ကျန်းမာရေးမကောင်းသည့် သားဖြစ်သူထံ သွားရောက်ကြည့်ရှုမည့် ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို လမ်းခရီး၌ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

1148

Pearl (NP News) - သြဂုတ် ၂၁
ကျန်းမာရေးမကောင်းသည့် သားဖြစ်သူထံ သွားရောက်ကြည့်ရှုမည့် ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို လမ်းခရီး၌ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခင်ဦးမြို့နယ်၊ မုံလှ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်သည် မုံရွာမြို့တွင် နေထိုင်သည့် ၎င်း၏သားဖြစ်သူကျန်းမာရေးမကောင်းသဖြင့် ကြည့်ရှုစောင့်ရှောက်ရန် တင်ငုတ်ကြီး ကျေးရွာမှ မုံရွာမြို့သို့ ဦးချစ်နိုင် မောင်းနှင်သည့် Light Truck မော်တော်ယာဉ်ဖြင့် လိုက်ပါလာခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်ပါလာစဉ် ခင်ဦးမြို့နယ်၊ မုံလှ ကျေးရွာအနီးအရောက်တွင် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က မော်တော်ယာဉ်အား တားဆီးစစ်ဆေးပြီး ဒေါ်သင်းသင်းခိုင်အားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
က်န္းမာေရးမေကာင္းသည့္ သားျဖစ္သူထံ သြားေရာက္ၾကည့္ရႈမည့္ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးကို လမ္းခရီး၌ အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
Pearl (NP News) - ၾသဂုတ္ ၂၁
က်န္းမာေရးမေကာင္းသည့္ သားျဖစ္သူထံ သြားေရာက္ၾကည့္ရႈမည့္ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးကို လမ္းခရီး၌ အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၆ ရက္ေန႔ နံနက္ ၁၀ နာရီက ခင္ဦးၿမိဳ႕နယ္၊ မုံလွ ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
စစ္ကိုင္းတိုင္း ၊ ကန႔္ဘလူၿမိဳ႕နယ္၊ တင္ငုတ္ႀကီးေက်း႐ြာရွိ အေျခခံပညာ အလယ္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသင္းသင္းခိုင္သည္ မုံ႐ြာၿမိဳ႕တြင္ ေနထိုင္သည့္ ၎၏သားျဖစ္သူက်န္းမာေရးမေကာင္းသျဖင့္ ၾကည့္ရႈေစာင့္ေရွာက္ရန္ တင္ငုတ္ႀကီး ေက်း႐ြာမွ မုံ႐ြာၿမိဳ႕သို႔ ဦးခ်စ္ႏိုင္ ေမာင္းႏွင္သည့္ Light Truck ေမာ္ေတာ္ယာဥ္ျဖင့္ လိုက္ပါလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လိုက္ပါလာစဥ္ ခင္ဦးၿမိဳ႕နယ္၊ မုံလွ ေက်း႐ြာအနီးအေရာက္တြင္ PDF အၾကမ္းဖက္အဖြဲ႕ အင္အား ၁၅ ဦးခန႔္က ေမာ္ေတာ္ယာဥ္အား တားဆီးစစ္ေဆးၿပီး ေဒၚသင္းသင္းခိုင္အားအၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံရသူအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။