အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျှပ်စစ်ဝန်ကြီး တိုက်တွန်း

 2074

ယွန်း (NP News) - ဒီဇင်ဘာ ၉

အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျှပ်စစ်ဝန်ကြီးက တိုက်တွန်းပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဒီဇင်ဘာ(၈)ရက်တွင် အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ဓာတ်အားအမြန်ဆုံးထုတ်လုပ်ပေးနိုင်ရန်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများကို ဆောလျင်စွာပြီးစီးနိုင်ရေးအတွက် လူအင်အား၊ ပစ္စည်းအင်အားများကို စနစ်တကျစုဖွဲ့၍ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

ထို့ပြင် လုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက အသိပေးထားသည်။

အထက်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် မဂ္ဂါဝပ်(၇၀)နှစ်လုံးဖြင့် စုစုပေါင်းဓာတ်အား မဂ္ဂါဝပ် (၁၄၀)ကို (၂၃၀)ကေဗွီ အထက်ပေါင်းလောင်း- နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား (၄၅၄)ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများဝင်ရောက်ခဲ့ကာ ဓာတ်အားပေးစက်ရုံများ ရေနစ်မြုပ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
အထက္ေပါင္းေလာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ဘ႑ာႏွစ္အတြင္း ၿပီးစီးေအာင္ေဆာင္႐ြက္ရန္ လွ်ပ္စစ္ဝန္ႀကီး တိုက္တြန္း

ယြန္း (NP News) - ဒီဇင္ဘာ ၉

အထက္ေပါင္းေလာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ဘ႑ာႏွစ္အတြင္း ၿပီးစီးေအာင္ေဆာင္႐ြက္ရန္ လွ်ပ္စစ္ဝန္ႀကီးက တိုက္တြန္းေျပာၾကားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ဒီဇင္ဘာ(၈)ရက္တြင္ အထက္ေပါင္းေလာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ဓာတ္အားအျမန္ဆုံးထုတ္လုပ္ေပးႏိုင္ရန္အတြက္ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ႏွင့္ ျပဳျပင္ေရးလုပ္ငန္းမ်ားကို ေဆာလ်င္စြာၿပီးစီးႏိုင္ေရးအတြက္ လူအင္အား၊ ပစၥည္းအင္အားမ်ားကို စနစ္တက်စုဖြဲ႕၍ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။

ထို႔ျပင္ လုပ္ငန္းမ်ားကို ဘ႑ာႏွစ္အတြင္း ၿပီးစီးေအာင္ေဆာင္႐ြက္ရန္လည္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးထားသည္။

အထက္ေပါင္းေလာင္းေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံသည္ ဓာတ္အားေပးစက္ မဂၢါဝပ္(၇၀)ႏွစ္လုံးျဖင့္ စုစုေပါင္းဓာတ္အား မဂၢါဝပ္ (၁၄၀)ကို (၂၃၀)ေကဗြီ အထက္ေပါင္းေလာင္း- နန္ခ်ိဳ ဓာတ္အားလိုင္းျဖင့္ ႏိုင္ငံေတာ္ဓာတ္အားကြန္ရက္စနစ္အတြင္းသို႔ တစ္ႏွစ္လွ်င္ လွ်ပ္စစ္ဓာတ္အား (၄၅၄)ကီလိုဝပ္နာရီသန္းခန႔္ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ထုတ္လုပ္ေပးလ်က္ရွိရာ ရာဂီမုန္တိုင္းေၾကာင့္ ဓာတ္အားေပးစက္႐ုံအတြင္း ေရမ်ားဝင္ေရာက္ခဲ့ကာ ဓာတ္အားေပးစက္႐ုံမ်ား ေရနစ္ျမဳပ္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ရာ ဓာတ္အားထုတ္လုပ္မႈမ်ား ရပ္နားခဲ့ရေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ဓာတ္အားအျမန္ဆုံး ျပန္လည္ထုတ္လႊတ္ျဖန႔္ျဖဴးေပးႏိုင္ရန္အတြက္ ျပန္လည္ျပဳျပင္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.