စစ်တပ်ကို တာဝေးတိုက်ခိုက်ရေးဒရုန်းအစင်းရေ(၃)သောင်းကျော် ထောက်ပံ့ပေးရန် ယူကရိန်း စီစဉ်နေ

221

Pika (NP News) - ဒီဇင်ဘာ ၈
ယူကရိန်းအစိုးရသည် ၎င်း၏တပ်ဖွဲ့များကို (၂၀၂၅)ခုနှစ်တွင် တာဝေးတိုက်ခိုက်ရေး ဒရုန်းအစင်း ရေ(၃)သောင်း ကျော် ထောက်ပံ့ပေးရန်စီစဉ်နေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၅)ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက “ဒီမျိုးဆက်သစ်ဒရုန်းတွေဟာ ရှည်လျားတဲ့အကွာအဝေးအတွင်း ကောင်းမွန်စွာအလိုအလျောက်လည်ပတ်နိုင်ပြီး ရန်သူတွေရဲ့ပစ်မှတ်တွေကို တိကျတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။ အဲဒီဒရုန်းတွေ ထုတ်လုပ်မှုကို နိုင်ငံတကာမိတ်ဖက်တွေက တစ်စိတ်တစ်ပိုင်း ရန်ပုံငွေ ထောက်ပံ့ပေးထားပါတယ်” ဟု ပြောဆိုခဲ့သည်။
ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော စစ်ပွဲမှာ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ပိုမိုအရှိန် မြင့်လာခဲ့ပြီး နောက် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ တာဝေးတိုက်ခိုက်ရေးဒရုန်းများနှင့်ပတ်သက်သည့်ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ယူကရိန်းက အ နောက်အုပ်စုထုတ်ဒုံးကျည်များကို အသုံးပြုကာ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှား-ယူကရိန်းပဋိပက္ခမှာ ပိုမိုအရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း၏လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားသည် ၎င်း၏အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည် အသစ်ဖြင့် ယူကရိန်းကိုပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ယူကရိန်းက နျူကလီးယားလက်နက်များ ရရှိခဲ့မည်ဆိုလျှင် ရုရှားကယူကရိန်းကို တိုက်ခိုက်ရာ တွင်ရှိသမျှ စစ်လက်နက်ပစ္စည်းများအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်း၏ သမ္မတ သက်တမ်း မကုန်ဆုံးမီအချိန်အတွင်း ယူကရိန်းကို နျူကလီးယားလက်နက်များပေးအပ်နိုင်ဖွယ်ရှိကြောင်း အမည်မဖော်လို သည့်အနောက် အုပ်စုအရာရှိများက အကြံပြုပြောဆိုခဲ့ပြီးနောက် ပူတင်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်း ဖြစ်သည်။
ပူတင်က ‘‘တကယ်လို့ ကျွန်တော်တို့နဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံ က နျူကလီးယားလက်နက်တွေရရှိခဲ့မယ်ဆိုရင် ရုရှားက ရှိသမျှစစ်လက်နက်ပစ္စည်းတွေအားလုံးကို အသုံးပြုပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာပါ။ ရုရှားကို ပျက်စီးမှု တွေဖြစ်စေမယ့် စစ်လက်နက်ပစ္စည်းတွေကို ကျွန်တော်တို့ဘယ်တော့မှ အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ သူတို့တွေရဲ့လှုပ်ရှားမှုတွေတိုင်းကို ကျွန်တော်တို့စောင့်ကြည့် နေမှာပါ။ တကယ်လို့ တစ်စုံတစ်ယောက်က နျူကလီးယားလက်နက်တွေ ယူကရိန်းကို လွှဲပြောင်းပေးလိုက်မယ် ဆိုရင် အဲဒါက သူတို့ချမှတ်ထားတဲ့နျူကလီးယား လက်နက်မပြန့်ပွားရေး ကတိကဝတ်တွေအားလုံးကို ချိုးဖောက် လိုက်တာပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
စစ္တပ္ကို တာေဝးတိုက္ခိုက္ေရးဒ႐ုန္းအစင္းေရ(၃)ေသာင္းေက်ာ္ ေထာက္ပံ့ေပးရန္ ယူကရိန္း စီစဥ္ေန
Pika (NP News) - ဒီဇင္ဘာ ၈
ယူကရိန္းအစိုးရသည္ ၎၏တပ္ဖြဲ႕မ်ားကို (၂၀၂၅)ခုႏွစ္တြင္ တာေဝးတိုက္ခိုက္ေရး ဒ႐ုန္းအစင္း ေရ(၃)ေသာင္း ေက်ာ္ ေထာက္ပံ့ေပးရန္စီစဥ္ေနေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာလ(၅)ရက္တြင္ ထုတ္ျပန္ ေျပာၾကားခဲ့သည္။
ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက “ဒီမ်ိဳးဆက္သစ္ဒ႐ုန္းေတြဟာ ရွည္လ်ားတဲ့အကြာအေဝးအတြင္း ေကာင္းမြန္စြာအလိုအေလ်ာက္လည္ပတ္ႏိုင္ၿပီး ရန္သူေတြရဲ႕ပစ္မွတ္ေတြကို တိက်တဲ့ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ အဲဒီဒ႐ုန္းေတြ ထုတ္လုပ္မႈကို ႏိုင္ငံတကာမိတ္ဖက္ေတြက တစ္စိတ္တစ္ပိုင္း ရန္ပုံေငြ ေထာက္ပံ့ေပးထားပါတယ္” ဟု ေျပာဆိုခဲ့သည္။
႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာ စစ္ပြဲမွာ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ပိုမိုအရွိန္ ျမင့္လာခဲ့ၿပီး ေနာက္ ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာန၏ တာေဝးတိုက္ခိုက္ေရးဒ႐ုန္းမ်ားႏွင့္ပတ္သက္သည့္ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ယူကရိန္းက အ ေနာက္အုပ္စုထုတ္ဒုံးက်ည္မ်ားကို အသုံးျပဳကာ ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွား-ယူကရိန္းပဋိပကၡမွာ ပိုမိုအရွိန္ျမင့္လာခဲ့ျခင္း ျဖစ္သည္။ ယူကရိန္း၏လုပ္ရပ္ကို တုံ႔ျပန္သည့္အေနျဖင့္ ႐ုရွားသည္ ၎၏အသံထက္ျမန္သည့္ ပဲ့ထိန္းဒုံးက်ည္ အသစ္ျဖင့္ ယူကရိန္းကိုပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ယူကရိန္းက န်ဴကလီးယားလက္နက္မ်ား ရရွိခဲ့မည္ဆိုလွ်င္ ႐ုရွားကယူကရိန္းကို တိုက္ခိုက္ရာ တြင္ရွိသမွ် စစ္လက္နက္ပစၥည္းမ်ားအားလုံးကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ၎၏ သမၼတ သက္တမ္း မကုန္ဆုံးမီအခ်ိန္အတြင္း ယူကရိန္းကို န်ဴကလီးယားလက္နက္မ်ားေပးအပ္ႏိုင္ဖြယ္ရွိေၾကာင္း အမည္မေဖာ္လို သည့္အေနာက္ အုပ္စုအရာရွိမ်ားက အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ ပူတင္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္း ျဖစ္သည္။
ပူတင္က ‘‘တကယ္လို႔ ကြၽန္ေတာ္တို႔နဲ႔ စစ္ျဖစ္ေနတဲ့ ႏိုင္ငံ က န်ဴကလီးယားလက္နက္ေတြရရွိခဲ့မယ္ဆိုရင္ ႐ုရွားက ရွိသမွ်စစ္လက္နက္ပစၥည္းေတြအားလုံးကို အသုံးျပဳၿပီး တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမွာပါ။ ႐ုရွားကို ပ်က္စီးမႈ ေတြျဖစ္ေစမယ့္ စစ္လက္နက္ပစၥည္းေတြကို ကြၽန္ေတာ္တို႔ဘယ္ေတာ့မွ အသုံးျပဳခြင့္ေပးမွာ မဟုတ္ပါဘူး။ အဲဒါကို ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ပါဘူး။ သူတို႔ေတြရဲ႕လႈပ္ရွားမႈေတြတိုင္းကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ ေနမွာပါ။ တကယ္လို႔ တစ္စုံတစ္ေယာက္က န်ဴကလီးယားလက္နက္ေတြ ယူကရိန္းကို လႊဲေျပာင္းေပးလိုက္မယ္ ဆိုရင္ အဲဒါက သူတို႔ခ်မွတ္ထားတဲ့န်ဴကလီးယား လက္နက္မျပန႔္ပြားေရး ကတိကဝတ္ေတြအားလုံးကို ခ်ိဳးေဖာက္ လိုက္တာပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။