ဥယျာဉ်များကြောင့် နာမည်ကျော်ကြားသည့် ကျိုတိုမြို့အကြောင်း

 402

Pika(NP News)
ကျိုတိုမြို့သည် ဂျပန်နိုင်ငံ၏အကြီးဆုံးနှင့်လူဦးရေအထူထပ်ဆုံးကျွန်းတစ်ခုဖြစ်သည့် ဟွန်ရှူး တွင်ရှိသော Kansai ဒေသရှိ ကျိုတိုစီရင်စု၏ မြို့တော်ဖြစ်ပြီး ဗုဒ္ဓဘာသာဘုရားကျောင်းများ၊ ရှင်တိုနတ် ကွန်းများ၊ ဘုံဗိမာန်များနှင့် ဥယျာဉ်များကြောင့် နာမည်ကျော်ကြားသည်။ (၂၀၂၀)ပြည့်နှစ်အထိ ကျိုတို မြို့တွင် နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၄၆) သန်းရှိပြီး ဂျပန်နိုင်ငံတွင်းတွင် (၉)ခုမြောက်လူဦးရေ အထူ ထပ်ဆုံး မြို့တစ်မြို့ဖြစ်ကြောင်းသိရသည်။ ကျိုတို စီရင်စုလူဦးရေ၏ ထက်ဝက်ကျော်(၅၆ ဒသမ ၈) ရာခိုင်နှုန်းသည် ကျိုတိုမြို့တွင်နေထိုင်ကြကြောင်းသိရသည်။ ထို့ပြင် ကျိုတိုမြို့သည် Osaka နှင့် Kobe တို့နှင့်အတူ ပိုကြီးသော Keihanshin မြို့တော်ဧရိယာ၏အစိတ်အပိုင်း လည်းဖြစ်ကြောင်းသိရသည်။ ကျိုတိုမြို့သည် ဂျပန်နိုင်ငံ၏ ရှေးအကျဆုံးမြို့တော်များထဲမှတစ်ခုဖြစ်ပြီး (၇၉၄)ခုနှစ်တွင် ဂျပန်ဧကရာဇ် Kanmuu အင်ပါယာတရားရုံး၏ နေရာအသစ်အဖြစ် ရွေးချယ် ခဲ့ကြောင်းလည်းသိရသည်။ ဂျပန်ဧကရာဇ် များသည် ကျိုတိုမြို့ကို (၁၁)ရာစုမှစတင်ပြီး (၁၈၆၉)ခုနှစ် မတိုင်မီအချိန်အထိအုပ်ချုပ်ခဲ့ကြောင်းသိရ သည်။ ထို့ပြင် ကျိုတိုမြို့သည် Muromachi ခေတ်၊ Sengoku ခေတ်နှင့် Boshin စစ်ပွဲများဖြစ်သည့် Ōnin စစ်ပွဲ၊ Honnō-ji ဖြစ်ရပ်၊ Kinmon ဖြစ်ရပ်နှင့် Toba-Fushimi တိုက်ပွဲကဲ့သို့သော အဓိက ဖြစ်ရပ်များစွာ၏ မြင်ကွင်းနေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ Meiji ပြန်လည်ထူထောင်မှု နိုင်ငံရေးဖြစ်စဉ်အတွင်း ဂျပန်နိုင်ငံ၏မြို့တော်အဖြစ် ကျိုတိုမြို့၏နေရာတွင် တိုကျိုမြို့ကိုအစားထိုးခဲ့ပြီး ခေတ်မီ မြို့တော်ကျိုတိုကို (၁၈၈၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။ ကျိုတိုမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း ကြီးမားသောပျက်စီးခြင်းမှ လွတ်မြောက်ခဲ့ပြီး ရလဒ်အနေဖြင့် စစ်မဖြစ်မီ ယဉ်ကျေးမှုအမွေအနှစ်အများအပြားကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းသိရသည်။ ကျိုတိုမြို့သည် ဂျပန် နိုင်ငံ၏ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထား ရပြီး အဓိကခရီးသွားနေရာတစ်ခုလည်း ဖြစ်ကာ ဂျပန်အမျိုးသားအစိုးရ၏ ယဉ်ကျေးမှုရေးရာ အေဂျင်စီသည် ကျိုတိုမြို့တွင်အခြေစိုက်ကြောင်း သိရ သည်။ ကျိုတိုမြို့သည် ဗုဒ္ဓဘာသာဘုရားကျောင်းများ၊ ရှင်တိုနတ်ကွန်းများ၊ ဘုံဗိမာန်များနှင့် ဥယျာဉ် အများ အပြားတည်ရှိရာနေရာတစ်ခုဖြစ်ပြီး အချို့နေရာ များသည် ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ အမွေအနှစ် နေရာအဖြစ်သတ်မှတ်ခံထားရကြောင်းလည်း သိရသည်။ ထင်ရှားသော အထင်ကရနေရာများတွင် ကျိုတိုဧကရာဇ် နန်းတော်၊ Kiyomizu-dera ဗုဒ္ဓဘာသာဘုရား ကျောင်း၊ Kinkaku-ji ဘုရားကျောင်း၊ Ginkaku-ji ဘုရားကျောင်းနှင့် ကျိုတိုမျှော်စင်တို့ပါဝင်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတကာတွင် နာမည်ကြီး ဗီဒီယိုဂိမ်းကုမ္ပဏီ Nintendo သည် ကျိုတိုတွင်အခြေစိုက်ကြောင်းလည်းသိရသည်။ ကျိုတိုမြို့သည် နိုင်ငံအတွင်း အဆင့်မြင့်သင်ကြားရေးစင်တာနေရာတစ်ခုဖြစ်ပြီး ၎င်း၏တက္ကသိုလ် များတွင် ဂျပန်နိုင်ငံ၏ ဒုတိယရှေးအကျဆုံးတက္ကသိုလ်ဖြစ်သည့် ကျိုတိုတက္ကသိုလ်လည်းပါဝင်သည်။



(၁၆၀၃)ခုနှစ်တွင် Tokugawa Shogunate စစ်အစိုးရသည် လက်ရှိအချိန်တွင် တိုကျိုမြို့ဟု ခေါ်ဆိုသော အီဒိုမြို့ကို စတင်တည်‌ထောင်ခဲ့ပြီး အီဒို ခေတ်ကိုစတင်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ကျိုတိုမြို့သည် အိုဆာကာ၊ အီဒိုတို့နှင့်အတူ ဂျပန်နိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့အနက်မှ တစ်ခုအဖြစ် ထွန်းကားခဲ့ကြောင်းလည်းသိရသည်။ အီဒိုခေတ် ကာလအဆုံးတွင် Tokugawa Shogunate စစ် အစိုးရ အပေါ် သူပုန်များ၏ မကျေနပ်မှုများကို ပြသခဲ့သော (၁၈၆၄)ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် Hamaguri ပုန်ကန် မှုအတွင်း ကျိုတို့မြို့ရှိ နေအိမ်ပေါင်း (၂၈၀ဝဝ) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။



Meiji ခေတ်အစ၌ ဂျပန်ဧကရာဇ်သည် (၁၈၆၉)ခုနှစ်တွင် ကျိုတိုမြို့မှ တိုကျိုမြို့သို့ ပြောင်း ရွှေ့သွားခဲ့ပြီးနောက် ကျိုတိုမြို့စီးပွားရေးမှာ အားနည်းသွားခဲ့ကြောင်းသိရသည်။ သို့သော်လည်း ခေတ် မီသောကျိုတိုမြို့ကို (၁၈၈၉)ခုနှစ် ဧပြီလ(၁)ရက်တွင် ဖွဲ့စည်းခဲ့ပြီး (၁၈၉၀)ပြည့်နှစ်တွင် Lake Biwa တူး မြောင်းတည်ဆောက်မှုသည် ကျိုတိုမြို့ ပြန်လည်ရှင်သန်လာရန် အကြောင်းအရာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ (၁၉၃၂) ခုနှစ်တွင် ကျိုတိုမြို့၏လူဦးရေမှာ တစ်သန်းကျော်သွားခဲ့ကြောင်းလည်းသိရသည်။



ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် အမေရိကန်က ကျိုတိုမြို့ကို အဏုမြူဗုံးဖြင့်ပစ်မှတ်ထားရန် စဉ်းစားမှုအချို့ရှိခဲ့ကြောင်းသိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် Roosevelt နှင့် Truman အုပ်ချုပ် ရေးအဖွဲ့များတွင် စစ်အတွင်းဝန် Henry L. Stimson ၏တောင်းဆိုမှုကြောင့် ကျိုတိုမြို့ကို ပစ်မှတ်စာရင်း များမှဖယ်ထုတ်ခဲ့ပြီး နာဂါဆာကီမြို့ကို ထည့်သွင်းခဲ့ကြောင်းသိရသည်။ ကျိုတိုမြို့သည် အသေးစားလေ ကြောင်းစီးနင်းမှုများကြောင့် လူအသေအပျောက်များခဲ့သော်လည်း သမားရိုးကျဗုံးကြဲချမှုများမှ လွတ် မြောက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် သိမ်းပိုက်စဉ်အချိန်အတွင်း အမေရိကန် ဆဋ္ဌမစစ်တပ်နှင့် I Corps တို့သည် ကျိုတိုမြို့တွင် ဌာနချုပ်ရှိကြောင်းသိရသည်။ ရလဒ်အနေဖြင့် ကျိုတိုမြို့သည် machiya ဟု လူသိများကြသည့် ရိုးရာအိမ်များကဲ့သို့သော စစ်မဖြစ်မီအ ဆောက်အအုံများပေါများသည့် ဂျပန်မြို့ အနည်းငယ်ထဲမှတစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ (၁၉၅၆)ခုနှစ် စက်တင်ဘာလ(၁)ရက်တွင် ကျိုတို မြို့သည် အစိုးရအမိန့်ဖြင့်သတ်မှတ်သော မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်းသိရသည်။ (၁၉၉၄)ခုနှစ် တွင် ကျိုတိုမြို့ရှိ သမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံ(၁၇)ခုကို ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ် နေရာများအ ဖြစ်စာရင်းသွင်းခဲ့ကြောင်းသိရသည်။ (၁၉၉၇)ခုနှစ်တွင် ကျိုတိုမြို့သည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဆိုင်ရာ ပရိုတိုကော (United Nations Frame­work Convention on Climate Change) ကို ဖြစ်ပေါ်စေသည့် ညီလာခံကို လက်ခံကျင်းပခဲ့ကြောင်း သိရသည်။



သတင်းအချက်အလက်နည်းပညာနှင့် အီလက်ထရွန်နစ်ပစ္စည်းများသည် ကျိုတိုတွင် အဓိက ကျသော စက်မှုလုပ်ငန်းများဖြစ်သည်။ ကျိုတိုမြို့သည် Nintendo ၊ Intelligent Systems ၊ SCR­EEN Holdings ၊ Tose ၊ Hatena ၊ Omron ၊ Kyocera ၊ Shimadzu ၊ Rohm ၊ Horiba ၊ Nidec Corporation ၊ Nichicon ၊ Nissin Electric နှင့် GS Yuasa ကုမ္ပဏီတို့၏ ဌာနချုပ်များတည်ရှိနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။ ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားများသည် ကျိုတိုမြို့၏ စီးပွားရေးကို သိသိသာသာ အထောက်အကူပြုပြီး (၂၀၁၄)ခုနှစ်တွင် ကျိုတိုမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ စံချိန်တင် လာရောက် လည်ပတ်ခဲ့ကြောင်းသိရသည်။ ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားချိန်အတွင်း ခရီးသွားလုပ်ငန်း သိသိသာသာ ကျဆင်းလာခြင်းကြောင့် (၂၀၂၁)ခုနှစ်တွင် မြို့တော်ဝန်သည် လာမည့်ဆယ်စုနှစ်အတွင်း ဒေဝါလီခံနိုင် ခြေကို အသိအမှတ်ပြုခဲ့ ပြီး အိမ်စောင့်ရှောက်မှုအတွက် ရန်ပုံငွေလျှော့ချခြင်း အပါအဝင် လူမှုရေး အကူအညီများဖြတ်တောက် ခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာအလုပ်အကိုင်များ ဖြတ် တောက်ခြင်းတို့ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ဂျပန်ရိုးရာလက်မှုပညာသည် ကျိုတိုမြို့၏ အဓိက လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်း၏ကီမိုနိုရက်ကန်းများသည် အထူးကျော်ကြား ကာ ကျိုတိုသည် ကီမိုနို ထုတ် လုပ်မှု၏ အဓိကအ ချက် အချာနေရာအဖြစ် ရှိနေဆဲဖြစ်ကြောင်းသိရသည်။ ဆာကေး ဖျော်ခြင်းလုပ်ငန်း စဉ်သည် ကျိုတိုမြို့ရှိ အခြားထင်ရှားသော ရိုးရာလုပ်ငန်းဖြစ်ပြီး အဓိက ဆာကေးထုတ်လုပ်သည့်ကုမ္ပဏီ များဖြစ်သော Gekkeikan နှင့် Takara Holdings တို့၏ရုံးချုပ်များသည် ကျိုတိုမြို့တွင်တည်ရှိကြောင်း သိရသည်။ ကျိုတိုမြို့တွင် ရုံးချုပ်ရှိသည့် အခြားထင်ရှားသော စီးပွားရေးလုပ်ငန်းများမှာ Aiful ၊ Ishida ၊ Nissen Holdings ၊ Gyoza no Ohsho ၊ Sagawa Express ၊ Volks နှင့် Wacoal တို့ဖြစ်ကြောင်း သိရ သည်။

Zawgyi Version:
ဥယ်ာဥ္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ က်ိဳတိုၿမိဳ႕အေၾကာင္း
Pika(NP News)
က်ိဳတိုၿမိဳ႕သည္ ဂ်ပန္ႏိုင္ငံ၏အႀကီးဆုံးႏွင့္လူဦးေရအထူထပ္ဆုံးကြၽန္းတစ္ခုျဖစ္သည့္ ဟြန္ရႉး တြင္ရွိေသာ Kansai ေဒသရွိ က်ိဳတိုစီရင္စု၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး ဗုဒၶဘာသာဘုရားေက်ာင္းမ်ား၊ ရွင္တိုနတ္ ကြန္းမ်ား၊ ဘုံဗိမာန္မ်ားႏွင့္ ဥယ်ာဥ္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ (၂၀၂၀)ျပည့္ႏွစ္အထိ က်ိဳတို ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၄၆) သန္းရွိၿပီး ဂ်ပန္ႏိုင္ငံတြင္းတြင္ (၉)ခုေျမာက္လူဦးေရ အထူ ထပ္ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရသည္။ က်ိဳတို စီရင္စုလူဦးေရ၏ ထက္ဝက္ေက်ာ္(၅၆ ဒသမ ၈) ရာခိုင္ႏႈန္းသည္ က်ိဳတိုၿမိဳ႕တြင္ေနထိုင္ၾကေၾကာင္းသိရသည္။ ထို႔ျပင္ က်ိဳတိုၿမိဳ႕သည္ Osaka ႏွင့္ Kobe တို႔ႏွင့္အတူ ပိုႀကီးေသာ Keihanshin ၿမိဳ႕ေတာ္ဧရိယာ၏အစိတ္အပိုင္း လည္းျဖစ္ေၾကာင္းသိရသည္။ က်ိဳတိုၿမိဳ႕သည္ ဂ်ပန္ႏိုင္ငံ၏ ေရွးအက်ဆုံးၿမိဳ႕ေတာ္မ်ားထဲမွတစ္ခုျဖစ္ၿပီး (၇၉၄)ခုႏွစ္တြင္ ဂ်ပန္ဧကရာဇ္ Kanmuu အင္ပါယာတရား႐ုံး၏ ေနရာအသစ္အျဖစ္ ေ႐ြးခ်ယ္ ခဲ့ေၾကာင္းလည္းသိရသည္။ ဂ်ပန္ဧကရာဇ္ မ်ားသည္ က်ိဳတိုၿမိဳ႕ကို (၁၁)ရာစုမွစတင္ၿပီး (၁၈၆၉)ခုႏွစ္ မတိုင္မီအခ်ိန္အထိအုပ္ခ်ဳပ္ခဲ့ေၾကာင္းသိရ သည္။ ထို႔ျပင္ က်ိဳတိုၿမိဳ႕သည္ Muromachi ေခတ္၊ Sengoku ေခတ္ႏွင့္ Boshin စစ္ပြဲမ်ားျဖစ္သည့္ Ōnin စစ္ပြဲ၊ Honnō-ji ျဖစ္ရပ္၊ Kinmon ျဖစ္ရပ္ႏွင့္ Toba-Fushimi တိုက္ပြဲကဲ့သို႔ေသာ အဓိက ျဖစ္ရပ္မ်ားစြာ၏ ျမင္ကြင္းေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ Meiji ျပန္လည္ထူေထာင္မႈ ႏိုင္ငံေရးျဖစ္စဥ္အတြင္း ဂ်ပန္ႏိုင္ငံ၏ၿမိဳ႕ေတာ္အျဖစ္ က်ိဳတိုၿမိဳ႕၏ေနရာတြင္ တိုက်ိဳၿမိဳ႕ကိုအစားထိုးခဲ့ၿပီး ေခတ္မီ ၿမိဳ႕ေတာ္က်ိဳတိုကို (၁၈၈၉)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေၾကာင္းသိရသည္။ က်ိဳတိုၿမိဳ႕သည္ ဒုတိယကမာၻစစ္အတြင္း ႀကီးမားေသာပ်က္စီးျခင္းမွ လြတ္ေျမာက္ခဲ့ၿပီး ရလဒ္အေနျဖင့္ စစ္မျဖစ္မီ ယဥ္ေက်းမႈအေမြအႏွစ္အမ်ားအျပားကို ထိန္းသိမ္းထားႏိုင္ခဲ့ေၾကာင္းသိရသည္။ က်ိဳတိုၿမိဳ႕သည္ ဂ်ပန္ ႏိုင္ငံ၏ယဥ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခံထား ရၿပီး အဓိကခရီးသြားေနရာတစ္ခုလည္း ျဖစ္ကာ ဂ်ပန္အမ်ိဳးသားအစိုးရ၏ ယဥ္ေက်းမႈေရးရာ ေအဂ်င္စီသည္ က်ိဳတိုၿမိဳ႕တြင္အေျခစိုက္ေၾကာင္း သိရ သည္။ က်ိဳတိုၿမိဳ႕သည္ ဗုဒၶဘာသာဘုရားေက်ာင္းမ်ား၊ ရွင္တိုနတ္ကြန္းမ်ား၊ ဘုံဗိမာန္မ်ားႏွင့္ ဥယ်ာဥ္ အမ်ား အျပားတည္ရွိရာေနရာတစ္ခုျဖစ္ၿပီး အခ်ိဳ႕ေနရာ မ်ားသည္ ယူနက္စကိုအဖြဲ႕၏ ကမာၻ႔ အေမြအႏွစ္ ေနရာအျဖစ္သတ္မွတ္ခံထားရေၾကာင္းလည္း သိရသည္။ ထင္ရွားေသာ အထင္ကရေနရာမ်ားတြင္ က်ိဳတိုဧကရာဇ္ နန္းေတာ္၊ Kiyomizu-dera ဗုဒၶဘာသာဘုရား ေက်ာင္း၊ Kinkaku-ji ဘုရားေက်ာင္း၊ Ginkaku-ji ဘုရားေက်ာင္းႏွင့္ က်ိဳတိုေမွ်ာ္စင္တို႔ပါဝင္ေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံတကာတြင္ နာမည္ႀကီး ဗီဒီယိုဂိမ္းကုမၸဏီ Nintendo သည္ က်ိဳတိုတြင္အေျခစိုက္ေၾကာင္းလည္းသိရသည္။ က်ိဳတိုၿမိဳ႕သည္ ႏိုင္ငံအတြင္း အဆင့္ျမင့္သင္ၾကားေရးစင္တာေနရာတစ္ခုျဖစ္ၿပီး ၎၏တကၠသိုလ္ မ်ားတြင္ ဂ်ပန္ႏိုင္ငံ၏ ဒုတိယေရွးအက်ဆုံးတကၠသိုလ္ျဖစ္သည့္ က်ိဳတိုတကၠသိုလ္လည္းပါဝင္သည္။



(၁၆၀၃)ခုႏွစ္တြင္ Tokugawa Shogunate စစ္အစိုးရသည္ လက္ရွိအခ်ိန္တြင္ တိုက်ိဳၿမိဳ႕ဟု ေခၚဆိုေသာ အီဒိုၿမိဳ႕ကို စတင္တည္‌ေထာင္ခဲ့ၿပီး အီဒို ေခတ္ကိုစတင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း က်ိဳတိုၿမိဳ႕သည္ အိုဆာကာ၊ အီဒိုတို႔ႏွင့္အတူ ဂ်ပန္ႏိုင္ငံ၏ အဓိကၿမိဳ႕ႀကီးသုံးၿမိဳ႕အနက္မွ တစ္ခုအျဖစ္ ထြန္းကားခဲ့ေၾကာင္းလည္းသိရသည္။ အီဒိုေခတ္ ကာလအဆုံးတြင္ Tokugawa Shogunate စစ္ အစိုးရ အေပၚ သူပုန္မ်ား၏ မေက်နပ္မႈမ်ားကို ျပသခဲ့ေသာ (၁၈၆၄)ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ Hamaguri ပုန္ကန္ မႈအတြင္း က်ိဳတို႔ၿမိဳ႕ရွိ ေနအိမ္ေပါင္း (၂၈၀ဝဝ) ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္းလည္း သိရသည္။



Meiji ေခတ္အစ၌ ဂ်ပန္ဧကရာဇ္သည္ (၁၈၆၉)ခုႏွစ္တြင္ က်ိဳတိုၿမိဳ႕မွ တိုက်ိဳၿမိဳ႕သို႔ ေျပာင္း ေ႐ႊ႕သြားခဲ့ၿပီးေနာက္ က်ိဳတိုၿမိဳ႕စီးပြားေရးမွာ အားနည္းသြားခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေခတ္ မီေသာက်ိဳတိုၿမိဳ႕ကို (၁၈၈၉)ခုႏွစ္ ဧၿပီလ(၁)ရက္တြင္ ဖြဲ႕စည္းခဲ့ၿပီး (၁၈၉၀)ျပည့္ႏွစ္တြင္ Lake Biwa တူး ေျမာင္းတည္ေဆာက္မႈသည္ က်ိဳတိုၿမိဳ႕ ျပန္လည္ရွင္သန္လာရန္ အေၾကာင္းအရာတစ္ခုျဖစ္ခဲ့ေၾကာင္း သိရသည္။ (၁၉၃၂) ခုႏွစ္တြင္ က်ိဳတိုၿမိဳ႕၏လူဦးေရမွာ တစ္သန္းေက်ာ္သြားခဲ့ေၾကာင္းလည္းသိရသည္။



ဒုတိယကမာၻစစ္ၿပီးဆုံးခ်ိန္တြင္ အေမရိကန္က က်ိဳတိုၿမိဳ႕ကို အဏုျမဴဗုံးျဖင့္ပစ္မွတ္ထားရန္ စဥ္းစားမႈအခ်ိဳ႕ရွိခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ Roosevelt ႏွင့္ Truman အုပ္ခ်ဳပ္ ေရးအဖြဲ႕မ်ားတြင္ စစ္အတြင္းဝန္ Henry L. Stimson ၏ေတာင္းဆိုမႈေၾကာင့္ က်ိဳတိုၿမိဳ႕ကို ပစ္မွတ္စာရင္း မ်ားမွဖယ္ထုတ္ခဲ့ၿပီး နာဂါဆာကီၿမိဳ႕ကို ထည့္သြင္းခဲ့ေၾကာင္းသိရသည္။ က်ိဳတိုၿမိဳ႕သည္ အေသးစားေလ ေၾကာင္းစီးနင္းမႈမ်ားေၾကာင့္ လူအေသအေပ်ာက္မ်ားခဲ့ေသာ္လည္း သမား႐ိုးက်ဗုံးႀကဲခ်မႈမ်ားမွ လြတ္ ေျမာက္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ သိမ္းပိုက္စဥ္အခ်ိန္အတြင္း အေမရိကန္ ဆ႒မစစ္တပ္ႏွင့္ I Corps တို႔သည္ က်ိဳတိုၿမိဳ႕တြင္ ဌာနခ်ဳပ္ရွိေၾကာင္းသိရသည္။ ရလဒ္အေနျဖင့္ က်ိဳတိုၿမိဳ႕သည္ machiya ဟု လူသိမ်ားၾကသည့္ ႐ိုးရာအိမ္မ်ားကဲ့သို႔ေသာ စစ္မျဖစ္မီအ ေဆာက္အအုံမ်ားေပါမ်ားသည့္ ဂ်ပန္ၿမိဳ႕ အနည္းငယ္ထဲမွတစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ (၁၉၅၆)ခုႏွစ္ စက္တင္ဘာလ(၁)ရက္တြင္ က်ိဳတို ၿမိဳ႕သည္ အစိုးရအမိန႔္ျဖင့္သတ္မွတ္ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္းသိရသည္။ (၁၉၉၄)ခုႏွစ္ တြင္ က်ိဳတိုၿမိဳ႕ရွိ သမိုင္းဝင္အထိမ္းအမွတ္အေဆာက္အအုံ(၁၇)ခုကို ယူနက္စကိုအဖြဲ႕၏ ကမာၻ႔အေမြအႏွစ္ ေနရာမ်ားအ ျဖစ္စာရင္းသြင္းခဲ့ေၾကာင္းသိရသည္။ (၁၉၉၇)ခုႏွစ္တြင္ က်ိဳတိုၿမိဳ႕သည္ ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈဆိုင္ရာ ပ႐ိုတိုေကာ (United Nations Frame­work Convention on Climate Change) ကို ျဖစ္ေပၚေစသည့္ ညီလာခံကို လက္ခံက်င္းပခဲ့ေၾကာင္း သိရသည္။



သတင္းအခ်က္အလက္နည္းပညာႏွင့္ အီလက္ထ႐ြန္နစ္ပစၥည္းမ်ားသည္ က်ိဳတိုတြင္ အဓိက က်ေသာ စက္မႈလုပ္ငန္းမ်ားျဖစ္သည္။ က်ိဳတိုၿမိဳ႕သည္ Nintendo ၊ Intelligent Systems ၊ SCR­EEN Holdings ၊ Tose ၊ Hatena ၊ Omron ၊ Kyocera ၊ Shimadzu ၊ Rohm ၊ Horiba ၊ Nidec Corporation ၊ Nichicon ၊ Nissin Electric ႏွင့္ GS Yuasa ကုမၸဏီတို႔၏ ဌာနခ်ဳပ္မ်ားတည္ရွိေနရာ တစ္ခုျဖစ္ေၾကာင္း သိရသည္။ ျပည္တြင္းႏွင့္ ႏိုင္ငံတကာခရီးသြားမ်ားသည္ က်ိဳတိုၿမိဳ႕၏ စီးပြားေရးကို သိသိသာသာ အေထာက္အကူျပဳၿပီး (၂၀၁၄)ခုႏွစ္တြင္ က်ိဳတိုၿမိဳ႕သို႔ ကမာၻလွည့္ခရီးသြားမ်ား စံခ်ိန္တင္ လာေရာက္ လည္ပတ္ခဲ့ေၾကာင္းသိရသည္။ ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားခ်ိန္အတြင္း ခရီးသြားလုပ္ငန္း သိသိသာသာ က်ဆင္းလာျခင္းေၾကာင့္ (၂၀၂၁)ခုႏွစ္တြင္ ၿမိဳ႕ေတာ္ဝန္သည္ လာမည့္ဆယ္စုႏွစ္အတြင္း ေဒဝါလီခံႏိုင္ ေျခကို အသိအမွတ္ျပဳခဲ့ ၿပီး အိမ္ေစာင့္ေရွာက္မႈအတြက္ ရန္ပုံေငြေလွ်ာ့ခ်ျခင္း အပါအဝင္ လူမႈေရး အကူအညီမ်ားျဖတ္ေတာက္ ျခင္းႏွင့္ စီမံခန႔္ခြဲေရးဆိုင္ရာအလုပ္အကိုင္မ်ား ျဖတ္ ေတာက္ျခင္းတို႔ကို ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဂ်ပန္႐ိုးရာလက္မႈပညာသည္ က်ိဳတိုၿမိဳ႕၏ အဓိက လုပ္ငန္းတစ္ခုျဖစ္ၿပီး ၎၏ကီမိုႏိုရက္ကန္းမ်ားသည္ အထူးေက်ာ္ၾကား ကာ က်ိဳတိုသည္ ကီမိုႏို ထုတ္ လုပ္မႈ၏ အဓိကအ ခ်က္ အခ်ာေနရာအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္းသိရသည္။ ဆာေကး ေဖ်ာ္ျခင္းလုပ္ငန္း စဥ္သည္ က်ိဳတိုၿမိဳ႕ရွိ အျခားထင္ရွားေသာ ႐ိုးရာလုပ္ငန္းျဖစ္ၿပီး အဓိက ဆာေကးထုတ္လုပ္သည့္ကုမၸဏီ မ်ားျဖစ္ေသာ Gekkeikan ႏွင့္ Takara Holdings တို႔၏႐ုံးခ်ဳပ္မ်ားသည္ က်ိဳတိုၿမိဳ႕တြင္တည္ရွိေၾကာင္း သိရသည္။ က်ိဳတိုၿမိဳ႕တြင္ ႐ုံးခ်ဳပ္ရွိသည့္ အျခားထင္ရွားေသာ စီးပြားေရးလုပ္ငန္းမ်ားမွာ Aiful ၊ Ishida ၊ Nissen Holdings ၊ Gyoza no Ohsho ၊ Sagawa Express ၊ Volks ႏွင့္ Wacoal တို႔ျဖစ္ေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.