အိန္ဒိယ-ရုရှား ဆက်ဆံရေးအပေါ် အမေရိကန်တို့ ဘာကြောင့် လက်မခံနိုင်ဖြစ်နေရသလဲ

1620

သန်းထိုက်စိုး (NP News) - ဇန်နဝါရီ ၂
မကြာသေးမီအချိန်အတွင်းက ရုရှားနိုင်ငံ မော်စကိုမြို့တွင် အိန္ဒိယ-ရုရှားအစိုးရအချင်းချင်းကြား (၂၁)ကြိမ်မြောက် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က အများ ပြည်သူဆိုင်ရာကဏ္ဍနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးတွင် အိန္ဒိယ နိုင်ငံအပေါ် ကြီးမားသည့်ဖိအားများရှိနေသော်လည်း ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည်ဖြစ်သကဲ့သို့ နီးကပ် သည့်ဆက်ဆံရေးတစ်ရပ်လည်း ထားရှိသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။
သို့သော် မည်သို့သောဖိအားများရှိပြီး အဆိုပါဖိအားများသည် မည်သည့်နေရာကလာသည် ဆိုသည်ကိုမူ ရှင်းရှင်းလင်း ပြောဆိုခြင်းမရှိခဲ့ပါ။ သို့သော် မိုဒီအစိုးရအဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးထံမှ ယခုကဲ့သို့ ဝန်ခံပြောဆိုလိုက် ခြင်းသည် အတော်ပွင့် လင်းသည်ဟုပင် ဆိုရမည်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh အနေဖြင့် မည်သူကပေးသည့်ဖိအား၊ မည်သို့သော ဖိအားများ ရင်ဆိုင်ကြုံ တွေ့နေရသည်ကို ထုတ်ဖော်ခြင်းမရှိဘဲ ထိန်းထိန်းသိမ်းသိမ်းဖြင့်ပြောဆိုသွား သော်လည်း အနောက်နိုင်ငံများက ပေးသည့် ဖိအား ဖြစ်သည်ဆိုသည်မှာမူ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားလှပါသည်။ အထူးသဖြင့် ရုရှား-ယူက ရိန်းပဋိပက္ခနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ အိန္ဒိယရှိ အမေရိကန်အရာရှိများသည် ရုရှားနိုင်ငံပိုင်ရုပ်သံကွန်ရက်တစ်ခု ဖြစ်သည့် RT ကိုပိတ်ပင်ရန် စည်းရုံးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါ။
အမေရိကန်အစိုးရသည် ရုရှားစစ်ဘက်ဆိုင်ရာအခြေခံစခန်းများအတွက် အရေးကြီးသည့်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် ပတ်သက်သော အိန္ဒိယကုမ္ပဏီ (၁၉)ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ အမေရိကန်အစိုးရသည် ရုရှားစွမ်အင် များကို အိန္ဒိယနိုင်ငံက ဝယ်ယူနေမှုအပေါ်တွင်လည်း ကျေနပ်မှုမရှိသကဲ့သို့ အကျိုးဆက်များရှိလာမည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများပင်ရှိခဲ့သည်။ သို့သော် အမေရိကန်အစိုးရသည် အိန္ဒိယနိုင်ငံကို ရုရှား ရေနံများ တင်သွင်းခြင်းမပြုနိုင် ရန်ကိုမူ အနီရောင်စည်း (red line) မတားနိုင်ခဲ့ပါ။
သို့သော် အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ လက်နက်တင်သွင်းမှုမှာ မကြာသေးမီနှစ်များအတွင်းက သိသိသာသာကျဆင်း သွားခဲ့သည်။ (၂၀၁၉-၂၀၂၃) ခုနှစ်အတွင်းတွင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ လက်နက်တင်သွင်းမှု (၃၄) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ (၂၀ဝ၉-၂၀၁၃) ခုနှစ်တွင် ရုရှားနိုင်ငံမှ လက် နက်တင်သွင်းမှုမှာ (၇၆) ရာခိုင်နှုန်းရှိရာမှ (၂၀၁၄-၂၀၁၈)ခုနှစ် တွင် (၅၈) ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့သည်။ ယင်းကဲ့သို့ကျဆင်းလာမှုသည် အိန္ဒိယနိုင်ငံ အပေါ် အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုကြောင့်ဟု အဓိပ္ပာယ်ကောက်ယူမည်ဆိုပါကလည်း ကောက်ယူနိုင်သည်။ သို့သော် (၂၀၁၀)ပြည့်နှစ် အစောပိုင်းကတည်းက ရုရှားနိုင်ငံ၏လက်နက်တင်ပို့မှုမှာ နိုင်ငံတကာတွင် ပြိုင်ဆိုင်မှုမြင့်မား လာခြင်း ကြောင့် ကျဆင်း လာခဲ့ခြင်းဖြစ်သည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင် သည်။ (၂၀၁၄-၂၀၁၈)ခုနှစ်ကာလနှင့် (၂၀၁၉ -၂၀၂၃) ခုနှစ်ကြားကာလတွင် ရုရှားနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှု ကျဆင်းလာခြင်းမှာ ပြည်တွင်း၌ စိန်ခေါ်မှု အချို့ရှိနေခြင်းကြောင့်ဖြစ်သည် ဟုလည်း သုံးသပ်ချက်များရှိသည်။
ရုရှားနိုင်ငံမှ လက်နက်တင်သွင်းမှုကျဆင်းလာရသည့်အခြားအကြောင်းတစ်ခုမှာ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး မူဝါဒ အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းအပြောင်းအလဲမှာ ပြည်တွင်းထုတ်များအပေါ် အဓိကမှီခိုလာခြင်း ဖြစ်ပြီး လက်နက်တင် ပို့မှုများပင် ပြုလုပ်နေပြီဖြစ်သည်။ ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ရုရှား-ယူကရိန်း ပဋိပက္ခ မတိုင်မီ (၂၀၂၁)ခုနှစ်ကာလတွင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းမှု (၂) ရာခိုင်နှုန်းသာရှိခဲ့သည်။ (၂၀၁၇-၂၀၁၈)ခုနှစ်ကာလအထိ ရုရှားနိုင်ငံ၏အိန္ဒိ ယနိုင်ငံသို့ ရေနံတင်ပို့မှုမှာ (၁) ရာခိုင်နှုန်းအောက်ပင် ရှိခဲ့သည်။ သို့သော် (၂၀၂၃) ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံသို့ရေနံတင်ပို့မှုမှာ (၄၀) ရာခိုင်နှုန်းနီးပါးအထိ တစ်ရှိန်ထိုးမြင့်တက် လာခဲ့သည်။ ရုရှားရေနံဈေးနှုန်းကိုလည်း အထူးလျှော့ချပေးခဲ့ရာ ရုရှားနိုင်ငံထံမှ အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုမှာ သိသိသာသာမြင့် တက်လာခဲ့သည်။ သို့သော်လည်း ရေနံကုမ္ပဏီများ သည် ပထဝီအနေအထားနီးစပ်မှုကြောင့် သယ်ယူပို့ ဆောင်ရေးကုန်ကျစရိတ်သက်သာသည့် အစဉ်အလာ ရေနံအရင်းအမြစ်များဖြစ်သော ပင်လယ်ကွေ့နိုင်ငံများထံ တစ်ဖန် ဦးလှည့်လာကြသည်။
အမေရိကန်နိုင်ငံသည် (၂၀၂၄) ခုနှစ်တွင် အိန္ဒိယရေနံစိမ်းဈေးကွက်အတွင်းသို့ ၎င်း၏ အစုရှယ် ရာများကို နှစ်ဆင့် မြှင့်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် (၂၀၂၄) ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာပင် အမေရိကန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၁) ဘီလျံ ကျော်ဖိုးဝယ်ယူခဲ့သည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။ လက်ရှိကာလတွင် ဆောင်း ရာသီသို့ဝင်ရောက်လာပြီဖြစ်ရာ မြင့်မားလာသည့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် ရုရှားနိုင်ငံမှ ရေနံ တင်သွင်းခြင်းအပေါ်တွင်သာ မှီခိုနေမည်မဟုတ်ဘဲ အခြားသော ဈေးနှုန်းချိုသာသည့်ရေနံများ တင်သွင်းနိုင်ရေးကို လည်း ကြိုးပမ်းမည်သာဖြစ်သည်။ သို့သော် ရုရှားနိုင်ငံက ယခုထက်ပိုမိုသက်သာသည့်ဈေးနှုန်းများဖြင့် ကမ်းလှမ်းလာ လျှင်မူ တစ်မျိုးတစ်မည် ဖြစ်နိုင်သည်။
အဆိုပါအချက်များကို ကြောင်းကျိုးဆက်စပ်ကြည့်ပါက အမေရိကန်နိုင်ငံ၏ အိန္ဒိယကုမ္ပဏီ အချို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုသည် အကန့်အသတ်ဖြင့် အကျိုးသက်ရောက်မှုရှိသကဲ့သို့ အတိုင်းအတာ တစ်ခုအထိလည်း အောင်မြင်မှုရှိ သည်ဟုဆိုနိုင်သည်။ ရေနံသုံးစွဲမှု အလျင်အမြန်မြင့်တက်လာသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရေနံတင်သွင်းရာတွင် ဈေးနှုန်း သက်သာသည့်နေရာကို ရှာဖွေဝယ်ယူမည်သာဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ရေနံရနိုင်သည့် နေရာ၊ ဈေးနှုန်း သက်သာသည့် နေရာစုံကနေ ရှာဖွေတင် သွင်းမည်မှာ အမှန်ပင်ဖြစ်သည်။
တက်လာမည့် ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် အိန္ဒိယ-ရုရှားဆက်ဆံရေးအပေါ် အမေရိကန်နိုင်ငံ၏ ချဉ်းကပ်ပုံ ကို ပြန်လည်စဉ်းစားသုံးသပ်သင့်သည်။ သမ္မတဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းကာ လတွင် အမေရိကန်နှင့်အိန္ဒိယ နိုင်ငံတို့သည် မဟာဗျူ ဟာမြောက် တန်းညှိမှုကို လေးလေးနက်နက်ဆောင် ရွက်ခဲ့ကြသော်လည်း ရုရှားနိုင်ငံအပေါ်ထား ရှိသည့် အမြင်များ မတူညီကြသည့်အတွက် ထင်သလောက် ခရီးမပေါက်ခဲ့ဟု ဆိုရမည်ဖြစ်သည်။
ထိုစဉ်က အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ S400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ခြင်းကြောင့် ရုရှား၊ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့အပေါ်ချမှတ်ထားသည့် Countering America's Adversaries Through Sanctions Act (CAATSA) ကဲ့သို့သော ဒဏ်ခတ်ပိတ်ဆို့မှုမျိုး ချမှတ်သွားမည်ဟုပင် ခြိမ်းခြောက်ခဲ့ဖူးသည်။ သို့ သော် ယင်းခြိမ်းခြောက်မှုမှာ အလုပ်မဖြစ်ခဲ့ဘဲ အိန္ဒိယ အစိုးရကိုဒေါသထွက်စေခဲ့သည်သာ အဖတ်တင်ခဲ့သည်။
အိန္ဒိယ-ရုရှား လက်နက်ရောင်းဝယ်မှု သည် အမေရိကန်-အိန္ဒိယ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအပေါ် အတားအဆီး တစ်ခုဖြစ်နေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကိုကြောက်ရွံ့၍ နောက်တွန့်နေ မည်ဆိုပါက အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ မြောက် တွက်ချက်မှုမှာ အမှားကြီးမှားသွားနိုင်သည်။
ဝန်ကြီးချုပ် မိုဒီအစိုးရအနေဖြင့် အမေရိကန်နိုင်ငံနှင့် တန်းညှိမှုအပေါ် စိတ်ဝင်စားနေသည့်အချိန်မှာပင် မည်သည့်လောင်းရိပ်ထိုးခြင်းကိုမှမခံယူဘဲ လွတ်လွတ်လပ်လပ်ဖြင့် မိမိနိုင်ငံကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲသည့်အလေ့ အထများပြုလုပ်ရန်လည်း ပိုမိုလိုအပ်နေသည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါ ဒရွေးချယ်ခွင့်အပေါ် ကန့်သတ်ရန်ကြိုး ပမ်းသည့် မည်သို့သောကြိုးပမ်းမှုမျိုးကိုမဆို အိန္ဒိယနိုင်ငံ၏ အချုပ်အချာအာဏာကိုချိုးဖောက်မှုအဖြစ်ရှုမြင်သင့် သည်။
အမေရိကန်နိုင်ငံအနေဖြင့် အာရှဒေသတွင် ပါဝါဟန်ချက်ညီမှုကိုထိန်းသိမ်းထားလိုပါက အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ထူထောင်ရန်လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်-အိန္ဒိယဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်နိုင် မည့်နယ်ပယ်များကို ချဲ့ထွင်ရမည်ဖြစ်သကဲ့သို့ ကာလရှည်ကြာရှိခဲ့သည့် အိန္ဒိယ-ရုရှား ဆက်ဆံရေးအရှိ တရားကိုလည်း လက်ခံနိုင်ရမည်ဖြစ်သည်။
ယူကရိန်းအကျပ်အတည်းမျိုးကို ညှိနှိုင်းရာတွင် အိန္ဒိယနိုင်ငံကို ပိုမိုတက်ကြွသည့်အခန်း ကဏ္ဍမှပါဝင်နိုင်ရေး ကိုလည်း အားပေးသင့်သည်။ အိန္ဒိယနိုင်ငံကလည်း အဆိုပါတာဝန်မျိုးရယူရန် စိတ်ဝင်စားကြောင်း မကြာသေးမီက ပင်ပြသခဲ့သည်။ ဆိုလိုရင်းမှာ ငါနှင့်မတည့်သူ မင်းလည်းမခေါ်နှင့်ဆိုသည့် ကလေးဆန်သည့်စိတ်ထားမျိုးကို ဖျောက် ဖျက်ပြီး အိန္ဒိယ-ရုရှားဆက်ဆံရေးအရှိတရားကို အမေရိကန်နိုင်ငံအနေဖြင့် အပြုသဘောလက်ခံသင့်သည်ဟု ယူဆချက် များရှိလာကြောင်း တင်ပြရသည်။
Zawgyi Version;
အိႏၵိယ-႐ုရွား ဆက္ဆံေရးအေပၚ အေမရိကန္တို႔ ဘာေၾကာင့္ လက္မခံႏိုင္ျဖစ္ေနရသလဲ
သန္းထိုက္စိုး (NP News) - ဇန္နဝါရီ ၂
မၾကာေသးမီအခ်ိန္အတြင္းက ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ အိႏၵိယ-႐ုရွားအစိုးရအခ်င္းခ်င္းၾကား (၂၁)ႀကိမ္ေျမာက္ စစ္ဘက္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးေကာ္မရွင္ အစည္းအေဝးတစ္ရပ္ က်င္းပခဲ့သည္။ အဆိုပါအစည္းအေဝးတြင္ အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh က အမ်ား ျပည္သူဆိုင္ရာက႑ႏွင့္ပုဂၢလိက က႑ႏွစ္ရပ္လုံးတြင္ အိႏၵိယ ႏိုင္ငံအေပၚ ႀကီးမားသည့္ဖိအားမ်ားရွိေနေသာ္လည္း ႐ုရွားႏွင့္ပူးေပါင္းေဆာင္႐ြက္မႈ တိုးခ်ဲ႕သြားမည္ျဖစ္သကဲ့သို႔ နီးကပ္ သည့္ဆက္ဆံေရးတစ္ရပ္လည္း ထားရွိသြားမည္ျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့သည္။
သို႔ေသာ္ မည္သို႔ေသာဖိအားမ်ားရွိၿပီး အဆိုပါဖိအားမ်ားသည္ မည္သည့္ေနရာကလာသည္ ဆိုသည္ကိုမူ ရွင္းရွင္းလင္း ေျပာဆိုျခင္းမရွိခဲ့ပါ။ သို႔ေသာ္ မိုဒီအစိုးရအဖြဲ႕၏ အဆင့္ျမင့္ပုဂၢိဳလ္တစ္ဦးထံမွ ယခုကဲ့သို႔ ဝန္ခံေျပာဆိုလိုက္ ျခင္းသည္ အေတာ္ပြင့္ လင္းသည္ဟုပင္ ဆိုရမည္ျဖစ္သည္။
ကာကြယ္ေရးဝန္ႀကီး Rajnath Singh အေနျဖင့္ မည္သူကေပးသည့္ဖိအား၊ မည္သို႔ေသာ ဖိအားမ်ား ရင္ဆိုင္ႀကဳံ ေတြ႕ေနရသည္ကို ထုတ္ေဖာ္ျခင္းမရွိဘဲ ထိန္းထိန္းသိမ္းသိမ္းျဖင့္ေျပာဆိုသြား ေသာ္လည္း အေနာက္ႏိုင္ငံမ်ားက ေပးသည့္ ဖိအား ျဖစ္သည္ဆိုသည္မွာမူ လယ္ျပင္တြင္ဆင္သြားသကဲ့သို႔ ထင္ရွားလွပါသည္။ အထူးသျဖင့္ ႐ုရွား-ယူက ရိန္းပဋိပကၡႏွင့္ ဆက္စပ္ေနျခင္းျဖစ္သည္။ အိႏၵိယရွိ အေမရိကန္အရာရွိမ်ားသည္ ႐ုရွားႏိုင္ငံပိုင္႐ုပ္သံကြန္ရက္တစ္ခု ျဖစ္သည့္ RT ကိုပိတ္ပင္ရန္ စည္း႐ုံးခဲ့ၾကေသာ္လည္း မေအာင္ျမင္ခဲ့ပါ။
အေမရိကန္အစိုးရသည္ ႐ုရွားစစ္ဘက္ဆိုင္ရာအေျခခံစခန္းမ်ားအတြက္ အေရးႀကီးသည့္ပစၥည္းမ်ား ထုတ္လုပ္ေရးႏွင့္ ပတ္သက္ေသာ အိႏၵိယကုမၸဏီ (၁၉)ခုကို ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့သည္။ အေမရိကန္အစိုးရသည္ ႐ုရွားစြမ္အင္ မ်ားကို အိႏၵိယႏိုင္ငံက ဝယ္ယူေနမႈအေပၚတြင္လည္း ေက်နပ္မႈမရွိသကဲ့သို႔ အက်ိဳးဆက္မ်ားရွိလာမည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္မႈမ်ားပင္ရွိခဲ့သည္။ သို႔ေသာ္ အေမရိကန္အစိုးရသည္ အိႏၵိယႏိုင္ငံကို ႐ုရွား ေရနံမ်ား တင္သြင္းျခင္းမျပဳႏိုင္ ရန္ကိုမူ အနီေရာင္စည္း (red line) မတားႏိုင္ခဲ့ပါ။
သို႔ေသာ္ အိႏၵိယႏိုင္ငံ၏ ႐ုရွားႏိုင္ငံထံမွ လက္နက္တင္သြင္းမႈမွာ မၾကာေသးမီႏွစ္မ်ားအတြင္းက သိသိသာသာက်ဆင္း သြားခဲ့သည္။ (၂၀၁၉-၂၀၂၃) ခုႏွစ္အတြင္းတြင္ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံမွ လက္နက္တင္သြင္းမႈ (၃၄) ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။ (၂၀ဝ၉-၂၀၁၃) ခုႏွစ္တြင္ ႐ုရွားႏိုင္ငံမွ လက္ နက္တင္သြင္းမႈမွာ (၇၆) ရာခိုင္ႏႈန္းရွိရာမွ (၂၀၁၄-၂၀၁၈)ခုႏွစ္ တြင္ (၅၈) ရာခိုင္ႏႈန္းအထိ က်ဆင္း ခဲ့သည္။ ယင္းကဲ့သို႔က်ဆင္းလာမႈသည္ အိႏၵိယႏိုင္ငံ အေပၚ အေမရိကန္ႏိုင္ငံ၏ ဖိအားေပးမႈေၾကာင့္ဟု အဓိပၸာယ္ေကာက္ယူမည္ဆိုပါကလည္း ေကာက္ယူႏိုင္သည္။ သို႔ေသာ္ (၂၀၁၀)ျပည့္ႏွစ္ အေစာပိုင္းကတည္းက ႐ုရွားႏိုင္ငံ၏လက္နက္တင္ပို႔မႈမွာ ႏိုင္ငံတကာတြင္ ၿပိဳင္ဆိုင္မႈျမင့္မား လာျခင္း ေၾကာင့္ က်ဆင္း လာခဲ့ျခင္းျဖစ္သည္ဟုလည္း အဓိပၸာယ္ဖြင့္ဆိုႏိုင္ သည္။ (၂၀၁၄-၂၀၁၈)ခုႏွစ္ကာလႏွင့္ (၂၀၁၉ -၂၀၂၃) ခုႏွစ္ၾကားကာလတြင္ ႐ုရွားႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာလက္နက္တင္ပို႔မႈ က်ဆင္းလာျခင္းမွာ ျပည္တြင္း၌ စိန္ေခၚမႈ အခ်ိဳ႕ရွိေနျခင္းေၾကာင့္ျဖစ္သည္ ဟုလည္း သုံးသပ္ခ်က္မ်ားရွိသည္။
႐ုရွားႏိုင္ငံမွ လက္နက္တင္သြင္းမႈက်ဆင္းလာရသည့္အျခားအေၾကာင္းတစ္ခုမွာ အိႏၵိယႏိုင္ငံ၏ ကာကြယ္ေရး မူဝါဒ အေျပာင္းအလဲေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ယင္းအေျပာင္းအလဲမွာ ျပည္တြင္းထုတ္မ်ားအေပၚ အဓိကမွီခိုလာျခင္း ျဖစ္ၿပီး လက္နက္တင္ ပို႔မႈမ်ားပင္ ျပဳလုပ္ေနၿပီျဖစ္သည္။ ပို၍ စိတ္ဝင္စားဖြယ္ ေကာင္းသည္မွာ ႐ုရွား-ယူကရိန္း ပဋိပကၡ မတိုင္မီ (၂၀၂၁)ခုႏွစ္ကာလတြင္ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံထံမွ ေရနံတင္သြင္းမႈ (၂) ရာခိုင္ႏႈန္းသာရွိခဲ့သည္။ (၂၀၁၇-၂၀၁၈)ခုႏွစ္ကာလအထိ ႐ုရွားႏိုင္ငံ၏အိႏၵိ ယႏိုင္ငံသို႔ ေရနံတင္ပို႔မႈမွာ (၁) ရာခိုင္ႏႈန္းေအာက္ပင္ ရွိခဲ့သည္။ သို႔ေသာ္ (၂၀၂၃) ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ၏ ႐ုရွားႏိုင္ငံသို႔ေရနံတင္ပို႔မႈမွာ (၄၀) ရာခိုင္ႏႈန္းနီးပါးအထိ တစ္ရွိန္ထိုးျမင့္တက္ လာခဲ့သည္။ ႐ုရွားေရနံေဈးႏႈန္းကိုလည္း အထူးေလွ်ာ့ခ်ေပးခဲ့ရာ ႐ုရွားႏိုင္ငံထံမွ အိႏၵိယႏိုင္ငံ၏ ေရနံတင္သြင္းမႈမွာ သိသိသာသာျမင့္ တက္လာခဲ့သည္။ သို႔ေသာ္လည္း ေရနံကုမၸဏီမ်ား သည္ ပထဝီအေနအထားနီးစပ္မႈေၾကာင့္ သယ္ယူပို႔ ေဆာင္ေရးကုန္က်စရိတ္သက္သာသည့္ အစဥ္အလာ ေရနံအရင္းအျမစ္မ်ားျဖစ္ေသာ ပင္လယ္ေကြ႕ႏိုင္ငံမ်ားထံ တစ္ဖန္ ဦးလွည့္လာၾကသည္။
အေမရိကန္ႏိုင္ငံသည္ (၂၀၂၄) ခုႏွစ္တြင္ အိႏၵိယေရနံစိမ္းေဈးကြက္အတြင္းသို႔ ၎၏ အစုရွယ္ ရာမ်ားကို ႏွစ္ဆင့္ ျမႇင့္တင္ခဲ့သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ တစ္လအတြင္းမွာပင္ အေမရိကန္ႏိုင္ငံမွ အေမရိကန္ ေဒၚလာ (၁) ဘီလ်ံ ေက်ာ္ဖိုးဝယ္ယူခဲ့သည္ဟု ခန႔္မွန္းတြက္ခ်က္ထားၾကသည္။ လက္ရွိကာလတြင္ ေဆာင္း ရာသီသို႔ဝင္ေရာက္လာၿပီျဖစ္ရာ ျမင့္မားလာသည့္ သယ္ယူပို႔ေဆာင္ေရး ကုန္က်စရိတ္မ်ားေၾကာင့္ ႐ုရွားႏိုင္ငံမွ ေရနံ တင္သြင္းျခင္းအေပၚတြင္သာ မွီခိုေနမည္မဟုတ္ဘဲ အျခားေသာ ေဈးႏႈန္းခ်ိဳသာသည့္ေရနံမ်ား တင္သြင္းႏိုင္ေရးကို လည္း ႀကိဳးပမ္းမည္သာျဖစ္သည္။ သို႔ေသာ္ ႐ုရွားႏိုင္ငံက ယခုထက္ပိုမိုသက္သာသည့္ေဈးႏႈန္းမ်ားျဖင့္ ကမ္းလွမ္းလာ လွ်င္မူ တစ္မ်ိဳးတစ္မည္ ျဖစ္ႏိုင္သည္။
အဆိုပါအခ်က္မ်ားကို ေၾကာင္းက်ိဳးဆက္စပ္ၾကည့္ပါက အေမရိကန္ႏိုင္ငံ၏ အိႏၵိယကုမၸဏီ အခ်ိဳ႕အေပၚ ဒဏ္ခတ္ ပိတ္ဆို႔မႈသည္ အကန႔္အသတ္ျဖင့္ အက်ိဳးသက္ေရာက္မႈရွိသကဲ့သို႔ အတိုင္းအတာ တစ္ခုအထိလည္း ေအာင္ျမင္မႈရွိ သည္ဟုဆိုႏိုင္သည္။ ေရနံသုံးစြဲမႈ အလ်င္အျမန္ျမင့္တက္လာသည့္ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ေရနံတင္သြင္းရာတြင္ ေဈးႏႈန္း သက္သာသည့္ေနရာကို ရွာေဖြဝယ္ယူမည္သာျဖစ္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ေရနံရႏိုင္သည့္ ေနရာ၊ ေဈးႏႈန္း သက္သာသည့္ ေနရာစုံကေန ရွာေဖြတင္ သြင္းမည္မွာ အမွန္ပင္ျဖစ္သည္။
တက္လာမည့္ ေဒၚနယ္ထရမ့္အစိုးရအေနျဖင့္ အိႏၵိယ-႐ုရွားဆက္ဆံေရးအေပၚ အေမရိကန္ႏိုင္ငံ၏ ခ်ဥ္းကပ္ပုံ ကို ျပန္လည္စဥ္းစားသုံးသပ္သင့္သည္။ သမၼတေဒၚနယ္ထရမ့္၏ ပထမသက္တမ္းကာ လတြင္ အေမရိကန္ႏွင့္အိႏၵိယ ႏိုင္ငံတို႔သည္ မဟာဗ်ဴ ဟာေျမာက္ တန္းညႇိမႈကို ေလးေလးနက္နက္ေဆာင္ ႐ြက္ခဲ့ၾကေသာ္လည္း ႐ုရွားႏိုင္ငံအေပၚထား ရွိသည့္ အျမင္မ်ား မတူညီၾကသည့္အတြက္ ထင္သေလာက္ ခရီးမေပါက္ခဲ့ဟု ဆိုရမည္ျဖစ္သည္။
ထိုစဥ္က အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံမွ S400 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ဝယ္ယူခဲ့ျခင္းေၾကာင့္ ႐ုရွား၊ ေျမာက္ကိုရီးယားႏွင့္ အီရန္ႏိုင္ငံတို႔အေပၚခ်မွတ္ထားသည့္ Countering America's Adversaries Through Sanctions Act (CAATSA) ကဲ့သို႔ေသာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ိဳး ခ်မွတ္သြားမည္ဟုပင္ ၿခိမ္းေျခာက္ခဲ့ဖူးသည္။ သို႔ ေသာ္ ယင္းၿခိမ္းေျခာက္မႈမွာ အလုပ္မျဖစ္ခဲ့ဘဲ အိႏၵိယ အစိုးရကိုေဒါသထြက္ေစခဲ့သည္သာ အဖတ္တင္ခဲ့သည္။
အိႏၵိယ-႐ုရွား လက္နက္ေရာင္းဝယ္မႈ သည္ အေမရိကန္-အိႏၵိယ စစ္ဘက္ဆိုင္ရာ ဆက္ဆံေရးအေပၚ အတားအဆီး တစ္ခုျဖစ္ေနေသာ္လည္း ဒဏ္ခတ္ပိတ္ဆို႔မႈကိုေၾကာက္႐ြံ႕၍ ေနာက္တြန႔္ေန မည္ဆိုပါက အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာ ေျမာက္ တြက္ခ်က္မႈမွာ အမွားႀကီးမွားသြားႏိုင္သည္။
ဝန္ႀကီးခ်ဳပ္ မိုဒီအစိုးရအေနျဖင့္ အေမရိကန္ႏိုင္ငံႏွင့္ တန္းညႇိမႈအေပၚ စိတ္ဝင္စားေနသည့္အခ်ိန္မွာပင္ မည္သည့္ေလာင္းရိပ္ထိုးျခင္းကိုမွမခံယူဘဲ လြတ္လြတ္လပ္လပ္ျဖင့္ မိမိႏိုင္ငံကို မိမိတို႔ကိုယ္တိုင္ စီမံခန႔္ခြဲသည့္အေလ့ အထမ်ားျပဳလုပ္ရန္လည္း ပိုမိုလိုအပ္ေနသည္။ အိႏၵိယႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါ ဒေ႐ြးခ်ယ္ခြင့္အေပၚ ကန႔္သတ္ရန္ႀကိဳး ပမ္းသည့္ မည္သို႔ေသာႀကိဳးပမ္းမႈမ်ိဳးကိုမဆို အိႏၵိယႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာကိုခ်ိဳးေဖာက္မႈအျဖစ္ရႈျမင္သင့္ သည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ အာရွေဒသတြင္ ပါဝါဟန္ခ်က္ညီမႈကိုထိန္းသိမ္းထားလိုပါက အိႏၵိယႏိုင္ငံႏွင့္ ဆက္ဆံေရးေကာင္းတစ္ရပ္ ထူေထာင္ရန္လိုအပ္သည္။ တစ္ခ်ိန္တည္းမွာပင္ အေမရိကန္-အိႏၵိယဆက္ဆံေရး ပူးေပါင္း ေဆာင္႐ြက္ႏိုင္ မည့္နယ္ပယ္မ်ားကို ခ်ဲ႕ထြင္ရမည္ျဖစ္သကဲ့သို႔ ကာလရွည္ၾကာရွိခဲ့သည့္ အိႏၵိယ-႐ုရွား ဆက္ဆံေရးအရွိ တရားကိုလည္း လက္ခံႏိုင္ရမည္ျဖစ္သည္။
ယူကရိန္းအက်ပ္အတည္းမ်ိဳးကို ညႇိႏႈိင္းရာတြင္ အိႏၵိယႏိုင္ငံကို ပိုမိုတက္ႂကြသည့္အခန္း က႑မွပါဝင္ႏိုင္ေရး ကိုလည္း အားေပးသင့္သည္။ အိႏၵိယႏိုင္ငံကလည္း အဆိုပါတာဝန္မ်ိဳးရယူရန္ စိတ္ဝင္စားေၾကာင္း မၾကာေသးမီက ပင္ျပသခဲ့သည္။ ဆိုလိုရင္းမွာ ငါႏွင့္မတည့္သူ မင္းလည္းမေခၚႏွင့္ဆိုသည့္ ကေလးဆန္သည့္စိတ္ထားမ်ိဳးကို ေဖ်ာက္ ဖ်က္ၿပီး အိႏၵိယ-႐ုရွားဆက္ဆံေရးအရွိတရားကို အေမရိကန္ႏိုင္ငံအေနျဖင့္ အျပဳသေဘာလက္ခံသင့္သည္ဟု ယူဆခ်က္ မ်ားရွိလာေၾကာင္း တင္ျပရသည္။