ယူကရိန်းသမ္မတက ရုရှားနဲ့ သဘောတူညီချက် လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော

 1735

Pika (NP News) - ဒီဇင်ဘာ ၉

ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခုလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ(၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ပဲရစ်မြို့မှာတွေ့ဆုံခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခရဲ့ အနာဂတ်ကို ဆွေးနွေးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ဇီလန်စကီး၊ ဒေါ်နယ်ထရမ့်တို့နဲ့အတူ သုံးဦးတွေ့ဆုံဆွေးနွေးပွဲကို Elysee Palace သမ္မတအိမ်တော်မှာ ဒီဇင်ဘာလ(၇)ရက်က လက်ခံကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ရုရှား-ယူကရိန်းပဋိပက္ခအပေါ် လာမယ့်အမေရိကန်အစိုးရအသစ်ရဲ့ ရပ်တည်တွေချက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းမှာ စိုးရိမ်မှုတွေကြီးထွားလာနေချိန်မှာပဲ ဒေါ်နယ်ထရမ့်၊ ဇီလန်စကီး နဲ့ မက်ခရွန်တို့ရဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်နယ်ထရမ့်က ၎င်းဟာ ရုရှား-ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင်လုပ်ဆောင်ပေးနိုင်တယ်လို့ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က "ဇီလန်စကီးနဲ့ ယူကရိန်းဟာ သဘောတူညီချက်တစ်ခုလုပ်ပြီး ဒီရူးသွပ်မှုတွေကို ရပ်တန့်ချင်နေပါတယ်။ ချက်ချင်းအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကို စတင်သင့်ပါတယ်။ ဒီစစ်ပွဲအတွင်းမှာ ဘဝပေါင်းများစွာက အချည်းအနှီးဖြစ်ခဲ့ရပြီး မိသားစုပေါင်းများစွာက ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ရုရှား-ယူကရိန်းပဋိပက္ခက ပိုကြီးပြီး ပိုဆိုးတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ သုံးဦးတွေ့ဆုံမှုအပြီး နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၉၈၈)သန်းတန် စစ်ရေးအကူအညီအသစ်ကို ထုတ်ပြန်ကြေညာခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ရေးအကူအ ညီအသစ်မှာ ဒရုန်းတွေ၊ HIMARS ရော့ကတ်လောင်ချာတွေအတွက် ခဲယမ်းမီးကျည်တွေ၊ အခြားပစ္စည်းကိရိယာတွေ၊ အမြောက်စနစ်တွေအတွက် အပိုပစ္စည်းတွေ၊ တင့်ကားနဲ့သံချပ်ကာယာဉ်တွေပါဝင်တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့ပါတယ်။

zawgyi version
ယူကရိန္းသမၼတက ႐ုရွားနဲ႔ သေဘာတူညီခ်က္ လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၉

ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ သေဘာတူညီခ်က္တစ္ခုလုပ္ေဆာင္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ဒီဇင္ဘာလ(၈)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္နဲ႔ ဇီလန္စကီးတို႔ဟာ ပဲရစ္ၿမိဳ႕မွာေတြ႕ဆုံခဲ့ၿပီး ႐ုရွား-ယူကရိန္းပဋိပကၡရဲ႕ အနာဂတ္ကို ေဆြးေႏြးခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ျပင္သစ္သမၼတမက္ခ႐ြန္ဟာ ဇီလန္စကီး၊ ေဒၚနယ္ထရမ့္တို႔နဲ႔အတူ သုံးဦးေတြ႕ဆုံေဆြးေႏြးပြဲကို Elysee Palace သမၼတအိမ္ေတာ္မွာ ဒီဇင္ဘာလ(၇)ရက္က လက္ခံက်င္းပေပးခဲ့တာ ျဖစ္ပါတယ္။ ႐ုရွား-ယူကရိန္းပဋိပကၡအေပၚ လာမယ့္အေမရိကန္အစိုးရအသစ္ရဲ႕ ရပ္တည္ေတြခ်က္ေတြနဲ႔ပတ္သက္ၿပီး ယူကရိန္းမွာ စိုးရိမ္မႈေတြႀကီးထြားလာေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္၊ ဇီလန္စကီး နဲ႔ မက္ခ႐ြန္တို႔ရဲ႕ ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ေဒၚနယ္ထရမ့္က ၎ဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္လုပ္ေဆာင္ေပးႏိုင္တယ္လို႔ အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က "ဇီလန္စကီးနဲ႔ ယူကရိန္းဟာ သေဘာတူညီခ်က္တစ္ခုလုပ္ၿပီး ဒီ႐ူးသြပ္မႈေတြကို ရပ္တန႔္ခ်င္ေနပါတယ္။ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြကို စတင္သင့္ပါတယ္။ ဒီစစ္ပြဲအတြင္းမွာ ဘဝေပါင္းမ်ားစြာက အခ်ည္းအႏွီးျဖစ္ခဲ့ရၿပီး မိသားစုေပါင္းမ်ားစြာက ဖ်က္ဆီးခံခဲ့ရပါတယ္။ ဒီအတိုင္းသာဆက္သြားေနမယ္ဆိုရင္ ႐ုရွား-ယူကရိန္းပဋိပကၡက ပိုႀကီးၿပီး ပိုဆိုးတဲ့အရာတစ္ခုအျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ သုံးဦးေတြ႕ဆုံမႈအၿပီး နာရီပိုင္းအၾကာမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အစိုးရဟာ ယူကရိန္းအတြက္ အေမရိကန္ေဒၚလာ(၉၈၈)သန္းတန္ စစ္ေရးအကူအညီအသစ္ကို ထုတ္ျပန္ေၾကညာခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီစစ္ေရးအကူအ ညီအသစ္မွာ ဒ႐ုန္းေတြ၊ HIMARS ေရာ့ကတ္ေလာင္ခ်ာေတြအတြက္ ခဲယမ္းမီးက်ည္ေတြ၊ အျခားပစၥည္းကိရိယာေတြ၊ အေျမာက္စနစ္ေတြအတြက္ အပိုပစၥည္းေတြ၊ တင့္ကားနဲ႔သံခ်ပ္ကာယာဥ္ေတြပါဝင္တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.