ထိုင်းနိုင်ငံ၊ ဖူးခက်မှာ အသက် ၅၂ နှစ်အရွယ်အမျိုးသားတစ်ဦး အနှိပ်ခံပြီးနောက် သေဆုံး

 5632

ရောင်နီ (NP News) - ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ စင်ကာပူနိုင်ငံသား အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဒီဇင်ဘာ ၇ ရက်က အနှိပ်ခန်းတစ်ခုမှာ သွားရောက်အနှိပ်ခံရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ပထုံကမ်းခြေမှာရှိတဲ့ အနှိပ်ခန်းတစ်ခုမှာ ၄၅ မိနစ်ကြာ အနှိပ်ခံရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပထုံရဲချုပ် ချလာချိုင်ဟာဆာဝပ်ရဲ့ပြောကြားချက်အရ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူဟာ ကျန်းမာရေးလက္ခဏာတွေ ပြသလာခဲ့ခြင်းကြောင့် အနှိပ်ခန်းက ဝန်ထမ်းတွေက သူ့ကိုကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အဆိုပါအမျိုးသားဟာ သတိပြန်လည် မလာခဲ့တော့ပဲ ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
မိသားစုက အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ ခွင့်မပြုဘဲ ဘာသာရေးဆိုင်ရာထုံးတမ်းစဉ်လာတွေ ပြုလုပ်ဖို့ ၎င်းရဲ့အလောင်းကို အိမ်ကို ယူဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဟာဆဝပ်က ပြောပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အူဒုန်သာနီ ပြည်နယ်ရှိ အနှိပ်ခန်းတစ်ခုမှာလည်း လည်ပင်း အနှိပ်ခံရင်း ထိုင်းအမျိုးသမီး အဆိုတော်တစ်ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တစ်ပတ်အတွင်း ထိုင်းအနှိပ်ခန်းမှာ ဒုတိယအကြိမ်သေဆုံးမှုဖြစ်ပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ၊ ဖူးခက္မွာ အသက္ ၅၂ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး အႏွိပ္ခံၿပီးေနာက္ ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၉

ထိုင္းႏိုင္ငံ၊ ဖူးခက္မွာ စင္ကာပူႏိုင္ငံသား အသက္ ၅၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ ဒီဇင္ဘာ ၇ ရက္က အႏွိပ္ခန္းတစ္ခုမွာ သြားေရာက္အႏွိပ္ခံရင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အသက္ ၅၂ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ပထုံကမ္းေျခမွာရွိတဲ့ အႏွိပ္ခန္းတစ္ခုမွာ ၄၅ မိနစ္ၾကာ အႏွိပ္ခံရင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ပထုံရဲခ်ဳပ္ ခ်လာခ်ိဳင္ဟာဆာဝပ္ရဲ႕ေျပာၾကားခ်က္အရ ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၇ ရက္ ည ၁၁ နာရီ ၃ဝ မိနစ္မွာ အခင္းျဖစ္ပြားရာေနရာကို သြားေရာက္ၾကည့္ရႈခဲ့တယ္လို႔ ဆိုပါတယ္။

စစ္ေဆးခ်က္အရ ေသဆုံးသူဟာ က်န္းမာေရးလကၡဏာေတြ ျပသလာခဲ့ျခင္းေၾကာင့္ အႏွိပ္ခန္းက ဝန္ထမ္းေတြက သူ႔ကိုကယ္ဆယ္ဖို႔ ႀကိဳးပမ္းခဲ့ၾကေပမယ့္ အဆိုပါအမ်ိဳးသားဟာ သတိျပန္လည္ မလာခဲ့ေတာ့ပဲ ဆုံးပါးသြားတယ္လို႔ ဆိုပါတယ္။
မိသားစုက အေလာင္းကို ခြဲစိပ္စစ္ေဆးဖို႔ ခြင့္မျပဳဘဲ ဘာသာေရးဆိုင္ရာထုံးတမ္းစဥ္လာေတြ ျပဳလုပ္ဖို႔ ၎ရဲ႕အေလာင္းကို အိမ္ကို ယူေဆာင္ေနတယ္လို႔ ဗိုလ္မႉးႀကီး ဟာဆဝပ္က ေျပာပါတယ္။

ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္း အူဒုန္သာနီ ျပည္နယ္ရွိ အႏွိပ္ခန္းတစ္ခုမွာလည္း လည္ပင္း အႏွိပ္ခံရင္း ထိုင္းအမ်ိဳးသမီး အဆိုေတာ္တစ္ဦး ေသဆုံးခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ တစ္ပတ္အတြင္း ထိုင္းအႏွိပ္ခန္းမွာ ဒုတိယအႀကိမ္ေသဆုံးမႈျဖစ္ပါတယ္။

Related news

© 2021. All rights reserved.