ဆူပူအုံကြွမှုတွေအပြီး တောင်ကိုရီးယားပြည်ထဲရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်

1105

Pika (NP News) - ဒီဇင်ဘာ ၉
တောင်ကိုရီးယားနိုင်ငံတွင်းမှာ ဆူပူအုံကြွမှုတွေဖြစ်စေခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖျက်သိမ်းခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုအပြီး ပြည်ထဲရေးဝန်ကြီး လီဆန်းမင်းဟာ ဒီဇင်ဘာလ(၈)ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူလူထုနဲ့သမ္မတကို ကောင်းမွန်စွာ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်မှုအတွက် တာဝန်ရှိတယ်လို့ ခံစားရတဲ့အတွက် ယခုလိုရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ လီဆန်းမင်းက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် လီဆန်းမင်းရဲ့ ရာထူးကနေနုတ်ထွက်မှုကို သမ္မတယွန်ဆက်ယိုလ်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ(၃)ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် လီဆန်းမင်းနဲ့ ယွန်ဆက်ယိုလ်တို့ဟာ ပုန်ကန်မှုစွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခံနေရတဲ့လူတွေထဲမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ယွန်ဆက်ယိုလ်ကို အတိုက်အခံပါတီတွေက လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေလုပ်ဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီးရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး ခရီးသွားလာခွင့်ပိတ်ခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယိုဟွန်းကို ဒီဇင်ဘာလ(၈)ရက် အစောပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေလုပ်ဆောင်တာ မအောင်မြင်ခဲ့ပေမယ့်လည်း ထပ်မံကြိုးပမ်းသွားဦးမယ်လို့ အတိုက်အခံပါတီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

zawgyi version
ဆူပူအုံႂကြမႈေတြအၿပီး ေတာင္ကိုရီးယားျပည္ထဲေရးဝန္ႀကီး ရာထူးကေန ႏုတ္ထြက္
Pika (NP News) - ဒီဇင္ဘာ ၉
ေတာင္ကိုရီးယားႏိုင္ငံတြင္းမွာ ဆူပူအုံႂကြမႈေတြျဖစ္ေစခဲ့ၿပီး နာရီပိုင္းအတြင္းမွာပဲ ျပန္လည္ဖ်က္သိမ္းခဲ့ရတဲ့ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းမႈအၿပီး ျပည္ထဲေရးဝန္ႀကီး လီဆန္းမင္းဟာ ဒီဇင္ဘာလ(၈)ရက္မွာ ရာထူးကေန ႏုတ္ထြက္သြားခဲ့ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ျပည္သူလူထုနဲ႔သမၼတကို ေကာင္းမြန္စြာ တာဝန္ထမ္းေဆာင္ဖို႔ ပ်က္ကြက္မႈအတြက္ တာဝန္ရွိတယ္လို႔ ခံစားရတဲ့အတြက္ ယခုလိုရာထူးကေန ႏုတ္ထြက္ခဲ့တာျဖစ္တယ္လို႔ လီဆန္းမင္းက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ လီဆန္းမင္းရဲ႕ ရာထူးကေနႏုတ္ထြက္မႈကို သမၼတယြန္ဆက္ယိုလ္ကလည္း လက္ခံခဲ့တယ္လို႔ သိရပါတယ္။ ဒီဇင္ဘာလ(၃)ရက္မွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းမႈျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ လီဆန္းမင္းနဲ႔ ယြန္ဆက္ယိုလ္တို႔ဟာ ပုန္ကန္မႈစြပ္စြဲခ်က္အတြက္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခံေနရတဲ့လူေတြထဲမွာ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယြန္ဆက္ယိုလ္ကို အတိုက္အခံပါတီေတြက လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြလုပ္ေဆာင္ခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကာကြယ္ေရးဝန္ႀကီးရာထူးကေန ႏုတ္ထြက္သြားခဲ့ၿပီး ခရီးသြားလာခြင့္ပိတ္ခံထားရတဲ့ ကာကြယ္ေရးဝန္ႀကီးေဟာင္း ကင္ယိုဟြန္းကို ဒီဇင္ဘာလ(၈)ရက္ အေစာပိုင္းမွာ ဖမ္းဆီးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြလုပ္ေဆာင္တာ မေအာင္ျမင္ခဲ့ေပမယ့္လည္း ထပ္မံႀကိဳးပမ္းသြားဦးမယ္လို႔ အတိုက္အခံပါတီေတြက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။