မြောက်ကိုရီးယားကို အနောက်အုပ်စုခရီးသွားအေဂျင်စီများ ကိုဗစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဝင်ရောက်

321

Pika (NP News) - ဖေဖော်ဝါရီ ၁၇
အနောက်အုပ်စု ခရီးသွားအေဂျင်စီများသည် ကိုဗစ်(၁၉)ကပ်ရောဂါကာလနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်ဝင်ရောက် လာခဲ့ကြောင်း အဆိုပါခရီးသွားကုမ္ပဏီများက ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် မကြာမီအချိန်အတွင်း နယ်စပ်မြို့ကို နိုင်ငံခြားဧည့်သည် များ ပြန်လည်ဝင်ရောက်လာစေနိုင်ရန်အတွက် ဖွင့်လှစ်ပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း ခရီးသွား ကုမ္ပဏီများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားမှုကိုတုံ့ပြန်သည့်အနေဖြင့် နယ်စပ် များကိုပိတ်ပစ်ခဲ့ပြီးနောက် (၅)နှစ်အကြာတွင် နယ်စပ်မြို့ Rason ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြောဆိုခဲ့သည်။
သို့သော်လည်း အဆိုပါအစီရင်ခံစာများ နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက မှတ်ချက် ပြုပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အနောက်တိုင်းခရီးသွားဧည့်သည်များကို အဓိကအားဖြင့် လျှို့ဝှက်သော မြောက်ကိုရီးယားနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းကို ကြည့်ရှုခွင့်ရအောင်လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် Koryo ခရီးသွားအေဂျင်စီက ၎င်း၏ဝန်ထမ်းများသည် ဖေဖော်ဝါရီ လ (၁၃)ရက် နံနက်အစောပိုင်းတွင် မြောက်ကိုရီးယား၏ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
Koryo ခရီးသွားအေဂျင်စီက “နောက်ဆုံးတော့ မြောက်ကိုရီးယားကို ပြန်လည်ဝင်ရောက်ခွင့် ရတဲ့အတွက် ကျွန်တော်တို့တကယ်ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ခရီးသွား လုပ်ငန်းအတွက် အပြည့်အဝဖွင့်လှစ်တာမျိုးတော့ မရှိသေးပါဘူး။ ဒါက ဝန်ထမ်းတွေအတွက်ပဲ အထူး ခရီးစဉ်တစ်ခုဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားအစိုးရသည် လာမည့်ရက်ပိုင်းအတွင်း နယ်စပ်မြို့ Rason ကို ခရီးသွားလုပ်ငန်းအတွက် ဖွင့်လှစ်ပေးနိုင်ရန် မျှော်လင့်မိကြောင်း Koryo ခရီးသွားအေဂျင်စီက ပြောကြားခဲ့သည်။
Zawgyi Version:
ေျမာက္ကိုရီးယားကို အေနာက္အုပ္စုခရီးသြားေအဂ်င္စီမ်ား ကိုဗစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ဝင္ေရာက္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇
အေနာက္အုပ္စု ခရီးသြားေအဂ်င္စီမ်ားသည္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလေနာက္ပိုင္း ေျမာက္ကိုရီးယားႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ဝင္ေရာက္ လာခဲ့ေၾကာင္း အဆိုပါခရီးသြားကုမၸဏီမ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေျမာက္ကိုရီးယားႏိုင္ငံသည္ မၾကာမီအခ်ိန္အတြင္း နယ္စပ္ၿမိဳ႕ကို ႏိုင္ငံျခားဧည့္သည္ မ်ား ျပန္လည္ဝင္ေရာက္လာေစႏိုင္ရန္အတြက္ ဖြင့္လွစ္ေပးလိမ့္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ခရီးသြား ကုမၸဏီမ်ားက ေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားမႈကိုတုံ႔ျပန္သည့္အေနျဖင့္ နယ္စပ္ မ်ားကိုပိတ္ပစ္ခဲ့ၿပီးေနာက္ (၅)ႏွစ္အၾကာတြင္ နယ္စပ္ၿမိဳ႕ Rason ကို ျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ခရီးသြားေအဂ်င္စီမ်ားက ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ ေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း အဆိုပါအစီရင္ခံစာမ်ား ႏွင့္ပတ္သက္ၿပီး ေျမာက္ကိုရီးယားႏိုင္ငံက မွတ္ခ်က္ ျပဳေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရသည္။ အေနာက္တိုင္းခရီးသြားဧည့္သည္မ်ားကို အဓိကအားျဖင့္ လွ်ိဳ႕ဝွက္ေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ တစ္စိတ္တစ္ပိုင္းကို ၾကည့္ရႈခြင့္ရေအာင္လုပ္ေဆာင္ေပးသည့္ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕အေျခစိုက္ Koryo ခရီးသြားေအဂ်င္စီက ၎၏ဝန္ထမ္းမ်ားသည္ ေဖေဖာ္ဝါရီ လ (၁၃)ရက္ နံနက္အေစာပိုင္းတြင္ ေျမာက္ကိုရီးယား၏ နယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ေျပာၾကားခဲ့သည္။
Koryo ခရီးသြားေအဂ်င္စီက “ေနာက္ဆုံးေတာ့ ေျမာက္ကိုရီးယားကို ျပန္လည္ဝင္ေရာက္ခြင့္ ရတဲ့အတြက္ ကြၽန္ေတာ္တို႔တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ဒါေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံဟာ ခရီးသြား လုပ္ငန္းအတြက္ အျပည့္အဝဖြင့္လွစ္တာမ်ိဳးေတာ့ မရွိေသးပါဘူး။ ဒါက ဝန္ထမ္းေတြအတြက္ပဲ အထူး ခရီးစဥ္တစ္ခုျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။ ေျမာက္ကိုရီးယားအစိုးရသည္ လာမည့္ရက္ပိုင္းအတြင္း နယ္စပ္ၿမိဳ႕ Rason ကို ခရီးသြားလုပ္ငန္းအတြက္ ဖြင့္လွစ္ေပးႏိုင္ရန္ ေမွ်ာ္လင့္မိေၾကာင္း Koryo ခရီးသြားေအဂ်င္စီက ေျပာၾကားခဲ့သည္။