အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက မီးတောင်တစ်ခု ပေါက်ကွဲ

445

Pika (NP News) - ဇန်နဝါရီ ၁၂
ဇန်နဝါရီလ(၁၁)ရက်က အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ မီးတောင်တစ်ခုပေါက်ကွဲခဲ့ရာ ချော်ရည်ပူတွေ ပန်းထွက်လာပြီး မီးခိုးလုံးတွေနဲ့ပြာတွေ လေထုထဲကို(၃ ဒသမ ၁) မိုင်လောက် လွှတ်တင်ခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။ North Maluku ပြည်နယ် Halmahera ကျွန်းမှာရှိတဲ့ Ibu မီးတောင်ဟာ ဇန်နဝါရီလ (၁၁)ရက် နံနက်(၇)နာရီ (၄၅)မိနစ် အချိန်မှာပေါက်ကွဲခဲ့တာဖြစ်ပြီး ကောင်းကင်ယံမှာ မီးခိုးလုံးတွေ ပျံ့နှံ့နေခဲ့တယ် လို့လည်း သိရပါတယ်။
ဘူမိဗေဒအေဂျင်စီအကြီးအကဲ မူဟာမတ်ဝါဖစ်က “ချော်ရည်ပူတွေကို မီးတောင်ပေါက်ကွဲတဲ့နေရာကနေ (၂)ကီလိုမီတာအကွာက တွေ့မြင်ခဲ့ရတာပါ” လို့ ပြောခဲ့ပါတယ်။ မီးတောင်စောင့်ကြည့်ရေးပို့စ်က တင်ထားတဲ့ ဓါတ်ပုံတွေမှာ တောက်ပတဲ့အနီရောင်မီးတောက်တွေနဲ့ မီးခိုးတွေ မီးတောင်ထိပ်ဝကနေ ထွက်ပေါ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ အဲဒီမီးတောင်ဟာ ဒုတိယအမြင့်ဆုံးသတိပေးချက်အဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းဖို့ အမိန့်အသစ်တွေ ထုတ်ပြန်ထားတာမျိုးမရှိသေးပေမယ့်လည်း လာရောက်လည်ပတ်သူတွေနဲ့ရွာသားတွေကို မီးတောင်ကနေ(၅ ဒသမ ၅) ကီလိုမီတာအကွာမှာရှိတဲ့ ဇာန်လေးခု ကနေ ထွက်ခွာကြဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် မီးတောင်ပြာတွေ ထက်မံထွက်လာပါက လူတွေကို မျက်နှာဖုံးတွေနဲ့ အကွာအကွယ်မျက်မှန်တွေ တပ်ဆင် ထားကြဖို့ ဘူမိဗေဒအေဂျင်စီက တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ Ibu မီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ ရဲ့လှုပ်ရှားမှုအရှိဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အကြိမ်ပေါင်း(၂၀၀၀)ကျော် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အထိ Halmahera ကျွန်းမှာ လူပေါင်း(၇)သိန်းကျော် နေထိုင်တယ်လို့ လည်း တရားဝင်ဒေတာအချက်အလက်တွေအရ သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္းက မီးေတာင္တစ္ခု ေပါက္ကြဲ
Pika (NP News) - ဇန္နဝါရီ ၁၂
ဇန္နဝါရီလ(၁၁)ရက္က အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ပိုင္းမွာရွိတဲ့ မီးေတာင္တစ္ခုေပါက္ကြဲခဲ့ရာ ေခ်ာ္ရည္ပူေတြ ပန္းထြက္လာၿပီး မီးခိုးလုံးေတြနဲ႔ျပာေတြ ေလထုထဲကို(၃ ဒသမ ၁) မိုင္ေလာက္ လႊတ္တင္ခဲ့တယ္လို႔ တာဝန္ရွိသူ ေတြက ေျပာၾကားခဲ့ပါတယ္။ North Maluku ျပည္နယ္ Halmahera ကြၽန္းမွာရွိတဲ့ Ibu မီးေတာင္ဟာ ဇန္နဝါရီလ (၁၁)ရက္ နံနက္(၇)နာရီ (၄၅)မိနစ္ အခ်ိန္မွာေပါက္ကြဲခဲ့တာျဖစ္ၿပီး ေကာင္းကင္ယံမွာ မီးခိုးလုံးေတြ ပ်ံ႕ႏွံ႔ေနခဲ့တယ္ လို႔လည္း သိရပါတယ္။
ဘူမိေဗဒေအဂ်င္စီအႀကီးအကဲ မူဟာမတ္ဝါဖစ္က “ေခ်ာ္ရည္ပူေတြကို မီးေတာင္ေပါက္ကြဲတဲ့ေနရာကေန (၂)ကီလိုမီတာအကြာက ေတြ႕ျမင္ခဲ့ရတာပါ” လို႔ ေျပာခဲ့ပါတယ္။ မီးေတာင္ေစာင့္ၾကည့္ေရးပို႔စ္က တင္ထားတဲ့ ဓါတ္ပုံေတြမွာ ေတာက္ပတဲ့အနီေရာင္မီးေတာက္ေတြနဲ႔ မီးခိုးေတြ မီးေတာင္ထိပ္ဝကေန ထြက္ေပၚေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာ အဲဒီမီးေတာင္ဟာ ဒုတိယအျမင့္ဆုံးသတိေပးခ်က္အဆင့္မွာ ရွိေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းဖို႔ အမိန႔္အသစ္ေတြ ထုတ္ျပန္ထားတာမ်ိဳးမရွိေသးေပမယ့္လည္း လာေရာက္လည္ပတ္သူေတြနဲ႔႐ြာသားေတြကို မီးေတာင္ကေန(၅ ဒသမ ၅) ကီလိုမီတာအကြာမွာရွိတဲ့ ဇာန္ေလးခု ကေန ထြက္ခြာၾကဖို႔ အမိန္႔ေပးထားတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ မီးေတာင္ျပာေတြ ထက္မံထြက္လာပါက လူေတြကို မ်က္ႏွာဖုံးေတြနဲ႔ အကြာအကြယ္မ်က္မွန္ေတြ တပ္ဆင္ ထားၾကဖို႔ ဘူမိေဗဒေအဂ်င္စီက တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။ Ibu မီးေတာင္ဟာ အင္ဒိုနီးရွားႏိုင္ငံ ရဲ႕လႈပ္ရွားမႈအရွိဆုံးမီးေတာင္ေတြထဲက တစ္ခုျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း အႀကိမ္ေပါင္း(၂၀၀၀)ေက်ာ္ ေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။ ၂၀၂၂ ခုႏွစ္အထိ Halmahera ကြၽန္းမွာ လူေပါင္း(၇)သိန္းေက်ာ္ ေနထိုင္တယ္လို႔ လည္း တရားဝင္ေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။