ညောင်ဦးမြို့နယ်တွင် ယာခင်းအတွင်းရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ် သတ်ဖြတ်

791

နာမူ (NP News) - ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယာခင်းအတွင်းရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ် စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ ၁၀မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအနီးရှိ ယာခင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောပြားကျေးရွာတွင် နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ဦးဇေယျာသည် ကျေးရွာ၏ အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ယာခင်းတွင်ရှိနေစဉ် PDF အဖွဲ့ဝင် (၆)ဦးခန့်က ဆိုင်ကယ်(၃)စီးဖြင့် ရောက် လာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဇေယျာတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်တောင်ကျေးရွာရှိ အမျိုးသားတစ်ဦး ညောင်ဦးမြို့နယ်၊ ဈေးမကြီးကျေးရွာအနီးတွင် နွားကျောင်းနေစဉ် PDF အဖွဲ့ဝင်(၂)ဦးခန့်ကရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အသက်သေဆုံးမှုမရှိခဲ့သော်လည်း ဦးချစ်ဖူးဝေ (၃၈)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်သာမြို့နယ်၊ ကျောဇီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေညာင္ဦးၿမိဳ႕နယ္တြင္ ယာခင္းအတြင္းရွိေနသည့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ သတ္ျဖတ္
နာမူ (NP News) - ဒီဇင္ဘာ ၁၆
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္တြင္ ယာခင္းအတြင္းရွိေနသည့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။ ျဖစ္ စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၃ ရက္၊ မြန္းလြဲ ၂ နာရီ ၁၀မိနစ္အခ်ိန္ခန႔္က ေညာင္ဦးၿမိဳ႕နယ္၊ ေတာျပားေက်း႐ြာအနီးရွိ ယာခင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာျပားေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၃၅)ႏွစ္အ႐ြယ္ ဦးေဇယ်ာသည္ ေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ (၃)မိုင္ခန႔္အကြာရွိ ယာခင္းတြင္ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၆)ဦးခန႔္က ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ လာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေဇယ်ာတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၉ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္၊ ကန္ေတာင္ေက်း႐ြာရွိ အမ်ိဳးသားတစ္ဦး ေညာင္ဦးၿမိဳ႕နယ္၊ ေဈးမႀကီးေက်း႐ြာအနီးတြင္ ႏြားေက်ာင္းေနစဥ္ PDF အဖြဲ႕ဝင္(၂)ဦးခန႔္ကေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားေၾကာင္း သိရသည္။ ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အသက္ေသဆုံးမႈမရွိခဲ့ေသာ္လည္း ဦးခ်စ္ဖူးေဝ (၃၈)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေတာင္သာၿမိဳ႕နယ္၊ ေက်ာဇီတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးႏွင့္ ဥပေဒအရ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။