အမေရိကန် လော့အိန်ဂျလိစ်တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ ကျန်းမာရေး အရေးပေါ် ကြေညာထား

755

ရောင်နီ (NP News) - ဇန်နဝါရီ ၁၂
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကောင်တီရှိ တောမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာန (HHS) က ဇန်နဝါရီ ၁၀ ရက်မှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းရှိ ရပ်ကွက်တွေကို မီးလောင်ပျက်စီးခဲ့ပြီး ယခုအချိန်အထိ လူ ၁၀ ဦး သေဆုံးကာ အဆောက်အဦပေါင်း ၁၀,၀၀၀ နီးပါး ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းဟာ ထပ်တိုးပွားလာဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ မီးလောင်မှုကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ချမှတ်ပြီးနောက် ဗျူဟာမြောက် ကြိုတင် ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ (ASPR) က ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ကျက်ချထားဖို့ ပြင်ဆင်ထားတယ်လို့ HHS က ပြောကြားပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၈ ရက်မှာ အဆိုပါတောမီးလောင်ကျွမ်းမှုကို ကြီးမားတဲ့ကပ်ဘေးတစ်ခု အဖြစ် ကြေညာခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ လာမယ့်ခြောက်လအတွင်း ပြန်လည်ထူထောင်ရေးကို ၁၀၀ ရာခိုင်နှုန်းထိ ပြီးမြောက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောကြားထားပါတယ်။
Zawgyi Version;
အေမရိကန္ ေလာ့အိန္ဂ်လိစ္ေတာမီးေၾကာင့္ ကယ္လီဖိုးနီးယားမွာ က်န္းမာေရး အေရးေပၚ ေၾကညာထား
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၂
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ေကာင္တီရွိ ေတာမီးေလာင္ကြၽမ္းမႈနဲ႔ပတ္သက္ၿပီး က်န္းမာေရးဆိုင္ရာ ထိခိုက္မႈေတြကို ေျဖရွင္းဖို႔အတြက္ ကယ္လီဖိုးနီးယားျပည္နယ္ က်န္းမာေရးနဲ႔ လူသားဝန္ေဆာင္မႈဌာန (HHS) က ဇန္နဝါရီ ၁၀ ရက္မွာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန ေၾကညာခဲ့ပါတယ္။
ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ အေရွ႕ဘက္နဲ႔ အေနာက္ဘက္ျခမ္းရွိ ရပ္ကြက္ေတြကို မီးေလာင္ပ်က္စီးခဲ့ၿပီး ယခုအခ်ိန္အထိ လူ ၁၀ ဦး ေသဆုံးကာ အေဆာက္အဦေပါင္း ၁၀,၀၀၀ နီးပါး ပ်က္စီးသြားခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒီပ်က္စီးဆုံးရႈံးမႈကိန္းဂဏန္းဟာ ထပ္တိုးပြားလာဦးမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။ မီးေလာင္မႈေၾကာင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန ခ်မွတ္ၿပီးေနာက္ ဗ်ဴဟာေျမာက္ ႀကိဳတင္ ျပင္ဆင္မႈနဲ႔ တုံ႔ျပန္မႈဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ (ASPR) က ေဆးဘက္ဆိုင္ရာပစၥည္းမ်ား၊ ေထာက္ပံ့ေရးပစၥည္းမ်ား ျဖန႔္က်က္ခ်ထားဖို႔ ျပင္ဆင္ထားတယ္လို႔ HHS က ေျပာၾကားပါတယ္။
သမၼတဂ်ိဳးဘိုင္ဒင္ဟာ ဇန္နဝါရီ ၈ ရက္မွာ အဆိုပါေတာမီးေလာင္ကြၽမ္းမႈကို ႀကီးမားတဲ့ကပ္ေဘးတစ္ခု အျဖစ္ ေၾကညာခဲ့ၿပီး အေမရိကန္အစိုးရအေနနဲ႔ လာမယ့္ေျခာက္လအတြင္း ျပန္လည္ထူေထာင္ေရးကို ၁၀၀ ရာခိုင္ႏႈန္းထိ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ေျပာၾကားထားပါတယ္။