ငြိမ်းချမ်းရေးမယူဘူးဆိုရင် နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ အီရန်ကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

97

Pika (NP News) - ဇွန် ၂၃
အီရန်အနေနဲ့ ငြိမ်းချမ်းရေးမရယူဘူးဆိုပါက နောက်ထပ်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ Fordow၊ Natanz နဲ့ Esfahan မြို့တို့မှာ ရှိတဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ကြီးမားပြီးတိကျတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်း အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အီရန်နိုင်ငံရဲ့ နျူကလီးယားသန့်စင်မှုစွမ်းရည်ကို ဖျက်ဆီးဖို့နဲ့ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့နေတဲ့နိုင်ငံရဲ့နျူကလီးယားခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အီရန်အပေါ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ရေးအရအောင်မြင်တဲ့ လုပ်ဆောင် မှုတစ်ခုဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒီဗုံးကြဲတိုက်ခိုက်မှု အတွင်း အီရန်ရဲ့အဓိကနျူကလီးယား သန့်စင်ရေး စက်ရုံတွေကို လုံးဝချေမှုန်းပစ်လိုက်နိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုတွေမလုပ်ဆောင်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့် က သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးမယူဘူးဆိုရင္ ေနာက္ထပ္တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အီရန္ကို ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ဇြန္ ၂၃
အီရန္အေနနဲ႔ ၿငိမ္းခ်မ္းေရးမရယူဘူးဆိုပါက ေနာက္ထပ္တိုက္ခိုက္မႈေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံဟာ Fordow၊ Natanz နဲ႔ Esfahan ၿမိဳ႕တို႔မွာ ရွိတဲ့ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ႀကီးမားၿပီးတိက်တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ နာရီပိုင္း အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္က အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားသန႔္စင္မႈစြမ္းရည္ကို ဖ်က္ဆီးဖို႔နဲ႔ အၾကမ္းဖက္အဖြဲ႕ေတြကို ေထာက္ပံ့ေနတဲ့ႏိုင္ငံရဲ႕န်ဴကလီးယားၿခိမ္းေျခာက္မႈေတြကို ရပ္တန႔္ဖို႔ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အီရန္အေပၚလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြဟာ စစ္ေရးအရေအာင္ျမင္တဲ့ လုပ္ေဆာင္ မႈတစ္ခုျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဒီဗုံးႀကဲတိုက္ခိုက္မႈ အတြင္း အီရန္ရဲ႕အဓိကန်ဴကလီးယား သန႔္စင္ေရး စက္႐ုံေတြကို လုံးဝေခ်မႈန္းပစ္လိုက္ႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မႈေတြမလုပ္ေဆာင္ဖို႔ အီရန္ကို ေဒၚနယ္ထရမ့္ က သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။