက်ကယ်ဘာနီယာကို အယုံအကြည်မရှိ ကြောင်း အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ခဲ့ကာ ရာထူးမှဖြုတ်ချခဲ့ပြီးနောက် မက်ခရွန်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ မိုက်ကယ်ဘာနီယာ ဖြုတ်ချခံရမှုက ၎င်းကို ခေတ်သစ်ပြင်သစ်သမိုင်းတွင် သက်တမ်း အတိုဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် ဖြစ်လာစေခဲ့ကြောင်းလည်း သိရသည်။
အဆိုပါပြိုကွဲမှုသည် ပြင်သစ်နိုင်ငံတွင် ၁၉၆၂ ခုနှစ် နောက်ပိုင်း အယုံအကြည်မရှိအဆိုကြောင့် အစိုးရအဖွဲ့ ပထမဆုံးအကြိမ် ပြိုကွဲသွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ယင်းဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် မက်ခရွန်သည် left-wing New Popular Front (NPF) နှင့် the right-wing National Rally (RN) ပါတီအတိုက်အခံများကို မဲခွဲဆုံးဖြတ်မှုတွင် ၎င်းတို့၏အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
မက်ခရွန်က ‘‘တခြားလူတွေရဲ့တာဝန်မဲ့မှုကို ကျွန်တော်တာဝန်ယူမှာမဟုတ်ပါဘူး’ ဟု ပြောခဲ့သည်။ သမ္မတ အဖြစ် ရာထူးမှ နုတ်ထွက်ရန် အတိုက်အခံများက တောင်းဆိုထားသော်လည်း ၎င်း၏လုပ်ပိုင်ခွင့်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြင်သစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအသစ်များကို အနည်းဆုံး ဇူလိုင်လ အထိ ရွှေ့ဆိုင်းထားကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ ဖြုတ်ချခံရမည်ဆိုလျှင်တောင် သမ္မတက ရာထူးမှ နုတ်ထွက်ရန် မလိုအပ်ကြောင်းလည်း သိရသည်။

Zawgyi Version;
၂ဝ၂၇ ခုႏွစ္ မတိုင္မီအခ်ိန္အထိ သမၼတအျဖစ္ ဆက္လက္တာဝန္ယူသြားမည္ဟု ျပင္သစ္သမၼတ ကတိျပဳ
Pika (NP News) - ဒီဇင္ဘာ ၇

သမၼတရာထူးသက္တမ္း(၅)ႏွစ္ၿပီးဆုံးမည့္ ၂၀၂၇ ခုႏွစ္မတိုင္မီအခ်ိန္အထိ သမၼတအျဖစ္ ဆက္လက္တာဝန္ယူ သြားမည္ျဖစ္ေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္က ဒီဇင္ဘာလ(၅)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ ထို႔ျပင္ ဝန္ႀကီးခ်ဳပ္အသစ္ကိုလည္း လာမည့္ရက္ပိုင္းအတြင္း ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း မက္ခ႐ြန္က ထပ္မံေျပာဆိုခဲ့ သည္။

ဒီဇင္ဘာလ(၅)ရက္တြင္ ျပင္သစ္လႊတ္ေတာ္အမတ္မ်ားသည္ ဝန္ႀကီးခ်ဳပ္မိုက္ကယ္ဘာနီယာကို အယုံအၾကည္မရွိ ေၾကာင္း အဆိုတင္သြင္းၿပီး မဲခြဲဆုံးျဖတ္ခဲ့ကာ ရာထူးမွျဖဳတ္ခ်ခဲ့ၿပီးေနာက္ မက္ခ႐ြန္၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ မိုက္ကယ္ဘာနီယာ ျဖဳတ္ခ်ခံရမႈက ၎ကို ေခတ္သစ္ျပင္သစ္သမိုင္းတြင္ သက္တမ္း အတိုဆုံး ဝန္ႀကီးခ်ဳပ္တစ္ဦးအျဖစ္ ျဖစ္လာေစခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါၿပိဳကြဲမႈသည္ ျပင္သစ္ႏိုင္ငံတြင္ ၁၉၆၂ ခုႏွစ္ ေနာက္ပိုင္း အယုံအၾကည္မရွိအဆိုေၾကာင့္ အစိုးရအဖြဲ႕ ပထမဆုံးအႀကိမ္ ၿပိဳကြဲသြားခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ ယင္းျဖစ္ရပ္မ်ား ျဖစ္ပြားၿပီးေနာက္ မက္ခ႐ြန္သည္ left-wing New Popular Front (NPF) ႏွင့္ the right-wing National Rally (RN) ပါတီအတိုက္အခံမ်ားကို မဲခြဲဆုံးျဖတ္မႈတြင္ ၎တို႔၏အခန္းက႑မ်ားႏွင့္ပတ္သက္ၿပီး ျပစ္တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
မက္ခ႐ြန္က ‘‘တျခားလူေတြရဲ႕တာဝန္မဲ့မႈကို ကြၽန္ေတာ္တာဝန္ယူမွာမဟုတ္ပါဘူး’ ဟု ေျပာခဲ့သည္။ သမၼတ အျဖစ္ ရာထူးမွ ႏုတ္ထြက္ရန္ အတိုက္အခံမ်ားက ေတာင္းဆိုထားေသာ္လည္း ၎၏လုပ္ပိုင္ခြင့္မ်ားကို ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ျပင္သစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲအသစ္မ်ားကို အနည္းဆုံး ဇူလိုင္လ အထိ ေ႐ႊ႕ဆိုင္းထားေၾကာင္း မက္ခ႐ြန္က ေျပာၾကားခဲ့သည္။ ျပင္သစ္ႏိုင္ငံ၏ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အစိုးရ ျဖဳတ္ခ်ခံရမည္ဆိုလွ်င္ေတာင္ သမၼတက ရာထူးမွ ႏုတ္ထြက္ရန္ မလိုအပ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.